Pages

Sunday, April 7, 2013

သင်္ကြန်မတိုင်မှီ ဆိုရှယ် မီဒီယာ များတွင် မိတ္ထီလာ အရေးအခင်း သတ်ဖြတ်သောပုံများ ကျယ်ပြန့်စွာ ထွက်ပေါ်လာ

မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလသည် ဥရောပတိုက်ရှိ ခရစ်စမတ်ကာလ အရှေ့အာရှရှိ တရုတ်နှစ်သစ်ကူး ကာလများကဲ့သို့ မြန်မာနိုင်ငံ၏ အစိုးရ ရုံး ပိတ်ရက်ရှည် ကာလတစ်ရပ်ဖြစ်ပါသည်။ အဆိုပါ ရက်များအတွင်း သက်ဆိုင်ရာ အစိုးရရုံးများ အားလုံးပိတ်ကြပါသည်။ သာမာန်အချိန်ကာလများတွင်ပင် အဆိုပါ ရုံးပိတ်ရက်ရှည်ကို အခွင့်ကောင်းယူပြီး ၀ိသမလောဘသမား စီးပွားရေးသမားတို့ ဥပဒေဘောင်ကျော် ဆောင်ရွက်လေ့ရှိသည့် ကာလလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ တစ်လျောက် လူမျိုးရေး ဘာသာရေးဆိုင်ရာ မတည်ငြိမ်မှုများ စွာဖြစ်ပွားခဲ့ရာ ဖြစ်ပွားခဲ့သော အချိန်များစွာကို သေသေချာချာ သတိထားကြည့်လျင် နိုင်ငံတော် သမ္မတကြီး ပြည်ပ ခရီးထွက်သော အချိန်ကာလများသည် ရေချိန်အမြင့်ဆုံး ကာလများဖြစ်ခဲ့သည်ကို တွေ့နိုင်ပါသည်။

မိတ္ထီလာမြို့နှင့် ပဲခူးတိုင်းအတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများအပြီး မြန်မာနိုင်ငံတ၀ှမ်းလုံးသည် အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် စိုးရိမ်ပူပန်မှုများ မြင့်မားလျက်ရှိနေသော အချိန်ကာလတစ်ရပ်ဖြစ်ပါသည်။ 
ယခုနှစ်သင်္ကြန်သည် အထက်ပါ အချက်၂ ချက်လုံးနှင့်ကိုက်ညီနေယုံမျှမက အဆိုပါ အုပ်ချုပ်ရေး လျော့ရဲမှုကို အခွင့်ကောင်းယူပြီး အကြမ်းဖက်သမားများ က တိုက်ခိုက်လာနိုင်သည်ဟူသော ကောလဟလ များ ပြည်သူများအကြား အင်တာနက် လှုမှုကွန်ယက် များမှ တဆင့်ပြန့်နှံလျက်ရှိနေသည်ကို တွေရပါသည်။

အဆိုပါ ကောလဟလများကို အထောက်အကူ ဖြစ်စေသော စာများ တရားမ၀င်ဖြန့်ချိ လာသည်ကို လည်း တွေ့နေရပါသည်။ ဘာသာတရား ၂ ခုစလုံးအကြား ရန်တိုက်ပေးသကဲ့သို့ ဖြစ်စေသော မိတ္ထီလာအရေး အခင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဓါတ်ပုံများ ရုပ်သံများ အဆက်မပြတ်ထွက်လာခဲ့ပါသည်။

အဆိုပါ ရုပ်သံများကိုလေ့လာကြည့်ပါက အကြမ်းဖက်မှုများဖြစ်ပွားနေချိန်တွင် လွတ်လပ်စွာရိုက်ကူးထားသော ရုပ်သံများဖြစ်နေသည်ကိုတွေ့နိုင်ပါသည်။ အုပ်စုတစ်စု မှ လွတ်လပ်စွာ ရိုက်ကူးရယူထားပြီးယခု အချိန်ကိုက် လှုံဆော်မှုများ ပြုလုပ်လျက်ရှိနေသည်ကို တွေ့နိုင်ပါသည်။ 
ထိုနည်းတူ လူမျိုးရေးဘာသာရေး အစွန်းရောက်မှုအား အထောက်အကူဖြစ်သော စကားရပ် ဖြစ်သည့် ``အမျိုး၊ဘာသာ၊သာသနာ´´ ဟူသည့် စကားရပ်များပါဝင်သော သီချင်းများ သံချပ်များ အားယခင်နှစ်များနှင့် မတူ ကျယ်ကျယ်ပြန့်ပြန့်ထွက် ရှိလာပြီး နံမည်ကြီး အနုပညာရှင် တစ်ချို့ပါဝင်သီဆို ခြင်းက မြန်မာပြည်အတွင်း လူမျိုးရေး မုန်းတီးမှု အန္တရာယ် ပိုမိုကြီးမြင့်လာမှုကိုဖေါ်ပြလျက်ရှိနေပါသည်။

``နံမည်ကြီး လူရွှင်တော်တွေကစပြီး နှစ်သစ်ကူး သင်္ကြန်နဲ့ မအပ်စပ်တဲ့ အမျိုး၊ဘာသာ၊သာသနာ ဆိုတဲ့ သံချပ်တွေ တိုက်ပေးနေတာ မိတ္ထီလာက ပုံတွေက အရင်တုံးက မထွက်ပဲ အခုမှ ဒင်းကြမ်းထွက်လာတယ်လေဒီသင်္ကြန်မှာ အနုပညာကို ခုတုံးလုပ်ပြီး နိုင်ငံရေး ကစားဖို့ ကြံနေကြတယ် ဆိုတာကို အားလုံးက ရိပ်မိနေတယ်။ ဒါပေမဲ့ သင်္ကြန်တွင်း မှာက လုံခြုံရေးလဲ မရှိဘာလဲမရှိနဲ့ ဆိုတော့ ပိုပြီးသတိထားရမှာပေါ့ဗျာ ´´ဟု ရန်ကုန်မြို့ခံတစ်ဦးက myanmarmuslim.net သို့ပြောကြားခဲ့ပါသည်

ဆက်လက်ပြီးနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုမြတ်နိုးတယ်ဆိုယင်ဆင်ခြင်တုံတစ်ရားထားပြီး အခြေအနေမှန်ကို သုံးသပ်သင့်တယ် နောက်ပြီး သတိထပ်ချပ်မကွာနဲ့ကိုယ့် အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးနှင့် ငြိမ်းချမ်းသာယာရေးဖို့ အသိရှိတဲ့ သူတွေ အားလုံး ၀ိုင်းဝန်းထိမ်းသိမ်းဖို့ အထူးလို အပ်နေပါတယ်ဟု ပြောကြားခဲ့ပါသည်။
သတင်း - မင်းနိုင်ဦး
 Myanmar Muslim.Net, Rangonnewsdaily
RND:7.4.2013

0 comments:

Post a Comment