Pages

Sunday, April 7, 2013

အစ္စလာမ် ဘာသာရေး အဆောက်အအုံများနှင့် ပတ်သက်ပြီး အကြံပြုခြင်း

===============

ဧပြီ ၆ -၂၀၁၃
အကြံပြုချက်ပေးပို့သူ- မောင်စိုးဦး

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော အစ္စလာမ် သာသနာဝင်များအနေနှင့် ဘာသာရေးဆိုင်ရာ သာသနိက အဆောက်အအုံများ၊ စာသင်ကျောင်းများတွင် စိတ်အေးချမ်းသာစွာ ၀တ်ပြုဆုတောင်း စာသင်ကြားနိုင်ရန် လုံခြုံမှု(Security)မှာ လွန်စွာ အရေးကြီးသော အချိန်ကာလဖြစ်ပါသည်။

သို့ပါ၍ လုံခြုံမှု(Security)အတွက် အစ္စလာမ် သာသနာဝင်များအနေနှင့် ဆောင်ရွက်သင့်သည်များကို အကြံပြုတိုက်တွန်းလိုပါသည်။
ဤအကြံပြု တိုက်တွန်းချက်သည် အစ္စလာမ်ထုတစ်ရပ်လုံးအတွက် လုပ်ဆောင်ရန် ခက်ခဲမှုမရှိပဲ လွယ်ကူ ရိုးရှင်းသည့်အတွက် ဆောင်ရွက်ရန် လွယ်ကူပြီး လုံခြုံရေးအတွက် တဘက်တလမ်းမှ များစွာ အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါသည်။
*  နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအား အစ္စလာမ်ဘာသာရေးအဆောက်အအုံများနှင့် ပတ်သက်ပြီး အကြံပြုခြင်း

ဘာသာရေးအဖွဲ့ကြီးအနေနှင့် …

    -  မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော ဗလီဝတ်ကျောင်းတော်များ၏ စာရင်းပြုစုရန်။
    -  ဗလီများ၊ ကျောင်းများ၏ သမိုင်းအထောက်အထားစုစည်းရန်။
    -  ပြည်သူများကြားတွင် ဖြစ်ပေါ်နေသည့် ဗလီဝတ်ကျောင်းများသည် တရားမဝင် ဆောက်ထားသည် ဆိုသည်မှာ မဟုတ်ကြောင်းကို မီဒီယာများနှင့် တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရန်။
    -  အဖွဲ့ကြီးတွင် ပြန်ကြားရေးကဏ္ဍကို သေချာစွာဖွဲ့စည်းပြီး စနစ်တကျလုပ်ဆောင်သွားရန်။
    -  အစ္စလာမ်ဘာသာဝင်များနှင့်ပတ်သက်သော အရေးကိစ္စရပ်များ၊ ကောလဟာလများ ဖြစ်ပေါ်လာပါက ချက်ခြင်းအချိန်မဆွဲပဲ အဖြစ်မှန်ကို မီဒီယာများကို ဖြေရှင်းရန်။
    -  ဗလီဝတ်ကျောင်းတော်များကို လေ့လာလိုသူများအားလုံးကိုလည်း သတ်မှတ်စည်းကမ်းချက်များနှင့် လေ့လာနိုင်စေဖို့ စီစဉ်ဆောင်ရွက်ပေးရန်။
    -  မွတ်စလင်မ်တို့၏ ဗလီ၊ ၀တ်ပြုပုံ၊ ၀တ်ပြုရေးဆိုင်ရာ လုပ်ဆောင်ချက်တို့နှင့် ပတ်သက်သော Documentary ရိုက်ကူး၍ နိုင်ငံပိုင်ရုပ်သံတွင် တင်ဆက်ခွင့်ရအောင်ကြိုးစားဆောင်ရွက်ရန်၊

*  အစ္စလာမ်ဘာသာရေးစာသင်ကျောင်း/ဗလီများတွင် ရှိသင့်သောအချက်များနှင့် လုပ်ဆောင်ရန်အတွက် အဖွဲ့ကြီးအနေနှင့် တိုက်တွန်းသင့်သည် အကြံပြုချက်များ

အစ္စလာမ်ဘာသာရေးစာသင်ကျောင်း/ဗလီများတွင် …

    -  CCTV ကင်မရာများ တပ်ဆင်ထားရန်။
    -  အစ္စလာမ်ဘာသာရေး စာသင်ကျောင်းများရှိ ဆရာများ၊ ကျောင်းသားများအား မီးဘေး အန္တရာယ်နှင့် ပတ်သက်သည့် သင်တန်းများ ပို့ချပေးရန်။
    -  မီးဘေး အန္တရာယ်ပေါ်ပေါက်လာပါက အရေးပေါ် မီးငြိမ်းသတ်နိုင်သည့် မီးသတ်ဆေးဗူးများ ထားရှိရန်။
    -  အရေးပေါ်အခြေအနေအတွက် အရေးပေါ်ထွက်ပေါက် မရှိထားသေးလျှင် အရေးပေါ်ထွက်ပေါက် ပြုလုပ်ထားရန်။
    -  ဗလီတလုံး/ကျောင်းတစ်ကျောင်းတွင် အနည်းဆုံး တယ်လီဖုန်း တလုံးထားရှိရန်။
    -  ကျောင်းများ/ဗလီများအနေဖြင့် အခြားသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်ရေးကွန်ရက်ထားရှိရန်။
    -  ဗလီတိုင်းတွင် ဘာသာရေးအဖွဲ့ကြီးများ၏ (မြို့နယ်၊ တိုင်း၊ ဗဟို) ဖုန်းနံပါတ်များ၊ ရဲစခန်းဖုန်းနံပါတ်၊ မီးသတ်ဌာနဖုန်း နံပါတ်၊ ဆေးရုံဖုံးနံပါတ်များအား အခြားသူများ ထင်သာမြင်သာ ရှိသောနေရာတွင် ထားရန်။
    -  သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ် အာဏာပိုင် အဖွဲ့များအနေနှင့်လည်း ကျောင်း/ဗလီ တာဝန်ရှိ သူများအနေဖြင့် အမြဲထိတွေ့အဆက်သွယ်ရှိနေရန်။
    -  မဒ်ရာဆာကျောင်းများ၊ ဟာဖိဇ်ကျောင်းများ၊ မော်လ၀ီကျောင်းများ အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သင်ရိုးညွှန်းတန်းများ ရေးဆွဲပြီး သာသနာရေး ၀န်ကြီးဌာန၊ မွတ်စလင် လူထုနှင့် မြန်မာလူထုအား ချပြရန်။

** M-Media စာဖတ်ပရိတ်သတ်တစ်ဦးပေးပို့လာ သော အကြံပြုလွှာဖြစ်ပါသည်။

M-Media ကို ဆက်သွယ်လျှင် editor@m-mediagroup.com သို့ အီးမေးလ်ပို့ ဆက်သွယ်နိုင်ပါသည်။

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော အစ္စလာမ် သာသနာဝင်များအနေနှင့် ဘာသာရေးဆိုင်ရာ သာသနိက အဆောက်အအုံများ၊ စာသင်ကျောင်းများတွင် စိတ်အေးချမ်းသာစွာ ၀တ်ပြုဆုတောင်း စာသင်ကြားနိုင်ရန် လုံခြုံမှု(Security)မှာ လွန်စွာ အရေးကြီးသော အချိန်ကာလဖြစ်ပါသည်။ သို့ပါ၍ လုံခြုံမှု(Security)အတွက် အစ္စလာမ် သာသနာဝင်များအနေနှင့် ဆောင်ရွက်သင့်သည်များကို အကြံပြုတိုက်တွန်းလိုပါသည်။

ဤအကြံပြု တိုက်တွန်းချက်သည် အစ္စလာမ်ထုတစ်ရပ်လုံးအတွက် လုပ်ဆောင်ရန် ခက်ခဲမှုမရှိပဲ လွယ်ကူ ရိုးရှင်းသည့်အတွက် ဆောင်ရွက်ရန် လွယ်ကူပြီး လုံခြုံရေးအတွက် တဘက်တလမ်းမှ များစွာ အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါသည်။

* နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအား အစ္စလာမ်ဘာသာရေးအဆောက်အအုံများနှင့် ပတ်သက်ပြီး အကြံပြုခြင်း

ဘာသာရေးအဖွဲ့ကြီးအနေနှင့် …

- မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော ဗလီဝတ်ကျောင်းတော်များ၏ စာရင်းပြုစုရန်။
- ဗလီများ၊ ကျောင်းများ၏ သမိုင်းအထောက်အထားစုစည်းရန်။

- ပြည်သူများကြားတွင် ဖြစ်ပေါ်နေသည့် ဗလီဝတ်ကျောင်းများသည် တရားမဝင် ဆောက်ထားသည် ဆိုသည်မှာ မဟုတ်ကြောင်းကို မီဒီယာများနှင့် တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရန်။

- အဖွဲ့ကြီးတွင် ပြန်ကြားရေးကဏ္ဍကို သေချာစွာဖွဲ့စည်းပြီး စနစ်တကျလုပ်ဆောင်သွားရန်။

- အစ္စလာမ်ဘာသာဝင်များနှင့်ပတ်သက်သော အရေးကိစ္စရပ်များ၊ ကောလဟာလများ ဖြစ်ပေါ်လာပါက ချက်ခြင်းအချိန်မဆွဲပဲ အဖြစ်မှန်ကို မီဒီယာများကို ဖြေရှင်းရန်။

- ဗလီဝတ်ကျောင်းတော်များကို လေ့လာလိုသူများအားလုံးကိုလည်း သတ်မှတ်စည်းကမ်းချက်များနှင့် လေ့လာနိုင်စေဖို့ စီစဉ်ဆောင်ရွက်ပေးရန်။

- မွတ်စလင်မ်တို့၏ ဗလီ၊ ၀တ်ပြုပုံ၊ ၀တ်ပြုရေးဆိုင်ရာ လုပ်ဆောင်ချက်တို့နှင့် ပတ်သက်သော Documentary ရိုက်ကူး၍ နိုင်ငံပိုင်ရုပ်သံတွင် တင်ဆက်ခွင့်ရအောင်ကြိုးစားဆောင်ရွက်ရန်၊

* အစ္စလာမ်ဘာသာရေးစာသင်ကျောင်း/ဗလီများတွင် ရှိသင့်သောအချက်များနှင့် လုပ်ဆောင်ရန်အတွက် အဖွဲ့ကြီးအနေနှင့် တိုက်တွန်းသင့်သည် အကြံပြုချက်များ

အစ္စလာမ်ဘာသာရေးစာသင်ကျောင်း/ဗလီများတွင် …

- CCTV ကင်မရာများ တပ်ဆင်ထားရန်။

- အစ္စလာမ်ဘာသာရေး စာသင်ကျောင်းများရှိ ဆရာများ၊ ကျောင်းသားများအား မီးဘေး အန္တရာယ်နှင့် ပတ်သက်သည့် သင်တန်းများ ပို့ချပေးရန်။

- မီးဘေး အန္တရာယ်ပေါ်ပေါက်လာပါက အရေးပေါ် မီးငြိမ်းသတ်နိုင်သည့် မီးသတ်ဆေးဗူးများ ထားရှိရန်။
- အရေးပေါ်အခြေအနေအတွက် အရေးပေါ်ထွက်ပေါက် မရှိထားသေးလျှင် အရေးပေါ်ထွက်ပေါက် ပြုလုပ်ထားရန်။

- ဗလီတလုံး/ကျောင်းတစ်ကျောင်းတွင် အနည်းဆုံး တယ်လီဖုန်း တလုံးထားရှိရန်။

- ကျောင်းများ/ဗလီများအနေဖြင့် အခြားသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်ရေးကွန်ရက်ထားရှိရန်။

- ဗလီတိုင်းတွင် ဘာသာရေးအဖွဲ့ကြီးများ၏ (မြို့နယ်၊ တိုင်း၊ ဗဟို) ဖုန်းနံပါတ်များ၊ ရဲစခန်းဖုန်းနံပါတ်၊ မီးသတ်ဌာနဖုန်း နံပါတ်၊ ဆေးရုံဖုံးနံပါတ်များအား အခြားသူများ ထင်သာမြင်သာ ရှိသောနေရာတွင် ထားရန်။

- သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ် အာဏာပိုင် အဖွဲ့များအနေနှင့်လည်း ကျောင်း/ဗလီ တာဝန်ရှိ သူများအနေဖြင့် အမြဲထိတွေ့အဆက်သွယ်ရှိနေရန်။

- မဒ်ရာဆာကျောင်းများ၊ ဟာဖိဇ်ကျောင်းများ၊ မော်လ၀ီကျောင်းများ အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သင်ရိုးညွှန်းတန်းများ ရေးဆွဲပြီး သာသနာရေး ၀န်ကြီးဌာန၊ မွတ်စလင် လူထုနှင့် မြန်မာလူထုအား ချပြရန်။

M-Media ကို ဆက်သွယ်လျှင် editor@m-mediagroup.com သို့ အီးမေးလ်ပို့ ဆက်သွယ်နိုင်ပါသည်။
 
အကြံပြုချက်ပေးပို့သူ- မောင်စိုးဦး
ရန်ကုန်နယူးဒေးလီးစ်
ရန်ကုန်- ၆.၄.၂၀၁၃

0 comments:

Post a Comment