Pages

Saturday, April 20, 2013

ဘော်စတန် ဗုံးခွဲမှု သံသယတရားခံ ဖမ်းဆီးရမိ၊ ကျူးလွန်ရခြင်း၏ အ​ကြောင်းရင်းများကို စိစစ်သွားမည်ဖြစ်သော်လည်း ထုတ်ဖော်ပြောကြားလိမ့်မည် မဟုတ်ဟု အိုဘာမားဆို

 
APTOPIX Boston Marathon Explosions Suspect

ဘော်စတန်ဗုံးခွဲမှုမှ သံသယတရားခံ ညီအစ်ကိုနှစ်ဦး

ဧပြီလ ၂၀ ရက်၊ ၂၀၁၃
ဘော်စတန်ဗုံးခွဲမှုသံသယတရားခံညီအစ်ကိုနှစ်ဦးမှ အသက်ရှင်ကျန်ရစ်ပြီး ထွက်ပြေးလွတ်မြောက်နေသည့် ညီဖြစ်သူဂျော့ခါဆာနာအီဗ်(DzhokharTsarnaev)ကို ဖမ်းဆီးလိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။ ထိုသတင်းကို အမေရိကန် စံတော်ချိန် ဧပြီလ ၁၉ ရက်နေ့ ၊ ည ၉.၃၀ အချိန်တွင် မက်ဆာချူးဆက် ပြည်နယ် ရဲဌာနမှ ဗိုလ်မှူးကြီး တင်မသီ ပီ.အလ်ဘန်က အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

သံသယတရားခံအားလက်ရဖမ်းဆီးမိဖို့ဒေသခံပြည်သူများကသတင်းပေးခဲ့ကြခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရမိ
ချိန်တွင် သံသယတရားခံ မှာ လှေငယ် တစ်စင်း အတွင်း ပုန်းအောင်းနေခြင်းဖြစ်ကြောင်း သိရသည်။

သံသယတရားခံညီအစ်ကိုနှစ်ဦးစလုံးမှာလွန်ခဲ့သည့်၁၀နှစ်ကျော်ကတည်းက အမေရိကန်နိုင်ငံတွင် ပြောင်း
ရွှေ့နေထိုင် လာသူများဖြစ်သည်။ နှစ်ဦး စလုံးမှာ ကော့ကေးဆပ်၊ ချေချင်းညာဇာတိများဖြစ်သည်။

ညီဖြစ်သူဂျော့ခါဆာနာအီဗ်မှာ၂၀၁၁တွင်CambridgeRindgeနှင့်LatinSchool တို့မှ ကျောင်းဆင်းအောင်လက်
မှတ်ရရှိထားသလိုကိန်းဗရစ်ခ်ျမြို့၊ပညာသင်ဆုကိုလည်းဆွတ်ခူးဖူးသူဖြစ်သည်။အချို့သော သတင်းအချက်
အလက်များအရမူ သူသည် အမေရိကန်နိုင်ငံတွင် သူ့ဘ၀ တ၀က်ကျော်ကို ဖြတ်သန်းကြီးပြင်းခဲ့သူဖြစ်သလို အမေရိကန်ပညာရေးစနစ်တွင် လေ့ကျင့်သင်ကြားပေးခြင်း ခံထားရသူဖြစ်သည်။

အစ်ကိုဖြစ်သူမှာလည်းလက်ဝှေ့နှင့်နပန်းအကျော်အမော်တဦးဖြစ်ကာအမေရိကန်နိုင်ငံကိုယ်စားပြုအိုလံပစ်
ကစားသမားတစ်ဦးဖြစ်ဖို့ရည်မှန်းထားသူဖြစ်ကြောင်း၊၄င်းအနေဖြင့်အမေရိကန်နှင့်ရုရှတို့ကို ရွေးချယ်ရမည်
ဆိုပါက အမေရိကန်ကိုသာ ရွေးချယ်၍ ကိုယ်စားပြု ယှဉ်ပြိုင်ဖို့ ရည်မှန်းထားကြောင်း သတင်းအရင်းအမြစ် အချို့က တင်ပြသည်။

နာမည်ကြီး Huffington Post သတင်းစဉ်၏ HuffPost Live အစီအစဉ်တာဝန်ခံတဦးဖြစ်သူ ဂျာနယ်လစ် အဟ်မဒ်ရှီဘတ်ကမူ၎င်းတို့နှစ်ဦးစလုံးမှာမည်သည့်အဆက်အနွယ်ဇာတိပင်ဖြစ်စေကာမူ အမေရိကန်နိုင်ငံ
သားများဖြစ်သလိုအမေရိကန်လူနေမှုအသိုက်အ၀န်းအတွင်းကြီးပြင်းလာသူများဖြစ်ကြောင်းကို ယမန်နေ့
ညက တင်ဆက်သည့် ရုပ်သံအစီအစဉ်တစ်ခုတွင် အဓိကထား သုံးသပ်ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ အိုဘာမားက သံသယတရားခံကို ဖမ်းဆီးရမိအပြီး ယမန်နေ့ ညတွင်ပင် အိမ်ဖြူတော်၌ ရုပ်သံအစီအစဉ်ဖြင့်ပြည်သူများကို စကားပြောကြားခဲ့သည်။ ထိုသို့ စကားပြောကြားရာ၌ “ယနေ့ညမှာတော့၊ အဖြေမထုတ်ရသေးတဲ့ မေးခွန်းတွေ တသီကြီး စုပုံနေပါတယ်၊ အဲဒီထဲက ဒီနိုင်ငံမှာကြီးပြင်းလာတယ်၊ ဒီမှာပဲ ပညာသင်ပြီး ကျွန်တော်တို့အမေရိကန်အသိုက်အ၀န်းရဲ့ အစိတ်အပိုင်းဖြစ်တဲ့ လူငယ်တွေက ဘာလို့ ဒီလိုမျိုး အမှုကြီးကို ကျူးလွန်တာလဲ?” ဟု သမ္မတ အိုဘာမားက မေးခွန်းထုတ်ပြခဲ့သည်။

barack-obama

အိမ်ဖြူတော်တွင် မိန့်ခွန်းပြောကြားနေသည့် အမေရိကန်သမ္မတ အိုဘာမား
သမ္မတအိုဘာမားက ဘော်စတန်ပြည်သူများအတွက်လည်းကောင်း၊ အသတ်ခံခဲ့ရသူ MIT ရဲအရာရှိ အတွက်လည်းကောင်း ၀မ်းနည်းရပါကြောင်း ကို ပြောကြားခဲ့သည်။

ထို့ပြင်သမ္မတအိုဘာမားက“ကျွန်တော်တို့သိထားတဲ့အချက်တစ်ခုကတော့၊ ဒီလိုမျိုး ကြောက်မက်ဖွယ်အမှု
မျိုးကို ကျူးလွန်ဖို့ ဘယ်လိုအခြေအနေ နောက်ခံဖြစ်စဉ်မျိုးက သူတို့နှစ်ဦးကို တွန်းပို့လိုက်လဲဆိုတာကိုတော့ လူသိရှင်ကြားထုတ်ဖော်သွားလိမ့်မှာမဟုတ်ဘူး၊ထုတ်ဖော်သွားနိုင်တဲ့အခြေအနေလည်းမရှိပါဘူး။” ဟု ပြော
ကြားသွားခဲ့သည်။

M-Media , Rangonnewsdaily
RND:20.4.2013

0 comments:

Post a Comment