Pages

Sunday, April 7, 2013

ငွေရောင်တောက်ပနေတဲ့ အလျူမီနီယံ ကိုယ်ထည် နဲ့ နှစ်ခြိုက်ဖွယ်ပုံစံရှိနေတဲ့ HTC One

"HTC One အကြောင်းပြောရအောင်"

ငွေရောင်တောက်ပနေတဲ့ အလျူမီနီယံ ကိုယ်ထည် ၊ မိမိနှစ်သက်ရာ ကဏ္ဍတွေ ထည့်ထားတဲ့
Live Home Screen ၊ ကိုယ့်ဘ၀ရဲ့ အမှတ်တရ ဓာတ်ပုံ မှတ်တမ်း ၊ အသံကြည်လင်ပြတ်သားတဲ့ အပေါ်နဲ့ အောက် စပီကာ .. စတာတွေ နဲ့  HTC One ဖုန်းအသစ်လေးဟာ သင့်ဘ၀အတွက် ကောင်းမွန်တဲ့ စမတ်ဖုန်း တစ်လုံး အဖြစ် အတွေ့ အကြုံ အသစ်တွေ ပေးဖို့ လာပါပြီ ။

ဒီဇိုင်း..
4.7 လက်မ (1080p) LCD display လေးထောင့်အပြား အလျူမီနီယံ အလွှာပါးပါး
သတ္တု ၊ ဖန်သားမျက်နှာပြင် ၊ ပိုလီမာအမျိုးအစား ပလပ်စတစ် တို့ နဲ့ ဖက်စပ် ပြုလုပ်ထားပါတယ်။

ပါဝင်တဲ့ အရာများ..
1.7GHz quad-core Snapdragon 600 processor နဲ့ 
Android OS, v4.1.2 (Jelly Bean) ကို အသုံးပြုထားပြီး version 4.2.2 အထိUpgrade လုပ်နိုင်ပါတယ်။ Li-Po 2300 mAh ဘထ္ထရီ ၊ 2 GB RAM သုံးထားပြီး  Memory 32 GB နဲ့  64 GB နှစ်မျိုးထွက်ရှိပါတယ်။

ကင်မရာ အရည်အသွေး..
4 megapixels ရှိ ဖုန်း ကင်မရာ ဖြစ်ပါတယ်။ ရိုက်ပြီး ထွက်လာမဲ့ ပုံ ဆိုဒ်က 2688 x 1520 pixels ရှိပါတယ်။ auto focus နဲ့ LED flash အသုံးပြုလို့ ရပါတယ်။

Video Player မှာ 469 Pixel ရှိ ကြည်လင်ပြတ်သားမှုကို တွေ့ ရမှာ ဖြစ်ပါတယ်။ စပီတာ နှစ်ခု ပါတဲ့ အတွက် အသံ ထွက်ရှိ မှု နှုန်းမှာလည်း ကျယ်လောင်ပြီး ကြည်လင်မှုကို ခံစားရမှာ ဖြစ်ပါတယ်။

BlinkFeed Feature လို့ အမည်ပေးထားတဲ့ Screen display ကတော့ Home Screen ကို လက်ချောင်းလေးများနဲ့ ထိတွေ့ ရင်း ဖြတ်ခနဲ ရွေ့ လျားမှုကို ခံစားရမှာပါ ။

အရောင်ရွေးချယ်မှု အနေနဲ့ ခဲရောင် (သတ္တူရောင် ) နဲ့ အနက်ရောင် နှစ်မျိုး ထုတ်လုပ်မှာ ဖြစ်ပြီး April 13 ရက်နေ့ မှာတော့ စင်္ကာပူမှာ 32GB Version ကို စင်္ကာပူဒေါ်လာ $968 နဲ့  64GB version ကို $1068 ဆိုပြီး စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ ချွင်းချက်အနေနဲ့ အနက်ရောင် ကတော့ မေလမှ ဖြန့် ချီမယ်လို့ ဆိုထားပါတယ်။

HTC one ကတော့ ယခုထွက်ရှိလာမဲ့ Samsung 4 ကိုတောင် ယှဉ်ပြိုင်နိုင်ဖွယ် ရှိတယ်လို့  သတင်းစကားများ အရ သိရပါတယ်။

---
Mobile News / ndtv

Freddy ( Stuff Myanmar )

Rangonnewsdaily
RND:7.4.2013

0 comments:

Post a Comment