Pages

Wednesday, April 17, 2013

ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းရဲ့ ၂ဝ၁၃ခုနှစ် သြဇာကတ္တိမ အရှိဆုံးအဖြစ် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရရှိ

Wednesday, April 17,2013

ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းရဲ့ ၂ဝ၁၃ခုနှစ် သြဇာကတ္တိမ အရှိဆုံးအဖြစ် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ မဲပေးသူတွေရဲ့ မဲတွေနဲ့ အနိုင်ရရှိသွားပြီ ဖြစ်တဲ့အကြောင်း မဂ္ဂဇင်းရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြလိုက်ပြီ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မဲပေးသူပေါင်းရဲ့ ၆၁%ရရှိခဲ့တာဖြစ်ပြီး The Most Influential People of the Pas 10 Years မှာ WINNER အဖြစ်နဲ့ သတ်မှတ်ခံ လိုက်ရပြီ ဖြစ်ပါတယ်။

အင်တာနက်စာ မျက်နှာပေါ်က တစ်ဆင့် အကြိမ်အရေ အတွက် ကန့်သတ်မထားဘဲ မဲပေးခွင့်ကို TIME မဂ္ဂဇင်းက ခွင့်ပြုခဲ့တာဖြစ်ပြီး Twitter စာမျက်နှာမှာ Follower ၃၅သန်းကျော်ရှိတဲ့ ပေါ့ပ်အဆိုတော် လေဒီဂါဂါက ၃၉%ပဲ ရရှိခဲ့ပြီး မြန်မာနိုင်ငံနဲ့ နိုင်ငံတကာရောက် မြန်မာတွေက ဧပြီ ၁၆ရက်နဲ့ ၁၇ရက် နှစ်စလုံး မဲတွေပေးခဲ့ကြတာဖြစ်ပါတယ်။

DVB News , Rangonnewsdaily
RND:17.4.2013

0 comments:

Post a Comment