Pages

Saturday, April 20, 2013

နေပြည်တော် လယ်ဝေးမြို့နယ်တွင် မန္တလေး မစိုးရိမ်ကျောင်းမှဟုပြောဆိုခြိမ်းခြောက်၍ မွတ်စလင်ဆိုင်များတွင် ဘုန်းကြီးတစ်ပါး အဓမ္မအလှူငွေများကောက်ခံ

(၁၉-၄-၂၀၁၃)ရက်နေ့ နံနက်(၁၁)နာရီအချိန်ခန့်က နေပြည်တော် လယ်ဝေးမြို့၊ ဈေးအတွင်းတွင် မန္တလေး မစိုးရိမ်ကျောင်းမှဟုပြောဆိုကာ သင်္ကန်းဝတ်ဘုန်းကြီးတစ်ဦး အလှူငွေများကို လိုက်လံ ကောက်ခံခဲ့သည်ဟု သတင်းရရှိပါတယ်။“တစ်ချို့ဆိုင်တွေကငါးဆယ်ထုတ်ပေးတယ်။တချို့ကို၂၀၀အတင်းထည့်ခိုင်းတယ်၊ ဆိုင်အခြေနေပေါ်မှုတည်ပြီးအလှုငွေထည့်ခိုင်းတာလို့သိရပါတယ်။ တချို့ဆိုင်တွေက ကြားရတဲ့အတိုင်း၂၀၀ထုတ်ပေးတော့ငါးရာ အတင်း တောင်းတယ်။ တချို့ကတော့အရောင်းအ၀ယ်မကာင်းကြလို့ မထည့်နိုင်တဲ့အခါ ကန်တော့ပါတယ်လို့ ပြောလိုက်တယ်”ဟု မွတ်စလမ်င် ဈေးသည်တစ်ဦးက အလင်းမျက်ဝန်းသို့ ပြောပါတယ်။

အဆိုပါ ငွေပေးသည့် ဆိုများအား “ဟုတ်တယ်။ အဲ့ဒီလို ပိုက်ဆံ မထည့်လိုက်တဲ့ဆိုင်တွေဆိုရင် စာရွက်တ်ရစွက်ထုတ်ပြီး စာရင်းမှတ်သလိုလို ဘာလိုလိုလုပ်ပြတယ်။ ပြီးတော့ မင်းတို့တွေသိမယ်။ ဗလီတွေဖျက်မယ်။ မန္တလေးက သံဃာတွေပါ သွားခေါ်ပြီး မင်းတို့ကို ဖျက်ဆီးခိုင်းမယ်။ ဆရာတော် ၀ီရသူကို ပင့်ခဲ့မယ်။ ဒီစာရင်းတွေကို ဆရာတော် ၀ီရသူဆီ ပြန်အပ်မယ်လို့ဆိုပြီး ကြိမ်းဝါးသွားပါတယ်။ သိပ်လွန်လာတော့ ရဲစခန်းကို အေကြာင်းကြားလိုက်လို့ သူ့ကို ခေါ်သွားပါတယ်။ နောက်ထပ်တော့ ဘာမှ မသိတော့ပါဘူး”လို့ ဒေသခံတစ်ဦးက အထက်ပါသတင်းအား အတည်ပြုပြောပါတယ်။

အဆိုပါဖြစ်ရပ်များကဲ့သို့ပင် မကြာသေးမီရက်ပိုင်းများအတွင်းက နေပြည်တော် ပျဉ်းမနားမြို့ မြို့မဈးအတွင်းတွင်လည်း မျက်နှာစိမ်းဘုန်းကြီးများ ရောက်လာပြီး ၄င်းတို့လက်ထဲတွင် စာရွက်စာတမ်းအချို့ကိုလည်း တွေ့ရှိရပြီး မွတ်စလမ်ဆိုင်များအားလုံးသို့ ၀င်ရောက်၍ အလှူငွေများ အဓမ္မကောက်ခံနေသည်ဟုလည်း ပျဉ်းမနားဒေသခံများက အလင်းမျက်ဝန်းသို့ သတင်းပေးပို့ခဲ့ဖူးပါတယ်။

(အလင်းမျက်ဝန်း)
Rangonnewsdaily
RND:20.4.2013

0 comments:

Post a Comment