Pages

Monday, April 29, 2013

MEC က ထုတ်တဲ့ CDMA 800 က တာဝါတိုင်ရဲ့ ၄ မိုင်ပတ်လည်၊ MPT GSM က တာဝါတိုင်ရဲ့ ၁၀ မိုင်ပတ်လည်၊ CDMA ၄၅၀ က ၂၀ မိုင် ပတ်လည် တွင် အသုံးပြုနိုင်

Monday, April 29, 2013

လက်ရှိ ရောင်းချပေးနေတဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC ကထုတ်တဲ့ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟပ်စ် ၁၅၀၀ တန် ဖုန်းတွေဟာ တာဝါတိုင်စိုက်ထူထားရာ ဧရိယာရဲ့ ၄ မိုင်ပတ်လည်လောက်မှာပဲ အသုံးပြုနိုင်တယ်လို့ဆက်သွယ်ရေး နည်းပညာ ကျွမ်းကျင်သူတစ်ယောက် ပြောတာကို ကိုးကားပြီး ဒီကနေ့ထုတ် အင်တာနက် ဂျာနယ်မှာ ဖော်ပြထားပါတယ်။ အရင် မြန်မာ့ဆက်သွယ်ရေးက ထုတ်ထားတဲ့ ဂျီအက်စ်အမ် ဖုန်းလိုင်းတွေကတော့ တာဝါတိုင်ရဲ့ ၁၀ မိုင်ပတ်လည်၊ စီဒီအမ်အေ ၄၅၀ မဂ္ဂါဟပ်စ် ဖုန်းလိုင်းတွေကတော့ တာဝါတိုင်ရဲ့ မိုင် ၂၀ ပါတ်လည်အထိ ပြောနိုင်တာမို့ လက်ရှိ MEC စီဒီအမ်အေ ဖုန်းလိုင်းအသုံးပြုသူတွေ အခက်အခဲ ရှိနိုင်ပါတယ်။ 
MEC ဟာ ဆင်းကဒ် ၁ သန်းရောင်းချဖို့ မြန်မာနိုင်ငံ တစ်ဝှမ်း တာဝါတိုင် ၂၈၂ ခု စိုက်ထူထားပြီး လက်ရှိ ပထမ အသုတ် ၃ သိန်းခွဲ ရောင်းချပြီး ဖြစ်ပါတယ်။
DVB TV News , Rangonnewsdaily
RND:  :29.4.2013

1 comments:

Anonymous said...

သာကေတမှာလိုင်းကောင်းအောင်လဲလုပ်ပေးပါဦး

Post a Comment