Pages

Wednesday, April 17, 2013

ဥပဒေအရ အကာ အကွယ်ပေးရမည့် အစား တာကွေ့ရွာအုပ်ချုပ်ရေးမှုးက ခြိမ်းခြောက်စကားပြော

ဥပဒေအရ အကာ အကွယ်ပေးရမည့် အစား တာကွေ့ရွာအုပ်ချုပ်ရေးမှုးက ခြိမ်းခြောက်စကားပြော

ယခုရက်ပိုင်းအတွင်း အစ္စလာမ်ဘာသာဝင်တို့အား အကြမ်းဖက်ရေးသွေးတိုးစမ်းမှုများထပ်မံဖြစ်ပေါ်လာ

ဧပြီ ၁၇

ပိာန်းအောင်

မင်းလှမြို့နယ် လက်ပံရေကျော်ကျေးရွာအုပ်စု တာကွေ့ရွာတွင် ဖျက်ဆီးခံထားရသည့် အစ္စလာမ်ဘာသာဝင်များပိုင်စာသင်ကျောင်းအား ဘေးဘက် ယာယီ အမိုးအကာများ ပြန်ုလည် တပ်ဆင်ခြင်းကို ဒေသခံ အချို့ မကျေနပ်ပာုဆိုကာ ရွာအုပ်ချုပ်ရေးမှုးဦးမောင်ဝင်းက "အခုမဖျက်ရင် ဒီည အကြမ်းဖက်မယ်လို့ လူတွေစုနေပြီ" ပာု ဒေသခံ အစ္စလာမ်ဘာသာဝင်များအား ယခုလ ၁၃ ရက်နေ့တွင်ခြိမ်းခြောက်ပြောကြားသဖြင့် ပြန်လည်ဖျက်သိမ်းပေးခဲ့ရကြောင်းသိရသည်။

"အခု မဖျက်ရင် ဒီည အကြမ်းဖက်မယ်လို့ လူတွေ စုနေပြီ၊ ငါတို့ သတင်းရထားတယ် လို့ ဦးမောင်ဝင်းကလာပြောတာပါ။သူနဲ့ အတူ ဆယ်အိမ်မှုး ဦးစိန်သောင်းလည်း ပါတယ်။အရင်လတုန်းက အကြမ်းဖက် တဲ့ အထဲမှာပါတဲ့ ခေါင်းဆောင်ပိုင်းတချို့က ညနေ ၄ နာလောက်မှာ ကျောင်းရှေ့ကိုလာတယ်။ ည ၆ နာရီလောက်ကျတော့ ဦးမောင်ဝင်းတို့က အဲသလိုလာပြောတော့တာပဲ"ပာု ဒေသခံမွတ်စလင်မ်တစ်ဦးက မြန်မာမွတ်စလင်မ် မီဒီယာသို့ပြောသည်။

အကြမ်းဖက်ရာတွင် အဓိကခေါင်းဆောင်ပိုင်း အချို့မှာ မင်းလှ မြေစာရင်းဦးစီးဌာနမှ စာရေး ဇာနည်ကျော်ထိုက်၊ ဗောဒိကုန်းရွာနေ ရခိုင်လူမျိုး ဦးဘဖေ၊ ရေကျော် အရှေ့ပိုင်းနေ ဦးဖိုးကျပ်(ခ) ဦးသန်းမြင့်၊ ဦးသန်းသန်းအောင်နှင့် ဇနီး ပြုံးပြုံးသီ၊ နှမ်းကုန်းကျေးရွာနေ ဦးအုန်းငွေ စသည့် ဘာသာရေး အစွန်းရောက် ဂိုဏ်းဝင်များဖြစ်ကြောင်းသိရသည်။

"မွတ်စလင်မ်တွေကို အကြမ်းဖက်တိုက်ခိုက်တုန်းက ဦးဘဖေ က အဆိုးဆုံးပါပဲ။အစပိုင်းမှာ ဦးဇင်းတွေ ၀င်ထိန်းလို့ အေးသွားတော့ မလိုဖြစ်နေတဲ့လူအုပ်ကို သူက ဆိုင်ကယ်နဲ့လိုက်ပတ်ပြီး အော်အော်ပြီးလှုံ့ဆော်တာပါ "ပာုလည်း အထက်ပါဒေသခံကပင်ဆက်လက်ပြောကြားသည်။

တာကွေ့ရွာရှိ အထက်ပါ အစ္စလာမ်ဘာသာရေး အဆောက်အအုံသည်သည် မတ်လ ၂၄ ရက်ည၉း၃၀ အချိန်မှ စတင်ကာ ၉၆၉ ဂိုဏ်းဝင်များ၏အကြမ်းဖက်တိုက်ခိုက်မှုတွင် အကာအကွယ်မဲ့ဖျက်ဆီးခံခဲ့ရပြီး အမိုး အကာများ၊ဘေးဘက် နံရံများ၊ ၀ိုသူပောာက်စ်(အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုရန် အတွက်  ခန္ဒာကိုယ်ကိုသန့်စင်ဆေးကြောသည့် နေရာ)အပါအ၀င် အခြားသော အကြမ်းဖက် ဖျက်ဆီးခံရမှုများစွာရှိခဲ့သည်။ အကြမ်းဖက်အုပ်စုများသည်ကျောင်းဝင်းအတွင်းရှိ အုန်းပင်ကိုပါ ခုတ်လှဲကာ ကျောင်းအဆောက် အဦးအပေါ် သို့လှဲချခဲ့ကြေင်းလည်း  မျက်မြင်သက်သေများ၏ ပြောကြားချက် အရသိရသည်။

အကြမ်းဖက်သမားများကို အရေးယူမှုမရှိသဖြင့် ယခုရက်ပိုင်းအတွင်း သွေးတိုးစမ်းဆောင်ရွက်ချက်များရှိလာကြောင်းလည်းသိရသည်။ဧပြီ ၁၅ ရက်ညပိုင်းတွင် လျှမ်းလျှမ်းတောက် အခွေ အဌားဆိုင် မှ လူတစ်စုက ဖျက်ဆီးခံထားရသည့် အစ္စလာမ်ဘာသာရေးစာသင်ကျောင်းဘက်သို့ ည ၁၁ နာရီဝန်းကျင်တွင် ၂ ကြိမ်တိုင်တိုင် လောက်လေးဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

"မင်းလှ မြေစာရင်းရုံးက စာရေး ဇာနည်ကျော်ထိုက်ဖွင့်ထားတဲ့ အခွေဌားဆိုင်ကလူတွေပြစ်တာပါ။သူ့ဆိုင်က လူစုံတယ်လေ။အကြမ်းဖက်တဲ့ ညတုန်းကလည်းသူ့ဆိုင်မှာ တစ်စုစုပြီးစထွက်တာပါ။သူ့ဆိုင်နဲ့ကျောင်းနဲ့က ကိုက် ၁၀၀ လောက်ပဲဝေးတယ်"ပာုတာကွေ့ကျေးရွာသားတစ်ဦးကပြောသည်။

အုတ်ဖိုမြို့နယ် သရက်ကုန်းကျေးရွာနေ  ဦးမဲကြီးနှင့် ဒေါ်တင်ဝင်း သား စိန်ဝင်း (ပါ၃ဦး)က လည်း ဧပြီ ၁၆ ရက်နေ့တွင် အစ္စလာမ်ဘာသာဝင်များအား ဆဲဆိုမှု ၂ ကြိမ်ကို နေ့လည် ၂ နာရီတွင် လမ်းမပေါ်တွင် ပထမ အကြိမ်၊ ည ၆ နာရီတွင် အစ္စလာမ်ဘာသာဝင် ကိုကျော်တင့် ပိုင်ခြံဝင်း အတွင်းသို့ ၀င်ရောက်ကာ ဒုတိယ အကြိမ် ရမ်းကားခဲ့သော်လည်း အရေးယူခြင်း မခံခဲ့ရကြောင်း ဒေသခံ မွတ်စလင်တစ်ဦး၏ပြောကြားချက် အရသိရသည်။

ဧပြီ ၁၇

မင်းလှမြို့နယ်လက်ပံရေကျော်ကျေးရွာအုပ်စုတာကွေ့ရွာတွင်ဖျက်ဆီးခံထားရသည့် အစ္စလာမ်ဘာသာဝင်
များပိုင်စာသင်ကျောင်းအား ဘေးဘက် ယာယီ အမိုးအကာများ ပြန်ုလည် တပ်ဆင်ခြင်းကို ဒေသခံ အချို့ မကျေနပ်ပာုဆိုကာရွာအုပ်ချုပ်ရေးမှုးဦးမောင်ဝင်းက"အခုမဖျက်ရင်ဒီည အကြမ်းဖက်မယ်လို့ လူတွေစုနေပြီ" ပာုဒေသခံအစ္စလာမ်ဘာသာဝင်များအားယခုလ၁၃ရက်နေ့တွင်ခြိမ်းခြောက်ပြောကြားသဖြင့် ပြန်လည်ဖျက်
သိမ်းပေးခဲ့ရကြောင်းသိရသည်။
"အခုမဖျက်ရင်ဒီညအကြမ်းဖက်မယ်လို့လူတွေစုနေပြီ၊ငါတို့သတင်းရထားတယ်လို့ ဦးမောင်ဝင်းကလာပြော
တာပါ။သူနဲ့အတူဆယ်အိမ်မှုးဦးစိန်သောင်းလည်းပါတယ်။အရင်လတုန်းကအကြမ်းဖက်တဲ့အထဲမှာပါတဲ့ ခေါင်း
ဆောင်ပိုင်းတချို့ကညနေ၄နာရီလောက်မှာကျောင်းရှေ့ကိုလာတယ်။ည၆နာရီလောက်ကျတော့ ဦးမောင်
ဝင်းတို့ကအဲသလိုလာပြောတော့တာပဲ"ပာုဒေသခံမွတ်စလင်မ်တစ်ဦးကမြန်မာမွတ်စလင်မ် မီဒီယာသို့ပြော
သည်။


အကြမ်းဖက်ရာတွင်အဓိကခေါင်းဆောင်ပိုင်းအချို့မှာမင်းလှမြေစာရင်းဦးစီးဌာနမှစာရေးဇာနည်ကျော်ထိုက်
၊ဗောဒိကုန်းရွာနေရခိုင်လူမျိုးဦးဘဖေ၊ရေကျော်အရှေ့ပိုင်းနေဦးဖိုးကျပ်(ခ)ဦးသန်းမြင့်၊ ဦးသန်းသန်းအောင်နှ
င့်ဇနီးပြုံးပြုံးသီ၊နှမ်းကုန်းကျေးရွာနေဦးအုန်းငွေစသည့်ဘာသာရေးအစွန်းရောက် ဂိုဏ်းဝင်များဖြစ်ကြောင်း
သိရသည်


"မွတ်စလင်မ်တွေကို အကြမ်းဖက်တိုက်ခိုက်တုန်းက ဦးဘဖေ က အဆိုးဆုံးပါပဲ။အစပိုင်းမှာ ဦးဇင်းတွေ ၀င်ထိန်းလို့အေးသွားတော့မလိုဖြစ်နေတဲ့လူအုပ်ကိုသူက ဆိုင်ကယ်နဲ့လိုက်ပတ်ပြီး အော်အော်ပြီးလှုံ့ဆော်
တာပါ "ပာုလည်း အထက်ပါဒေသခံကပင်ဆက်လက်ပြောကြားသည်။


တာကွေ့ရွာရှိ အထက်ပါ အစ္စလာမ်ဘာသာရေး အဆောက်အအုံသည်သည် မတ်လ ၂၄ ရက်ည၉း၃၀ အချိန်မှ စတင်ကာ ၉၆၉ ဂိုဏ်းဝင်များ၏အကြမ်းဖက်တိုက်ခိုက်မှုတွင် အကာအကွယ်မဲ့ဖျက်ဆီးခံခဲ့ရပြီး အမိုး အကာများ၊ဘေးဘက်နံရံများ၊၀ိုသူပောာက်စ်(အစ္စလာမ်ဘာသာဝင်များဝတ်ပြုရန်အတွက် ခန္ဒာကိုယ်ကိုသန့်
စင်ဆေးကြောသည့်နေရာ)အပါအ၀င်အခြားသောအကြမ်းဖက်ဖျက်ဆီးခံရမှုများစွာရှိခဲ့သည်။ အကြမ်းဖက်
အုပ်စုများသည်ကျောင်းဝင်းအတွင်းရှိအုန်းပင်ကိုပါခုတ်လှဲကာကျောင်းအဆောက်အဦးအပေါ် သို့လှဲချခဲ့
ကြောင်းလည်း မျက်မြင်သက်သေများ၏ ပြောကြားချက် အရသိရသည်။


အကြမ်းဖက်သမားများကို အရေးယူမှုမရှိသဖြင့် ယခုရက်ပိုင်းအတွင်း သွေးတိုးစမ်းဆောင်ရွက်ချက်များရှိလာကြောင်းလည်းသိရသည်။ဧပြီ ၁၅ ရက်ညပိုင်းတွင် လျှမ်းလျှမ်းတောက် အခွေ အဌားဆိုင် မှ လူတစ်စုက ဖျက်ဆီးခံထားရသည့် အစ္စလာမ်ဘာသာရေးစာသင်ကျောင်းဘက်သို့ ည ၁၁ နာရီဝန်းကျင်တွင် ၂ ကြိမ်တိုင်တိုင် လောက်လေးဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရသည်။


"မင်းလှ မြေစာရင်းရုံးက စာရေး ဇာနည်ကျော်ထိုက်ဖွင့်ထားတဲ့ အခွေဌားဆိုင်ကလူတွေပြစ်တာပါ။သူ့ဆိုင်က လူစုံတယ်လေ။အကြမ်းဖက်တဲ့ ညတုန်းကလည်းသူ့ဆိုင်မှာ တစ်စုစုပြီးစထွက်တာပါ။သူ့ဆိုင်နဲ့ကျောင်းနဲ့က ကိုက် ၁၀၀ လောက်ပဲဝေးတယ်"ပာုတာကွေ့ကျေးရွာသားတစ်ဦးကပြောသည်။


အုတ်ဖိုမြို့နယ် သရက်ကုန်းကျေးရွာနေ ဦးမဲကြီးနှင့် ဒေါ်တင်ဝင်း သား စိန်ဝင်း (ပါ၃ဦး)က လည်း ဧပြီ ၁၆ ရက်နေ့တွင် အစ္စလာမ်ဘာသာဝင်များအား ဆဲဆိုမှု ၂ ကြိမ်ကို နေ့လည် ၂ နာရီတွင် လမ်းမပေါ်တွင် ပထမ အကြိမ်၊ ည ၆ နာရီတွင် အစ္စလာမ်ဘာသာဝင် ကိုကျော်တင့် ပိုင်ခြံဝင်း အတွင်းသို့ ၀င်ရောက်ကာ ဒုတိယ အကြိမ် ရမ်းကားခဲ့သော်လည်း အရေးယူခြင်း မခံခဲ့ရကြောင်း ဒေသခံ မွတ်စလင်တစ်ဦး၏ပြောကြားချက် အရသိရသည်။
ပိာန်းအောင်
Myanmar Muslim.Net, Rangonnewsdaily
RND:17.4.2013 

0 comments:

Post a Comment