Pages

Saturday, April 20, 2013

တွဲရုံအတွင်းပြုပြင်ရန်ထားသည့်ရထားတွဲမီးလောင်

နေပြည်တော်၊ ဧပြီ ၂၀
၁၉-၄-၂၀၁၃ ရက်နေ့ ၂၂၀၃ အချိန် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးဘူတာကြီး မြောက်ဘက် တွဲပြင်ရုံအတွင်း ပြုပြင်ရန်ထားသော အထက်တန်းတွဲ(အိပ်စင်) တွဲအမှတ် BMCXY-12857 တွဲမှ A,B,C,D အခန်း(၄)ခန်းရှိ D အခန်းမှမီးစတင်လောင်ကျွမ်းခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မန္တလေးရထားရဲစခန်းမှ တပ်ဖွဲ့ဝင်များ၏ ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၂၂၀၉ အချိန် မီးငြိမ်းသွားခဲ့သည်။ စစ်ဆေးချက်အရ အိပ်စင် D အခန်းတွင်ဝင်ရောက်အိပ်စက်သူ တွဲပြင်လုပ်သားဖြစ်သည့် ပုသိမ်ကြီးမြို့နယ်၊ ကြည်ကုန်းရပ်နေ ထွန်းမင်းလတ်(၃၈)နှစ်သည် ထိုနေ့ ၂၀၀၀ အချိန်ခန့်က တရုတ်ခြင်ဆေးခွေအားမီးထွန်းပြီး ပလတ်စတစ်ကြွပ်ကြွပ်အိတ်ကြိုးဖြင့် ပလတ်စတစ်ထိုင်ခုံ အောက်ခြေမှ တွဲလွဲချချည်နှောင်ထားခဲ့ပြီး ထမင်းစားရန်အပြင်ထွက်သွားစဉ် ထိုင်ခုံဆိုဖာများအား ခြင်ဆေးခွေမှတဆင့်မီးကူးစက်လောင်ကျွမ်းခဲ့သည့်အတွက် အိပ်စင်တွဲ C နှင့်D အခန်းများ မီးလောင်ကျွမ်းခဲ့ပြီး တန်ဖိုးငွေကျပ်(၆၈၅၀၀၀ိ/-)ဆုံးရှုံးခဲ့သဖြင့် မီးပေါ့ဆစွာသုံးစွဲသူ ထွန်းမင်းလတ်အား မန္တလေးရထားရဲစခန်း(ပ)၁၀၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် , Rangonnewsdaily
RND:20.4.2013

0 comments:

Post a Comment