Pages

Saturday, April 27, 2013

နိုင်ငံတကာအကူအညီများ တောင်းပေးမည်ဟု တောင်သူများအား ဒေါ်အောင်ဆန်းစုကြည်ကတိပြု

ဒေါ်အောင်ဆန်းစုကြည်က အတိုးနည်းသည့် နှစ်ရှည်ချေးငွေများနှင့် လယ်ယာသုံးစက်ကိရိယာများအတွက် အကူအညီတောင်းပေးမည်ဟု လယ်သမားများအား ကတိပေးထားကြောင်း မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းမှ သတင်းရရှိသည်။ လယ်သမားများက အကြွေးပြဿနာဖြေရှင်းပြီး စိုက်ပျိုးစရိတ်ရရှိရန် ရိတ်သိမ်းခြွေလှေ့စက်ကဲ့သို့ လယ်ယာသုံး စက်ကိရိယာများကိုနိုင်ငံတကာမှ အကူအညီများရအောင်တောင်းပေးမည်ဟု ဧပြီ ၂၄ က ၎င်းနေအိမ်၌ လယ်သမားများနှင့် တွေ့ဆုံပွဲတွင် ပြောကြားထားကြောင်း
မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း အထွေထွေအတွင်းရေးမှူး ဦးသိန်းအောင်က ပြောကြားသည်။

“လယ်မြေသိမ်းမှုတွေကတော့ သူတိုက်ရိုက်မကူညီနိုင်ဘူး။ ကူညီနိုင်သူတွေကို တစ်ဆင့်ပြောပေးမယ်လို့ပြောတယ်”ဟု ဦးသိန်းအောင်က ဆိုသည်။

အဆိုပါတွေ့ဆုံပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ လယ်သမားကိုယ်စားလှယ်ပေါင်း ၂၀ ဦး တက်ရောက်သည်။

အဆိုပါဆွေးနွေးပွဲတွင် လယ်သမားအများစု တင်ပြသည်မှာ အကြွေးကိစ္စ အဓိကဖြစ်ပြီး လယ်မြေသိမ်းမှုများလည်း ပါဝင်သည်။

လယ်သမားများ တောင်းဆိုမှုမှာ နိုင်ငံတော်အစိုးရမှ စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ရမည့် အချိန်ပိုမိုတိုးမြှင့်ေ
ရး၊ ပဲနှမ်းစိုက်ပျိုးသည့် ယာမြေများကိုလည်း စိုက်ပျိုးစရိတ် ချေးငွေကို ယခုထက်ပိုမိုးတိုးမြှင့်ပေးရေး၊ ဥယျာဉ်ခြံစိုက်ပျိုးသူများကိုလည်း ချေးငွေပေးနိုင်ရေး လယ်သမားများက တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
7Day News Journal, Rangonnewsdaily
RND:  :27.4.2013

0 comments:

Post a Comment

 
world time