Pages

Wednesday, April 17, 2013

အစ္စလာမ်ဘာသာသည် တည်ငြိမ်းသော်သာသနာ ဖြစ်ကြောင်းနှင့် မည်သည့်ဘာသာမှ ဆင်းသက်လာသည် မဟုတ်

အစ္စလာမ်ဘာသာသည် တည်ငြိမ်းသော်သာသနာ ဖြစ်ကြောင်းနှင့် မည်သည့်ဘာသာမှ ဆင်းသက်လာသည် မဟုတ်ကြောင်း



အချို့ သူများက  အစ္စလာမ်  သာသနာသည် မြတ်တမန်တော် မုဟမ္မဒ် (Peace be upon him)
လက်ထက်တော်က စတင်ထွန်းကားလာသည်ဟူ၍ ထင်မှတ်ကာ တမန်တော်မုဟမ္မဒ်
(Peace be upon him)အား အစ္စလာမ်သာသနာတည်ထောင်သူဟု ထင်မှတ်နေကြ၏။

ဤသို့ ထင်မှတ်ပြောဆိုခြင်းသည် လုံးဝ အခြေအမြစ်မရှိသော ထင်မြင်ချက်ဖြစ်သည်။
အစ္စလာမ်သည် လူသားအားလုံးတို့ အဖို့ တစ်ခုတည်းသော သာသနာဖြစ်သည်။

ပွင့်လေသမျှသော တမန်တော်များ၏ သာသနာလည်း အစ္စလာမ်ပင်ဖြစ်၏။
ပဋိပတ်ကျင့်စဉ်များသည်သာ အနည်းငယ်မျှကွဲပြား၏။

တမန်တော်များသည် လူမျိုးအသီးသီးထံသို့  အသီးသီးပွင့်လာကြသောအခါ မိမိတို့၏
လူမျိုးများတွင် ပေါ်ပေါက်လျှက်ရှိသော အဓမ္မမှုများ မိုက်မဲမှုများ  မိရိုးဖလာ
ထုံးတမ်းစဉ်လာ ဓလေ့ဆိုးများနှင့် မဟုတ်မမှန်သော အတွေးအခေါ် အယူအဆတို့ကို
ပပျောက်စေရန် အဓိထား၍ သွန်သင်ဆုံးမ သြဝါဒပေးကြကုန်၏။

ပွင့်လေသမျှသော တမန်တော်အားလုံးတို့၏ အဓိကတရားများမှာ တစ်ဆူတည်းသော
အလ္လာဟ်အရှင်မြတ်အား ယုံကြည်ခြင်း၊ ကောင်းမြတ်သော ကိုယ်ကျင့်တရားများကို
လိုက်နာဆည်းပူးခြင်း၊ အစစအရာရာတွင်  မဇ္ဈမ၊ ပဋိပဒါ မလွန်မယုတ် အလယ်အလတ်
လမ်းစဉ်ကို ကျင့်သုံးခြင်းနှင့် နောင်တမလွန်ဘဝတွင် ကောင်းကျိုး
ဆိုးကျိုးများကို အသီးသီးစံစား ခံစားရမည်ကို ယုံကြည်ခြင်းတို့ပင်ဖြစ်သည်။

အစ္စလာမ်ဘာသာသည် ပုဂိုလ်တစ်ဦး တစ်ယောက်ကို အကြောင်းပြု
ဖြစ်ပေါ်လာသည်မဟုတ်။ လူမျိုးတစ်မျိုး အုပ်စုတစ်အုပ်စု နယ်ပယ်ဒေသ
တစ်ရပ်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည်လည်းမဟုတ်။

ဤအချက်ကို အစ္စလာမ် ဟူသော အမည်နာမကပင် သက်သေခံလျက်ရှိပေသည်။
အစ္စလာမ်ဘာသာသည် ခေတ်တိုင်း၊ လူမျိုးတိုင်း၊ အုပ်စုတိုင်း၊ တိုင်းပြည်တိုင်း၊ လုတိုင်းနှင့် သက်ဆိုင်ပေသည်။

အစ္စလာမ်ပျောက်မှာကိုလည်း စိုးကြောက်စရာမလိုသော တစ်ခုတည်းသောသာသနာသာဖြစ်၍ လူသားထု
တစ်ရပ်လုံးအတွက်ဖြစ်သည်။ ဖိနှိပ်ချုပ်ချယ်မှုအောက်က တမုတ်ဟုတ်ချင်း ထွန်းကားသောသာသနာဖြစ်သည်။
 အားလုံးကို ကျေးဇူးတင်ပါသည်။
Tiger Armaan Khan

အချို့ သူများက အစ္စလာမ် သာသနာသည် မြတ်တမန်တော် မုဟမ္မဒ် (Peace be upon him)လက်ထက်တော်
က စတင်ထွန်းကားလာသည်ဟူ၍ ထင်မှတ်ကာ တမန်တော်မုဟမ္မဒ်(Peace be upon him)အား အစ္စလာမ်
သာသနာတည်ထောင်သူဟု ထင်မှတ်နေကြ၏။ ဤသို့ ထင်မှတ်ပြောဆိုခြင်းသည် လုံးဝ အခြေအမြစ်မရှိ
သော ထင်မြင်ချက်ဖြစ်သည်။အစ္စလာမ်သည်လူသားအားလုံးတို့ အဖို့ တစ်ခုတည်းသောသာသနာဖြစ်သည်။

ပွင့်လေသမျှသော တမန်တော်များ၏ သာသနာလည်း အစ္စလာမ်ပင်ဖြစ်၏။ပဋိပတ်ကျင့်စဉ်များသည်သာ အနည်းငယ်မျှကွဲပြား၏။

တမန်တော်များသည် လူမျိုးအသီးသီးထံသို့  အသီးသီးပွင့်လာကြသောအခါ မိမိတို့၏လူမျိုးများတွင် ပေါ်

ပေါက်လျှက်ရှိသော အဓမ္မမှုများ မိုက်မဲမှုများ မိရိုးဖလာထုံးတမ်းစဉ်လာ ဓလေ့ဆိုးများနှင့် မဟုတ်မမှန်
သော အတွေးအခေါ် အယူအဆတို့ကိုပပျောက်စေရန် အဓိထား၍ သွန်သင်ဆုံးမ သြဝါဒပေးကြကုန်၏။

ပွင့်လေသမျှသော တမန်တော်အားလုံးတို့၏ အဓိကတရားများမှာ တစ်ဆူတည်းသောအလ္လာဟ်အရှင်မြတ်

အား ယုံကြည်ခြင်း၊ ကောင်းမြတ်သော ကိုယ်ကျင့်တရားများကိုလိုက်နာဆည်းပူးခြင်း၊ အစစအရာရာတွင် မဇ္ဈမ၊ ပဋိပဒါ မလွန်မယုတ် အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးခြင်းနှင့် နောင်တမလွန်ဘဝတွင် ကောင်း
ကျိုးဆိုးကျိုးများကို အသီးသီးစံစား ခံစားရမည်ကို ယုံကြည်ခြင်းတို့ပင်ဖြစ်သည်။

အစ္စလာမ်ဘာသာသည် ပုဂိုလ်တစ်ဦး တစ်ယောက်ကို အကြောင်းပြုဖြစ်ပေါ်လာသည်မဟုတ်။ လူမျိုးတစ်

မျိုး အုပ်စုတစ်အုပ်စု နယ်ပယ်ဒေသတစ်ရပ်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည်လည်းမဟုတ်။

ဤအချက်ကို အစ္စလာမ် ဟူသော အမည်နာမကပင် သက်သေခံလျက်ရှိပေသည်။အစ္စလာမ်ဘာသာသည်

ခေတ်တိုင်း၊ လူမျိုးတိုင်း၊ အုပ်စုတိုင်း၊ တိုင်းပြည်တိုင်း၊ လုတိုင်းနှင့် သက်ဆိုင်ပေသည်။

အစ္စလာမ်ပျောက်မှာကိုလည်း စိုးကြောက်စရာမလိုသော တစ်ခုတည်းသောသာသနာသာဖြစ်၍ လူသားထု
တစ်ရပ်လုံးအတွက်ဖြစ်သည်။ ဖိနှိပ်ချုပ်ချယ်မှုအောက်က တမုတ်ဟုတ်ချင်း ထွန်းကားသောသာသနာဖြစ်

သည်

Tiger Armaan Khan

Rangonnewsdaily
RND:17.4.2013

0 comments:

Post a Comment