Pages

Wednesday, April 17, 2013

iPhone အသစ် ထုတ်လုပ်မှု စတင်နိုင်ရန် ဝန်ထမ်းအင်အား တိုးချဲ့နေသည့် Foxconn

Apple ၏ iPhone များအား အစဉ်အဆက် ထုတ်လုပ်ပေးခဲ့သည့် တရုတ်နိုင်ငံ အခြေစိုက် Foxconn ကုမ္ပဏီအနေဖြင့် လတ်တလော ကာလအတွင်း စက်ရုံဝန်ထမ်းအင်အားကို အလျင်အမြန် တိုးချဲ့နေကြောင်း သိရှိရသည်။ ယင်းအချက်ကြောင့် Apple ၏ မျိုးဆက်သစ် iPhone ထုတ်လုပ်မှုအား မကြာမီ စတင်တော့မည်မှာ ထင်ရှားနေတော့သည်။ 

Foxcoon အနေဖြင့် Zhenzhou ဒေသရှိ ယင်းတို့၏ စက်ရုံ၌  ပြီးခဲ့သည့် သတင်းပတ် အတွင်း၌ပင် ဝန်ထမ်းအသစ် ၁၀၀၀၀ ခန့်အား အလုပ်ခန့်အပ်ခဲ့သည်ဟု သိရှိရသည်။ 

Foxconn အနေနဲ့ မည်သည့် တရားဝင် ကြေညာမှုမျိုးကိုမှ ပြုလုပ်ဖွယ် မရှိသော်လည်း အမည်မဖော်လိုသူ အမှုဆောင်အရာရှိ တစ်ဦးကမူ “စက်ရုံတွေမှာ အလုပ်အရမ်းများနေပါတယ်။ iPhone အသစ်ကို မကြာခင်မှာ အလုံးအရင်းနဲ့ ထုတ်လုပ်တော့မှာပါ။” ဟု ဆိုခဲ့သည်။ 

ဈေးကွက် ကျွမ်းကျင်သူများက Apple အနေဖြင့် မျိုးဆက်သစ် iPhone အား ၂၀၁၃ ဒုတိယ ၃ လပတ်အတွင်း ထုတ်ဖော်ပြသ သွားဖွယ်ရှိနေကြောင်း၊ တန်ဖိုးနည်း iPhone အားလည်း ထုတ်လုပ်ဖွယ် ရှိနေကြောင်း သုံးသပ်ကြသည်။ 

မျိုးဆက်သစ် iPhone အား iPhone 6 သို့တည်းမဟုတ် iPhone 5S ဟု ခေါ်ဆိုမည်ကိုမူ တရားဝင် မသိရှိရသေးပေ။ ထို့အပြင် ယခုထွက်ရှိလာမည့် iPhone သည် ကွယ်လွန်သူ Apple ဖခင်ကြီး Steve Jobs ကိုယ်တိုင် အတည်ပြုပေးခဲ့သည့် ဒီဇိုင်းဖြင့် ထုတ်လုပ်မည့် နောက်ဆုံး iPhone ဖြစ်သူဟု သိရှိရသည်။
Apple ၏ iPhone များအား အစဉ်အဆက် ထုတ်လုပ်ပေးခဲ့သည့် တရုတ်နိုင်ငံ အခြေစိုက် Foxconn ကုမ္ပဏီအနေဖြင့် လတ်တလော ကာလအတွင်း စက်ရုံဝန်ထမ်းအင်အားကို အလျင်အမြန် တိုးချဲ့နေကြောင်း သိရှိရသည်။ ယင်းအချက်ကြောင့် Apple ၏ မျိုးဆက်သစ် iPhone ထုတ်လုပ်မှုအား မကြာမီ စတင်တော့မည်မှာ ထင်ရှားနေတော့သည်။ Foxcoon အနေဖြင့် Zhenzhou ဒေသရှိ ယင်းတို့၏ စက်ရုံ၌ ပြီးခဲ့သည့် သတင်းပတ် အတွင်း၌ပင် ဝန်ထမ်းအသစ် ၁၀၀၀၀ ခန့်အား အလုပ်ခန့်အပ်ခဲ့သည်ဟု သိရှိရသည်။

Foxconn အနေနဲ့ မည်သည့် တရားဝင် ကြေညာမှုမျိုးကိုမှ ပြုလုပ်ဖွယ် မရှိသော်လည်း အမည်မဖော်လိုသူ အမှုဆောင်အရာရှိ တစ်ဦးကမူ “စက်ရုံတွေမှာ အလုပ်အရမ်းများနေပါတယ်။ iPhone အသစ်ကို မကြာခင်မှာ အလုံးအရင်းနဲ့ ထုတ်လုပ်တော့မှာပါ။” ဟု ဆိုခဲ့သည်။

ဈေးကွက် ကျွမ်းကျင်သူများက Apple အနေဖြင့် မျိုးဆက်သစ် iPhone အား ၂၀၁၃ ဒုတိယ ၃ လပတ်အတွင်း ထုတ်ဖော်ပြသ သွားဖွယ်ရှိနေကြောင်း၊ တန်ဖိုးနည်း iPhone အားလည်း ထုတ်လုပ်ဖွယ် ရှိနေကြောင်း သုံးသပ်ကြသည်။

မျိုးဆက်သစ် iPhone အား iPhone 6 သို့တည်းမဟုတ် iPhone 5S ဟု ခေါ်ဆိုမည်ကိုမူ တရားဝင် မသိရှိရသေးပေ။ ထို့အပြင် ယခုထွက်ရှိလာမည့် iPhone သည် ကွယ်လွန်သူ Apple ဖခင်ကြီး Steve Jobs ကိုယ်တိုင် အတည်ပြုပေးခဲ့သည့် ဒီဇိုင်းဖြင့် ထုတ်လုပ်မည့် နောက်ဆုံး iPhone ဖြစ်သူဟု သိရှိရသည်။
 
Myanmar Consumer Guide, Rangonnewsdaily
RND:16.4.2013
 
0 comments:

Post a Comment