BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

မိတ္ထီလာတွင် အစ္စလာမ် ဘာသာဝင်များပိုင် ပစ္စည်းများကို ပေါ်ပေါ်ထင်ထင် ယူငင်ခြင်းများ ရှိနေ

(ဧပြီ ၂၇)

မိတ္ထီလာမြို့တွင် အစ္စလာမ် ဘာသာဝင်များအား မြို့လုံးကျွတ် သတ်ဖြတ် ဖျက်ဆီးမှုများ အခိုက်အတန့်အားဖြင့် ရပ်တန့်သွားသော်လည်း ဖျက်ဆီးခံထားရသည့် အစ္စလာမ် ဘာသာဝင်များပိုင် နေအိမ်များ၊ ဆိုင်ခန်းများမှ ပိုင်ဆိုင်မှုများကို လူစည်ကားရာ အချိန်တွင်ပင် အကြမ်းဖက် အုပ်စုများက ထင်ထင်ပေါ်ပေါ် လာရောက် ယူငင်နေမှုများ ရှိကြောင်း မိတ္ထိလာမြို့တွင်နေထိုင်သူ တစ်ဦးက မြန်မာမွတ်စလင်မ် မီဒီယာသို့ ပြောသည်။
ကျွန်တော့အိမ် ခြံတံခါးသော့ခေတ်ထားတယ်။ ဖျက်ခံထားရတဲ့ အိမ်တံခါးတွေကို ပြန်ပိတ်ထားခဲ့တာကို နေ့ခင်းကြောင်တောင်မှာ ပြန်ဖျက်ယူတာ။ ယူတဲ့လူက ငါးယောက်လောက် ရှိတယ် ဆိုင်ကယ် ၂ စီးနဲ့ နံပါတ်တော့ မပါဘူး

ပာု မြို့ဦးဗလီ အနီးနေထိုင်သည့် နေထို်င်သူတစ်ဦးက မိမိအိမ်သို့ အပြန်မြင်တွေ့ ရသည့် မြင်ကွင်း ကို ပြောသည်။

ဖျက်ဆီးခံထားရသည့် မြို့ဦးဗလီ တည်ရှိရာ ရန်ကုန်-မန္တလေး လမ်းမတွင် ရဲများ ရှိနေသော်လည်း အထက်ပါ အတိုင်း ထင်ထင်ပေါ်ပေါ် ပစ္စည်း ယူငင်နေမှုများကို စစ်ဆေးမေးမြန်းခြင်း၊ အရေးယူခြင်း မရှိကြောင်းလည်း အထက်ပါ ဒေသခံ အစ္စလာမ် ဘာသာဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
 
သတင်း – ပာိန်းအောင်  
Myanmar Muslim.Net , Rangonnewsdaily
RND:  :27.4.2013