Pages

Sunday, April 7, 2013

မွဆ်လင်မ်များ ဗုံးခွဲတိုက်ခိုက်မည်ဟု အာဏာပိုင်များ မဟုတ်မမှန်လှုံဆော်နေ

ဗုံးခွဲတိုက်ခိုက်မည်ဟု အာဏာပိုင်များ သတိပေးသည်မှာ အမုန်းပွားစေရန် ရည်ရွယ်ချက်ရှိရှိ ၀ါဒဖြန့်နေခြင်းသာဖြစ်ဗုံးခွဲ တိုက်ခိုက်မည့် သတင်းကြောင့် အာဏာပိုင်များက ဘူးသီးတောင်တွင်မြို့နယ်တွင် အထောက်အထား မခိုင်လုံဘဲ အာဏာပိုင်များ သတိပေးသည်ဟု ရခိုင်သတင်းဌာနတစ်ခုတွင် ယုတ္တိမရှိစွာ ဖော်ပြခဲ့သည့်သတင်းအရ ရိုဟင်ဂျာလူမျိုးများအပေါ် မြန်မာပြည်သူများမှ ပိုမိုမုန်းတီးစိတ်များ ဖြစ်လာစေရန် ရည်ရွယ်ချက်ရှိရှိ ၀ါဒဖြန့်ခြင်းသက်သက်သာ ဖြစ်ကြောင်း Arakan News သတင်းတစ်ရပ်အရ သိရပါတယ်။ အမှန်တကယ် ဗုံးကြဲမည့်သတင်းအား ခိုင်မာတိကျစွာ ရရှိပါက ဗဟိုအစိုးရသို့ သတင်းပေးခြင်း၊ လုံခြုံရေးအတွက် ဆာင်ရွက်ရခြင်း၊ မည်သည့်နေရာမှ လာရောက်၍ ဗုံး ကြဲမည်ကို သတင်းစာ ရှင်းလင်ပွဲများ ပြုလုပ်ကြခြင်း၊ ကုလသမဂ္ဂသို့ တိုင်တန်းခြင်း စသည်တို့အား ဆောင်ရွက်ကြမည်ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားပါတယ်။

၎င်းကိစ္စများ ဘာတစ်ခုမှ ဆောင်ရွက်ခြင်းမရှိဘဲ အသားလွတ် ၀ါဒဖြန့်ခြင်းသက်သက်သာဖြစ်ကြောင်းနဲ့ အဆိုပါလုပ်ရပ်များအား အစ္စလာမ်ဘာသာဝင်များဘက်မှ ဘယ်တော့မှ စတင်လုပ်ဆောင်လိမ့်မည်မဟုတ်ကြောင်း၊ လုပ်ဆောင်ခဲ့မည်ဆိုပါက ယခုအချိန်တွင် အခြားသော တိုင်းရင်းသားများနည်းတူ အခွင့်အရေးတစ်ခုခု ရရှိနေမည်ဖြစ်ကြောင်း၊
 မြန်မာနိုင်ငံသမိုင်းတွင် ပထမဆုံးသော လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်သည့် တိုင်းရင်းသားမှာ ရိုဟင်ဂျာတိုင်းရင်းသားများသာ ဖြစ်ကြောင်း အစ္စလာမ်ဘာသာဝင်များဖြစ်၍ ငြိမ်းချမ်းရေးကို အစဉ်အမြဲလိုလားပါကြောင်း၊ 
ယခုအခါ မွတ်စလင်မ်များအား အဆုံးအစွန်းသို့ရောက်သည်အထိ ဖိနှိပ်ထားကြသည်ကို ဉာဏ်ပညာ ဦးနှောက်ရှိသောသူတိုင်းက သိနှင့်နေပြီး၊ ကမ္ဘာပေါ်မှ လူ့အခွင့်အရေး လေးစားလိုက်နာသည့် လူတန်းစားတိုင်းက မြန်မာပြည်မှ မွတ်စလင်မ်များရဲ့ ခွင့်လွှတ်သည်းခံမှုအပေါ် အားမလို အားမရ ဖြစ်နေကြကြောင်း အစရှိသည်များကို အင်တာနက်ဖေ့စ်ဘွက်သုံးစွဲသူ လူငယ်တစ်ဦးက ပြောပြပါတယ်။

အလင်းမျက်ဝန်း
Rangonnewsdaily
RND:7.4.2013

0 comments:

Post a Comment