Pages

Monday, April 29, 2013

ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေး ကော်မရှင် အစီအရင်ခံစာနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှ ကောက်နှုတ်ချက်

လူပေါင်း ၂ဝဝနီးပါး သေဆုံးခဲ့ရပြီး တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ရခိုင်ပြည်နယ်က လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်စေဖို့ တင်းမာမှုများ ရှိနေဆဲ နှစ်ဖက်အုပ်စုကြား ပဋိပက္ခအဆင့်ထိ တိုးမြှင့်မလာစေဖို့အတွက် လုံခြုံရေးအဖွဲ့အစည်းတွေကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ထားဖို့နဲ့ အဓိကရုဏ်းကိုင်တွယ်ရေးကို စနစ်တကျပြင်ဆင်ထားရေး၊ မြန်မာနိုင်ငံမှာ နေထိုင်ကြသူတိုင်းကို ဥပဒေချိုးဖောက်သူ မည်သူမဆို တိတိကျကျ အရေးယူဖို့ ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာက တိုက်တွန်းထားပါတယ်။ ပြည်နယ်အတွင်း ကျန်းမာရေးနဲ့ ပညာရေးတွေ တိုးတက်လာအောင် ကိုင်တွယ်ဖို့နဲ့ လမ်းပန်းဆက်သွယ်ရေးအပါအဝင် လူတိုင်း စာတတ်မြောက်ရေးကို လုပ်ဆောင်ဖို့၊ ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းနှစ်ခုကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် အစိုးရရဲ့ စီမံမှုနောက်မှာ လိုက်ပါဆောင်ရွက်နိုင်ဖို့အရေးကြီးပြီး ဘာသာတစ်ခုနဲ့တစ်ခုကြား စော်ကားပုတ်ခတ်ခြင်း၊ အစွန်းရောက် ဘာသာရေး လူမျိုးရေးအတွေးအခေါ်တွေကို ကာကွယ်တားမြစ်ဖို့ ပြုလုပ်သင့်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

နှစ်ပေါင်းရာချီကတည်းက ရခိုင်နဲ့ ဘင်္ဂါလီမွတ်ဆလင် လူ့အဖွဲ့အစည်းနှစ်ခုကြားက အမုန်းတရားတွေ ဖြစ်တည်ခဲ့ရတာဟာ အဲဒီ လူ့အဖွဲ့အစည်း ၂ခုကြားက ဘာသာရေး၊ ယဉ်ကျေးမှု၊ နှုန်းစံများအချင်းချင်း တွန်းတိုက်မိရာက ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခကြီးဖြစ်တယ်လို့ ကော်မရှင် ဥက္ကဌ ဒေါက်တာမျိုးမြင့်ဦးဆောင်တဲ့ လေ့လာရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရခိုင်နဲ့ ရခိုင်မဟုတ်တဲ့ အခြားသော အစ္စလာမ်ဘာသာဝင်တွေကြား သီးခြားခွဲထားမှု၊ အရောင်းအဝယ်မလုပ်စေရန် တားမြစ်နေမှု၊ မပတ်သက်ဘဲ တွန်းလှန်ဆန့်ကျင်ရန် လှုံ့ဆော်နေမှုများသည် ပဋိပက္ခများ တိုးပွားလာစေနိုင်ပြီး အစီရင်ခံစာအတွက် နှစ်ဖက်စလုံးမှ ပူးပေါင်းပါဝင်ရန် ပျက်ကွက်ခြင်းများရှိခဲ့တယ်လို့
အတိအကျ ထောက်ပြထားပြီး သွေးထိုးလှုံ့ဆော်မှုများသည် နှစ်ဖက်စလုံးမှာ ရှိတယ်လို့ ဆိုပါတယ်။
Kamayut Media ,Rangonnewsdaily
RND:  :29.4.2013
 

0 comments:

Post a Comment