Pages

Monday, April 29, 2013

ကမန်မျိုးနွယ်စုစတင်ဖြစ်ပေါ်လာပုံ (စာအုပ်အမြည်း)


`ကမန်´ ဟူသောဝေါဟာရသည် ရှေးရခိုင်ဘုရင် အဆက်ဆက်တို့လက်ထက်ကတည်းကစတင်ခေါ်ဝေါ်သုံး စွဲလာသောရခိုင်ဘုရင့်တပ်မတော်မှသူရဲကောင်း လေးသည်တော်တပ်ဖွဲ့၏အမည်နာမတစ်ခုသာဖြစ်သည်။

 `ကမန်´ဆိုသည်မှာရခိုင်သုသေသီတို၏အဆိုအမိန့်များအရ`လေး၊မြားအတက်၌ကျွမ်းကျင်သူ´ `လေးသည်
တော် (၀ါ) လေးတော်ပစ်´ ဟူအဓိပ္ပါယ်ရကြောင်းကို ပညာရေးဝန်ကြီးဌာန အဝေးသင်တက္ကသိုလ်စတုတ္တနှစ်
မြန်မာစာအထူးပြု သင်ရိုးအမှတ် မ-၄၁၂၊ ရခိုင်မင်းသမီးဧချင်း၊ ပို့ချချက်အပိုဒ် ၃၃ တွင်`ကမန်ဆိုသည်မှာ
လေးအတတ်တွင် ကျွမ်းကျင်သော စစ်သည်တော်ကိုခေါ်သည်။

ရခိုင်တပ်မတော်တွင် လေးသည်တော် တပ်ပါသည်ဖြစ်ရာ ၄င်းတပ်တွင် အမှုထမ်းသူများအား ကမန်ဟုခေါ်
သည်´ ဟုဖော်ပြထား သည်။

သမိုင်းသုသေသီတို့၏ အဆိုအရ`ကမန်´ဆိုသည်မှာ သီးခြားလူမျိုးစုမဟုတ်ဘဲရခိုင့်ဘုရင့်တပ်မတော်မှ မျိုး
နွယ်စုတစ်ခုအဖြစ် ပြောင်းလဲလာသော ရခိုင်မျိုးနွယ် တစ်ဆက်ပင်ဖြစ်သည်။ သမိုင်းစာအုပ်များ၌`ကမန်သူ
ရဲကောင်းတပ်´တွင် `ရခိုင်တိုင်းရင်းသားများသာ တာဝန်ထမ်းဆောင်ခဲ့ကြသည်´ `ထိုစဉ်အခါက ဘုရင့်တပ်မ
တော်တွင် လူမျိုးခြားများကိုတာဝန်မပေးခဲ့´ ဟူ၍လည်းကောင်းတွေ့ရှိရသည်။

လက်ရှိကမန်လူမျိုးအများစုမှာ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသော်လည်း ရခိုင်လူမျိုးမှ ဆင်းသက်လာ
သည် အလျောက် ဘာသာစကား၊ ၀တ်စားဆင်ယင်ပုံ၊ဓလေ့စရိုက်များမှာ ရခိုင်တိုင်းရင်းသားများနှင့် ထပ်တူ
ပင်ဖြစ်သည်။ရခိုင်ဆရာတော်ဦးဉာဏရေးသည့် ဓည၀တီရာဇ၀င်သစ် နှင့် သတင်းစာဆရာကြီး ယခင်နိုင်ငံ
တော်ကောင်စီဝင်ဟောင်းဦးလှထွန်းဖြူရေးသည့်ရခိုင်ပြည်နယ်တိုင်းရင်းသားလူမျိုးစုများ´စာအုပ်တွင်လည်း
ကမန်´ လူမျိုးများသည် ရခိုင်များနှင့် ရိုးရာယဉ်ကျေးမှု၊၀တ်စားဆင်ယင်ထုံးဖွဲ့ပုံ၊စကားအပြောအဆို၊ စိတ်နေ
စိတ်ထား ရုပ်ရည် ပုံပန်းသဏ္ဌာန် စသည်တို့ကွဲပြားခြားနားမှုမရှိကြောင်းကို ဖော်ပြထားသည်။

ရှားရှူဂျာမင်းသားနှင့် ဆွေမျိုးတစ်စု နိုင်ငံရေးခိုလှုံလာသည့် ခရစ်နှစ် ၁၆၆၀ ပတ်ဝန်းကျင်မှသာ`ကမန်´ဝေါ
ဟာရ ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ ငနှလုံးမင်း(၁၂၃၄-၃၇)လက်ထက်ကတည်းကပင်`ကမန်´ဟူသောဝေါ
ဟာရသည် စတင် ပေါ်ပေါက်နှင့်ပြီးဖြစ်သည်။

ရခိုင်ဘုရင်များ လက်ထက် ကမန်တိုင်းရင်းသားများ
၁။ငနှလုံးမင်း(၁၂၃၄-၃၇)
ရခိုင်ရာဇ၀င်များတွင် ဒဿရာဇာမင်းဆက်(၂၂)ဆက်မြောက်ဖြစ်သော ငနှလုံးမင်းလက်ထက်တွင် ကုလား
နှင့်သက်တို့ ပူးပေါင်းဆိုးသွမ်းကြရာ ငနုလုံးမင်းသည် ပြည်စိုးကြီးဓမ္မဇေယျကို ရဲမက် ၅၀၀၀၀ ပေး၍ စစ်သူ
ကြီး အင်္ဂါလေးပါးနှင့် ပြည့်စုံသောအမတ် ဆင်ကဲကြီးတို့ကို ကုလားပြည်သို့ချီတက်တိုက်ခိုက်စေရာ ကုလား
စစ်တပ်က စစ်တကောင်းမှ ငါးရက်အတွင်းဆုတ်ခွာရသည်။နောက်တဖန် ဒါကာမြို့မှ ခုခံသော်လည်းစစ်ရှုံး
၏။

ဘုရင့်အမိန့်အရ ကုလားပြည်တွင်အမတ်ဆင်ကဲကြီးကိုထားခဲ့ပြီးစစ်သူကြီးဓမ္မဇေယျသည်ကုလားထက်ဝက်
ခန့်ကိုသုံ့ပန်းအဖြစ်ခေါ်ဆောင်လာခဲ့သည် ဟူ၍လည်းကောင်းသုံ့ပန်းများကိုခွဲဝေရာတွင်`ကမန်လေးသည်
တော်များအတွက် သုံးပန်း ၁၀၀၀´ ဟူ၍လည်းကောင်းရခိုင်ရာဇ၀င်သစ်ပထမစာအုပ်၊စ တုတ္တတွဲတွင်တွေ့ရ
ပေသည်။

ဤအချင်းအရာကား ကမန် ဟူသောဝေါဟာရသည် ၁၂၃၄ ခုနှစ်ဝန်းကျင်ကတည်းကပင်ပေါ်ပေါက်လာ
ကြောင်းထင်ရှားသည်။

၂။အစ္စလာမ်သာသနာတော်နှင့် စတင်ထိတွေ့ခြင်း
G.E.Harvey ရေးသည့် Outline of Burmese History တွင် Kaman(Persian)= Bow and Arrow ဟုဖော်ပြထား
သည်။ ရခိုင်ပြည်သာများနှင့်သာဖွဲ့စည်းထားသော လေးသည်တော်တပ်သည်အဘယ်ကဲ့သို့ပါရှန်းအမည်
တွင်နေသနည်းဟု မေးစရာရှိသည်။ အကြောင်းမှာ အေဒီ ၇ ရာစုမှ ၁၅ရာစုကြားတွင် ပါရှန်ကုန်သည်၊ အာ
ရပ်ကုန်သည်၊ ရောမကုန်သည်တို့သည်မြန်မာနိုင်ငံအပါအ၀င်ပသျှူးကျွန်းဆွယ်တို့ကိုကူးသန်း ရောင်းဝယ်
နေကြပြီဖြစ်သည်။

နိုင်ငံခြားသားများနှင့် ရောင်းဝယ်ဆက်ဆံရာမှဘာသာစကား၊ ယဉ်ကျေးမှု၊ အသုံးအနှုန်းများသည်လည်း စိမ့်
ဝင်ခဲ့သည်။ ၁၅ ရာစုမှစတင်၍ရခိုင်မင်းများသည်ဗုဒ္ဓဘာသာဝင်များဖြစ်သော် လည်းအောက်ပါအတိုင်း ပါ
ရှန်းအမည်များကို ခံယူခဲ့ကြောင်းသိရသည်။

ငနုလုံးမင်း(အလီခန်)၊ ဘစောဖြူ(ကလီမာရှား)၊မင်းဒေါ်လျှာ(မေနုလျှား)၊ဘစောမင်းညို(မိုဟာာမက်ရှား)၊ မင်း
ရန်အောင်(နရီရှား)၊ စလင်္ကသူ(ရှိတ် အဗ္ဗဒူလာရှား)၊ မင်းရာဇာ(အီလီယမ်ရှား)၊ မင်းစောအို(ဂျလာလ်ရှား)၊သ
ဇာတ(အလီရှား)၊မင်းဘာကြီး(ဇော ဘောက်ရှား)၊ မင်းဖလောင်း(စကွန်ဒါရှား)၊ မင်းရာဇာ(စွယ်လင်ဆိုလိမ်
ရှား)၊ မင်းခမောင်း(ဟူစိန်ရှား)
ဤသည်ကိုထောက်ရှု၍ပါရှန်ဘာသာစကားနှင့်ပါရှန်လူမျိုးတို့၏ဂုဏ်ရှိန်မှရခိုင်မင်းနေပြည်တောာ်များအပေါ်အတော်အတန်လွှမ်းမိုးမှုရှိခဲ့ကြောင်းသိနိုင်သည်။
၃။အစ္စလာမ်သာသနာဆိုက်ရောက်ခြင်း
ဒုတိယမြောက်ဦးမြို့တည်မင်း(၉)ဆက်ဖြစ်သောမင်းဘာကြီး(၁၅၃၁-၅၃)လက်ထက်တွင်ပါရှန်အင်ပါယာ ဖက်မှ`ကာဒီ´ ဆိုသူဦးဆောင်သောာသံအမက်ကြီးသုံးဦး (ကာဒီ၊မူရှာ၊မောင်နုမျာ) တို့သည်ဘုရင်မင်းမြတ် ထံလာရောက်၍ ဆည်းကပ်ကြသည်။ ထိုသံအမက်သုံးဦးတို့သည် အစ္စလာမ်သာသနာ စည်ပင်ပြန့်ပွားစေ
ခြင်းငှာ`ဗလီ´၀တ်ကျောင်းတော်များကိုမြောက်ဦးမြို့တော်၌ အနှံ့အပြားတည်ဆောက်လျက် ဘာသာရေး
ဟော ပြောပွဲများကိုနေ့စဉ်နှင့် အမျှကျင်းပပြုလုပ်လျှက်ရှိသည်။

ဤသို့ပြုလုပ်ခြင်းကြောင့် အချို့သောဗုဒ္ဓဘာသာဝင်အချို့သည်ယုံကြည်သက်ဝင်လာပြီးအစ္စလာမ်သာသာ
နာသို့ကူးပြောင်းကိုးကွယ်လာခဲ့ကြ၏။ ထို့ပြင်အိန္ဒိ ယပြည်ဒေလီမြို့မှ အစ္စလာမ်သာသနာပြု တရားဟော
ဆရာများကိုမှာ ယူခေါ်ဆောင်စေပြိးအစ္စလာမ်တရား များကိုဟောပြောစေခဲ့သည်။ဤသို့ဖြင့်အစ္စလာမ်ဘာ
သာသည် ပိုမိုကျယ်ပြန့်ထွန်းကားလာခဲ့သည်။

စာအုပ်ဒေါင်းလုပ်ယူရန်



posted by – Electric
M-Media, Rangonnewsdaily
RND:  :29.4.2013 

0 comments:

Post a Comment