Pages

Monday, April 29, 2013

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဖုန်းများ Outbound ယူဆောင် အသုံးပြုနိုင်ရန် မှတ်ပုံတင်ရမည်

Monday, April 29, 2013

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဖုန်းများ Outbound ယူဆောင် အသုံးပြုနိုင်ရန် မှတ်ပုံတင်ရမည် ဖြစ်ကြောင်း သိရသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဦးစီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးချက်များတွင် ဖော်ပြထားချက်အရ သိရှိရခြင်းဖြစ်သည်။ Roaming ကိစ္စနှင့် ပတ်သက်၍ အာဆီယံ (၁၀) နိုင်ငံအပြင် ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ဟောင်ကောင်တို့ဖြင့် Bilateral Roaming Agreement ချုပ်ဆိုပြီး GSM နှင့် WCDMA ဖုန်းများကို ပြည်ပနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ယူဆောင်၍ Inbound အသုံးပြုနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ Outbond ယူဆောင် အသုံးပြုနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရန်ကုန်မြို့ မိုဘိုင်းဆက်သွယ်ရေးဌာနတွင် မှတ်ပုံတင်ပြီး အသုံးပြုနိုင်မည်ဖြစ်ကြောင်း အဆိုပါ တွေ့ဆုံဆွေးနွေးချက်တွင် ဖော်ပြထားချက်အရ သိရသည်။

၎င်းတွေ့ဆုံ ဆွေးနွေးချက်များကို www.mcpt.gov.mm ဝက်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။ Roaming နှင့် ပတ်သက်၍ Postpaid ဖုန်းများ အသုံးပြုနိုင်ပြီး Prepaid ဖုန်းများ အသုံးပြုနိုင်ရန်အတွက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ဆယ်လူလာ မိုဘိုင်းစနစ်ကို ၁၉၉၃ ခုနှစ်က စတင်အသုံးပြုနိုင်ခဲ့ပြီး လက်ရှိတွင် CDMA 450 MHz, CDMA 800 MHz, WCDMA, GSM စသည့် မိုဘိုင်းတယ်လီဖုန်းစနစ်များ တပ်ဆင်ထားရှိပြီးဖြစ်ကာ မိုဘိုင်းတယ်လီဖုန်း စုစုပေါင်း ၆.၀၉ သန်း တပ်ဆင်အသုံးပြုလျက် ရှိနေပြီ ဖြစ်သည်ဟု သိရသည်။
 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်းနှင့် သတင်းအချက်အလက် ဟူသည့် ဆက်သွယ်ရေးနှင့် ပတ်သက်သည့် ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ၂၀၁၃ ခုနှစ် မေလ ၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
ခေတ်လူငယ် , Rangonnewsdaily
RND:  :29.4.2013

0 comments:

Post a Comment