Pages

Saturday, April 20, 2013

တရုတ်နိုင်ငံ စီချွမ် (Sichuan) ပြည်နယ်အနောကိပိုင်းကို ဗဟိုပြုပြီးတော့ လှုပ်ရှားသွားတဲ့ငလျှင်ကြောင့် လူရာနဲ့ချီသေဆုံးပြီး ဒဏ်ရာရသူများပြား

ဒီကနေ့ နံနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ စီချွမ် (Sichuan) ပြည်နယ်အနောကိပိုင်းကို ဗဟိုပြုပြီးတော့ လှုပ်ရှားသွားတဲ့ အင်အား magnitude ၆.၆ အဆင့်ရှိတဲ့ ငလျှင်ကြီးကြောင့် လူရာနဲ့ချီပြီးတော့ သေဆုံးဒဏ်ရာ ရနိုင်ဖွယ်ရှိတယ်လို့ ဒေသခံ အာဏာပိုင်များက ပြောကြားလိုက်ပါတယ်။ ။

စီချွမ်ငလျှင် ဗျူရိုရဲ့ အတည်ပြုပြောကြားချက်များနဲ့ အစိုးရသတင်းဌာနများရဲ့ ထုတ်ပြန်ချက်များအရ လူရာနဲ့ချီပြီးတော့ ငလျှင်ဒဏ်ကြောင့် ဒဏ်ရာရတာ သေဆုံးတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သေဆုံးသူ နှစ်ဦးပဲ ရှိသေးတယ်လို့လဲ သတင်းများက ထွက်ပေါ်နေပါတယ်။ အခုအချိန်အထိတော့ သေဆုံးဒဏ်ရာ ရရှိမှု စာရင်းကို အတည်မပြုနိုင်သေးပါဘူး

ငလျှင်ဒဏ်ကို သိသိသာသာ ခံစားခဲ့ရတဲ့ စီချွမ်ပြည်နယ်ရဲ့ အနောက်တောင်ဘက် ရှီဖန်း (Shifang) ကလူတွေကတော့ နောက်ဆက်တွဲ ငလျှင်တွေ ထပ်မံဖြစ်ပေါ်လာမှာ စိုးရိမ်နေကြတဲ့အတွက် လမ်းမတွေပေါ်ကို ထွက်နေကြတယ်လို့ ဆိုပါတယ်။ 

USGS က တာဝန်ရှိသူတွေကတော့ ငလျှင်ပမာဏဟာ အတော်လေးကို ပြင်ထန်ပြီးတော့ ထိခိုက်ဒဏ်ရာရတာတွေ ပျက်စီးဆုံးရှုံးမှုတွေ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။ ဒေသစံတော်ချိန် နံနက် ၈ နာရီအချိန်လောက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဒီငလျှင်ဟာ အင်အား ၆.၆ အဆင့်ရှိတဲ့ ငလျှင်ကြီးဖြစ်ပြီးတော့ စီချွမ်ဒေသရဲ့ အနောက်ဘက်ပိုင်း နေရာတွေကို ဆိုးဆိုးရွားရွား ရိုက်ခတ်ခဲ့ပါတယ်။

စီချွမ်ဒေသမှာ၂၀၀၈ခုနှစ်က လှုပ်ရှားခဲ့တဲ့ တရုတ်ပြည်ရဲ့ ဆယ်စုနှစ် တစ်ခုအတွင်း အပြင်းထန်ဆုံး ငလျှင်ဒဏ်ကြောင့် လူပေါင်း ၈၇ ၀၀၀ လောက် သေကျေပျက်စီး ခဲ့ဖူးပါသေးတယ်။ ငလျှင်ဒဏ်ခံစားရတဲ့ ဒေသကို ကူညီကယ်ဆယ်ရေး လုပ်ငန်းများပြုလုပ် ပေးနိုင်ဖို့ တပ်ဖွဲ့ဝင် ၂၀၀၀ ခန့် လွှတ်လိုက်ပြီလို့ ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။ ရှေ့မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ အခုရရှိတဲ့ သတိပေးချက် အဆင့်အရ နိုင်ငံအဆင့်နဲ့ နိုင်ငံတကာအဆင့် တုံ့ပြန်မှုတွေ လုပ်သင့်တယ်လို့ ကျွမ်းကျင်သူတွေက ယူဆကြပါတယ်။ 

အစိုးရ ငလျှင်ဗျူရိုကတော့ ငလျှင်ဟာ ဒေသစံတော်ချိန် ဒီကနေ့ စနေနေ့ မနက် ၈ နာရီလောက်မှာ စတင်ရိုက်ခတ်ခဲ့တာလို့ ထုတ်ပြန်ခဲ့ပြီးတော့ Ya'an မြို့ကို အဓိက ရိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသားတွေနဲ့ ဒေသခံများစွာတို့ဟာ လမ်းပေါ်ထွက် နေကြရပါတယ်။

အစဆုံးမှာ တရုတ်ငလျှင်ဗျူရိုက အင်အား ၇ အဆင့်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် USGS ကတော့ အင်အား ၆.၆ အဆင့်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီပြင်အားဟာ ပြင်ထန်တဲ့ သေဆုံး ဒဏ်ရာရမှုတွေနဲ့ ပျက်စီးမှုတွေကို ဆိုးဆိုးရွားရွား ဖြစ်နိုင်စေနိုင်ပါတယ်။

ဒီငလျှင်ဟာ မြေပြင်နဲ့ နီးကပ်တဲ့ မြေအောက် ၁၂.၃ ကီလိုမီတာ(၇.၆ မိုင်) အနက်ကို ဗဟိုပြုတဲ့အတွက် ပျက်စီးမှုတွေ ပိုများစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ ဆင်ဟွာသတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ ငလျှင်ဟာ အရှေ့ဘက် ၁၁၅မိုင် အကွာအဝေးက ပြည်နယ်မြို့တော် ချန်ဒူး (Chengdu) မှာလဲ ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။

REF: http://www.news.com.au

ပုံ: ငလျှင်ထပ်မံ လှုပ်ရှားမည် စိုးရိမ်နေကြသော ကျောင်းသားများ အဆောက်အဦးရှေ့ ထွက်နေကြပုံ
ငလျှင်ထပ်မံ လှုပ်ရှားမည် စိုးရိမ်နေကြသော ကျောင်းသားများ အဆောက်အဦးရှေ့ ထွက်နေကြပုံ
ဒီကနေ့ နံနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ စီချွမ် (Sichuan) ပြည်နယ်အနောကိပိုင်းကို ဗဟိုပြုပြီးတော့ လှုပ်ရှားသွားတဲ့ အင်အား magnitude ၆.၆ အဆင့်ရှိတဲ့ ငလျှင်ကြီးကြောင့် လူရာနဲ့ချီပြီးတော့ သေဆုံးဒဏ်ရာ ရနိုင်ဖွယ်ရှိတယ်လို့ ဒေသခံ အာဏာပိုင်များက ပြောကြားလိုက်ပါတယ်။ ။
စီချွမ်ငလျှင် ဗျူရိုရဲ့ အတည်ပြုပြောကြားချက်များနဲ့ အစိုးရသတင်းဌာနများရဲ့ ထုတ်ပြန်ချက်များအရ လူရာ
နဲ့ချီပြီးတော့ ငလျှင်ဒဏ်ကြောင့် ဒဏ်ရာရတာ သေဆုံးတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်
သေဆုံးသူ နှစ်ဦးပဲ ရှိသေးတယ်လို့လဲ သတင်းများက ထွက်ပေါ်နေပါတယ်။ အခုအချိန်အထိတော့ သေဆုံး
ဒဏ်ရာ ရရှိမှု စာရင်းကို အတည်မပြုနိုင်သေးပါဘူး

ငလျှင်ဒဏ်ကို သိသိသာသာ ခံစားခဲ့ရတဲ့ စီချွမ်ပြည်နယ်ရဲ့ အနောက်တောင်ဘက် ရှီဖန်း (Shifang) ကလူ

တွေကတော့ နောက်ဆက်တွဲ ငလျှင်တွေ ထပ်မံဖြစ်ပေါ်လာမှာ စိုးရိမ်နေကြတဲ့အတွက် လမ်းမတွေပေါ်ကို ထွက်နေကြတယ်လို့ ဆိုပါတယ်။

USGS က တာဝန်ရှိသူတွေကတော့ ငလျှင်ပမာဏဟာ အတော်လေးကို ပြင်ထန်ပြီးတော့ ထိခိုက်ဒဏ်ရာရ

တာတွေ ပျက်စီးဆုံးရှုံးမှုတွေ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။ ဒေသစံတော်ချိန် နံ
နက် ၈ နာရီအချိန်လောက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဒီငလျှင်ဟာ အင်အား ၆.၆ အဆင့်ရှိတဲ့ ငလျှင်ကြီးဖြစ်ပြီးတော့ စီချွမ်ဒေသရဲ့ အနောက်ဘက်ပိုင်း နေရာတွေကို ဆိုးဆိုးရွားရွား ရိုက်ခတ်ခဲ့ပါတယ်။

စီချွမ်ဒေသမှာ၂၀၀၈ခုနှစ်က လှုပ်ရှားခဲ့တဲ့ တရုတ်ပြည်ရဲ့ ဆယ်စုနှစ် တစ်ခုအတွင်း အပြင်းထန်ဆုံး ငလျှင်

ဒဏ်ကြောင့် လူပေါင်း ၈၇ ၀၀၀ လောက် သေကျေပျက်စီး ခဲ့ဖူးပါသေးတယ်။ ငလျှင်ဒဏ်ခံစားရတဲ့ ဒေသကို ကူညီကယ်ဆယ်ရေး လုပ်ငန်းများပြုလုပ် ပေးနိုင်ဖို့ တပ်ဖွဲ့ဝင် ၂၀၀၀ ခန့် လွှတ်လိုက်ပြီလို့ဆင်ဟွာသတင်း
ဌာနက ထုတ်ပြန်ထားပါတယ်။ ရှေ့မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ အခုရရှိတဲ့ သတိပေးချက် အဆင့်
အရ နိုင်ငံအဆင့်နဲ့ နိုင်ငံတကာအဆင့် တုံ့ပြန်မှုတွေ လုပ်သင့်တယ်လို့ ကျွမ်းကျင်သူတွေက ယူဆကြပါ
တယ်။

အစိုးရ ငလျှင်ဗျူရိုကတော့ ငလျှင်ဟာ ဒေသစံတော်ချိန် ဒီကနေ့ စနေနေ့ မနက် ၈ နာရီလောက်မှာ စတင်

ရိုက်ခတ်ခဲ့တာလို့ ထုတ်ပြန်ခဲ့ပြီးတော့ Ya'an မြို့ကို အဓိက ရိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသားတွေနဲ့
ဒေသခံများစွာတို့ဟာ လမ်းပေါ်ထွက် နေကြရပါတယ်။

အစဆုံးမှာ တရုတ်ငလျှင်ဗျူရိုက အင်အား ၇ အဆင့်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် USGS ကတော့ အင်အား ၆.၆ အဆင့်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီပြင်အားဟာ ပြင်ထန်တဲ့ သေဆုံး ဒဏ်ရာရမှုတွေနဲ့ ပျက်စီး

မှုတွေကို ဆိုးဆိုးရွားရွား ဖြစ်နိုင်စေနိုင်ပါတယ်။

ဒီငလျှင်ဟာ မြေပြင်နဲ့ နီးကပ်တဲ့ မြေအောက် ၁၂.၃ ကီလိုမီတာ(၇.၆ မိုင်) အနက်ကို ဗဟိုပြုတဲ့အတွက် ပျက်

စီးမှုတွေ ပိုများစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ဆင်ဟွာသတင်းဌာနရဲ့ထုတ်ပြန်ချက်
အရ ငလျှင်ဟာ အရှေ့ဘက် ၁၁၅မိုင် အကွာအဝေးက ပြည်နယ်မြို့တော် ချန်ဒူး (Chengdu) မှာလဲ ထိခိုက်စေ
ခဲ့တယ်လို့ ဆိုပါတယ်။

REF: http://www.news.com.au/

Rangonnewsdaily
RND:20.4.2013


0 comments:

Post a Comment