Pages

Saturday, April 27, 2013

သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ပေးသူများထဲတွင် ဘိန်းဘုရင် ခွန်ဆာ၏အဖွဲ့ဝင် ၄၀ကျော်ပါဝင်

သမတ္တလွတ်ငြိမ်းချမ်းသာတွင် ဘိန်း
ရာဇာ မှ လူ ၄၀ ပါဝင်
သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများထဲတွင် ဘိန်းဘုရင် ခွန်ဆာ၏ မော်ထိုင်း တပ် မေတာ် (MTA) ခွဲထွက် အဖွဲ့ဖြစ်သည့် ရှမ်းပြည် အမျိုးသား တပ်မတော်(SSNA) မှ တပ်ဖွဲ့ဝင် ၄၀ ကျော် လည်း ပါဝင်ကြောင်း သိရသည်။

လွတ်မြောက်လာသူများသည် SSNA တပ်မဟာ ၁၁ မှ တပ်ဖွဲ့ဝင်များးဖြစ်ကြောင်းသိရပြီး တပ်သား စိုင်း အုန်းမောင်၊ အိုက်ခမ်း၊ အိုက်အောင်၊ လှဝင်းမောင်နှင့် အိုက်စမ်တို့ အပါအဝင် တပ်ဖွဲ့ဝင် ၄၅ ဦးကို ၂၀၀၂ ခုနှစ် ဇန်နဝါရီလ က အစိုးရနှင့် တိုက်ပွဲဖြစ်ပြီး မကြာမီ မူးယစ်ဆေးဝါးမှုဖြင့် နှစ်အကန့်အသတ်မရှိ ထောင် ချ ခံခဲ့ရသူများ ဖြစ်ကြောင်း ရှမ်း အမျိုးသား ဒီမိုကေရစီ အဖွဲ့ချုပ်(SNLD) ကပြောသည်။

“အရင်တုန်းက တပ်မဟာမှူးတဦးက လက်နက်ချရင် တပ်သား ၄၀ လုံး ပြန်လွှတ်ပေးမယ်လို့ ပြောလို့ လက် နက် ချခဲ့ ပေမယ့် လွှတ် မပေးခဲ့ဘူး၊ သူတို့အားလုံးက မတရား ဖမ်းဆီးခံခဲ့ရတဲ့ တပ်သားတွေဖြစ်တယ်”ဟု SNLD တွဲဖက် အတွင်းရေးမှူး ဦးစိုင်းလိတ်က ဧရာဝတီသို့ ပြောသည်။

၎င်းတို့ လွတ်မြောက်ရေး အတွက် ဧပြီ ၁၁ ရက် က SNLD ပါတီမှ ဦးဆောင်၍ နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီသို့ တင်ပြ ခဲ့ခြင်း ဖြစ်ကြောင်း ဦးစိုင်းလိတ်က ဆက်၍ ပြောဆိုသည်။

SSNA တပ်မဟာ ၁၁ သည် ဘိန်းဘုရင် ခွန်ဆာ၏ မော်ထိုင်း တပ်မတော်(MTA)မှ ခွဲထွက်ခဲ့သည့် ဗိုလ်မှူးကြီး စိုင်းကန်းယွက် ၏ လက်အောက်ခံ တပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။

စတင်ဖမ်းဆီးခံရချိန်က တပ်ဖွဲ့ဝင် ၄၅ ဦး ဖြစ်ပြီး ၂ ဦးမှာ ထောင်တွင်း၌ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြောင်း၊ ၃ ဦးမှာ ကျန်းမာရေးကြောင့် သေဆုံးခဲ့ကြောင်း၊ ၎င်းတို့ အားလုံးကို ပဲခူးတိုင်း သာယာဝတီ အကျဉ်းထောင်မှ လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း SNLD က ပြောသည်။

လွတ်လာသူ အားလုံးကို ၎င်းတို့၏ မိဘဆွေမျိုးများနှင့် တွေ့ဆုံ အပ်နှင်းပွဲကို SNLD ရုံးတွင် ကျင်းပမည်ဟုလည်း ဦးစိုင်းလိတ်ထံမှ သိရသည်။

ရှမ်းတပ် ပြောရေးဆိုခွင့်ရှိသူတဦးက အစိုးရနှင့် ပဏာမအပစ်အခတ်ရပ်ဆဲထား
သော ရှမ်းပြည်တပ်မတော် တောင်ပိုင်း(SSA-S) က အစိုးရနှင့် ဆွေးနွေးပွဲများတွင် ၎င်းတို့ တပ်ဖွဲ့များနှင့် ဆက်နွယ်မှုဖြင့် ဖမ်းဆီး အကျဉ်းချခံထားရသူများကို လွှတ်ပေးရန် အကြိမ်ကြိမ် တောင်းဆို ထားသော်လည်း လွှတ်ပေးခြင်း မရှိကြောင်း ပြောသည်။

“လွတ်တဲ့အထဲမှာ ရှမ်းတပ်ဖွဲ့တွေပါတယ်ဆိုတော့ ကျနော်တို့လည်း လိုက်စုံစမ်းကြည့်တယ်၊ ကျနော်တို့လူ တယောက်မှ ပါမလာ ဘူး၊ အစိုးရကို ကျနော်တို့နဲ့ ဆက်နွယ်ပြီး ကျထားတဲ့ လူတွေပြန်လွှတ်ပေးဖို့တောင်းဆိုထားတာ ဆိုတော့ လွှတ်ပေးမယ်ထက်တာ။ တယောက်မှ ပါမလာဘူး”ဟု SSA-S ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆို က ဧရာဝတီသို့ပြောသည်။

SSA-S နှင့် ဆက်နွယ်မှုဖြင့် ဖမ်းဆီးထောင်ချခံထားရသူ စုစုပေါင်း ၅၀ ကျော်ရှိကြောင်း အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် တွေ့ဆုံသည့် အကြိမ်များတွင် အဆိုပါ ဖမ်းဆီးခံထားရသူများကို လွှတ်ပေးရန် တောင်းဆိုထားကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ကလည်း ဧရာဝတီနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောဆိုခဲ့ဖူး သည်။

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSA-N) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှကလည်း ၎င်းတို့အဖွဲ့အ စည်း မှ ပုဒ်မ ၁၇/၁ ဖြင့် အရေးယူ ခံရပြီး လွတ်မြောက်လာသည့် ကိုလဟန် တဦးတည်းသာ ရှိသေး
ကြောင်း၊ အခြားလူများ ပါဝမူ ရှိ မရှိကိုမှု မသိရှိရသေးကြောင်း ပြောဆိုသည်။ ထို့အပြင် SSA-N မှ အကျဉ်း ကျခံနေရသည့် အကျဉ်းသား ၄ ဦး ကျန်နေသေးကြောင်းလည်း ပြောသည်။

“အစိုးရနဲ့ ဆွေးနွေးပွဲလုပ်တုန်းကတော့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ဆိုပြီး တောင်းဆိုထားတာ၊ ပြီးခဲ့တဲ့နေ့က လွှတ် ပေးတာတော့ ကျနော်တို့ဆီက တယောက်ပဲ ပါတယ်လို့ စာရင်းရထားတယ်”ဟု ဗိုလ်မှူး စိုင်းလှ က ဧရာဝတီ သို့ ပြောသည်။

ဧပြီ ၂၄ ရက်စွဲဖြင့် ထုတ်သည့် နိုင်ငံ ပိုင်းသတင်းစာများတွင် နိုင်ငံတော်သမ္မတ သည် နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင် ခွင့် ရရှိစေရး၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးခြင်း၊ နိုင်ငံ အချင်းချင်း မိတ်မပျက်ရေး တို့ကို ရှေးရှုကာ အကျဉ်း သား/အကျဉ်းသူ ၉၃ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ယခု လွတ်မြောက်လာသည့် စာရင်းတွင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း အင်းစိန်ထောင်မှ ၆ ဦး၊ သာယာ ဝတီထောင်မှ  ၄၂ ဦး၊ ပခုက္ကူထောင်မှ ၁ ဦး၊ မြင်းခြံထောင်မှ ၆ ဦး၊ သရက်ထောင်၂ ဦးနှင့် မန္တလေးေ ထာင်မှ ၂  ဦး ပါဝင်ကြောင်း သိရသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က“နိုင်ငံရေး အကျဉ်းသား တွေက သူတို့(အစိုးရ)အတွက် ဓားစာခံ သဘောမျိုးဖြစ်နေတယ်၊ အကျဉ်း သား လွှတ်ပေးမယ်ဆိုရင် နိုင်ငံပိုင် သတင်းစာကနေ တရားဝင် အရင်ဆုံး  အသိပေးကြေညာ သင့်တယ် လို့လည်း မြင်ပါတယ် ဟု သုံးသပ်သည်။

နိုင်ငံရေး အကျဉ်းသား စိစစ်ရေးအဖွဲ့များ ၏ စာရင်းပြုစုချက်များအရ နိုင်ငံ တဝန်းရှိ အကျဉ်းထောင်များ၌ နိုင် ငံရေး အကျဉ်းသား ၃၀၀ ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။

ဧရာဝတီ

နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများထဲတွင် ဘိန်းဘုရင် ခွန်ဆာ၏ မော်
ထိုင်း တပ် မေတာ် (MTA) ခွဲထွက် အဖွဲ့ဖြစ်သည့် ရှမ်းပြည် အမျိုးသား တပ်မတော်(SSNA) မှ တပ်ဖွဲ့ဝင် ၄၀
ကျော် လည်း ပါဝင်ကြောင်း သိရသည်။ လွတ်မြောက်လာသူများသည်SSNAတပ်မဟာ ၁၁ မှ တပ်ဖွဲ့ဝင်များးဖြစ်ကြောင်းသိရပြီး တပ်သား စိုင်း အုန်း
မောင်၊ အိုက်ခမ်း၊ အိုက်အောင်၊ လှဝင်းမောင်နှင့် အိုက်စမ်တို့ အပါအဝင် တပ်ဖွဲ့ဝင်၄၅ ဦးကို၂၀၀၂ ခုနှစ် ဇန်
နဝါရီလ က အစိုးရနှင့် တိုက်ပွဲဖြစ်ပြီး မကြာမီ မူးယစ်ဆေးဝါးမှုဖြင့် နှစ်အကန့်အသတ်မရှိ ထောင်ချခံခဲ့ရသူ
များ ဖြစ်ကြောင်း ရှမ်း အမျိုးသား ဒီမိုကေရစီ အဖွဲ့ချုပ်(SNLD) ကပြောသည်။

“အရင်တုန်းက တပ်မဟာမှူးတဦးက လက်နက်ချရင် တပ်သား ၄၀ လုံး ပြန်လွှတ်ပေးမယ်လို့ ပြောလို့ လက် နက် ချခဲ့ ပေမယ့် လွှတ် မပေးခဲ့ဘူး၊ သူတို့အားလုံးက မတရား ဖမ်းဆီးခံခဲ့ရတဲ့ တပ်သားတွေဖြစ်တယ်”ဟု SNLD တွဲဖက် အတွင်းရေးမှူး ဦးစိုင်းလိတ်က ဧရာဝတီသို့ ပြောသည်။

၎င်းတို့ လွတ်မြောက်ရေးအတွက်ဧပြီ၁၁ ရက် က SNLD ပါတီမှ ဦးဆောင်၍ နိုင်ငံရေး အကျဉ်းသားစိစစ်ရေး
ကော်မတီသို့ တင်ပြ ခဲ့ခြင်း ဖြစ်ကြောင်း ဦးစိုင်းလိတ်က ဆက်၍ ပြောဆိုသည်။

SSNA တပ်မဟာ ၁၁ သည် ဘိန်းဘုရင် ခွန်ဆာ၏ မော်ထိုင်းတပ်မတော်(MTA)မှခွဲထွက်ခဲ့သည့် ဗိုလ်မှူးကြီး
 စိုင်းကန်းယွက် ၏ လက်အောက်ခံ တပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။

စတင်ဖမ်းဆီးခံရချိန်က တပ်ဖွဲ့ဝင် ၄၅ ဦး ဖြစ်ပြီး၂ ဦးမှာ ထောင်တွင်း၌ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့ကြောင်း
၊ ၃ ဦးမှာ ကျန်းမာရေးကြောင့် သေဆုံးခဲ့ကြောင်း၊ ၎င်းတို့ အားလုံးကို ပဲခူးတိုင်း သာယာဝတီ အကျဉ်းထောင်
မှ လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း SNLD က ပြောသည်။

လွတ်လာသူ အားလုံးကို ၎င်းတို့၏ မိဘဆွေမျိုးများနှင့် တွေ့ဆုံ အပ်နှင်းပွဲကို SNLD ရုံးတွင် ကျင်းပမည်ဟု
လည်း ဦးစိုင်းလိတ်ထံမှ သိရသည်။

ရှမ်းတပ် ပြောရေးဆိုခွင့်ရှိသူတဦးက အစိုးရနှင့် ပဏာမအပစ်အခတ်ရပ်ဆဲထားသော ရှမ်းပြည်တပ်မတော်
တောင်ပိုင်း(SSA-S) က အစိုးရနှင့် ဆွေးနွေးပွဲများတွင် ၎င်းတို့ တပ်ဖွဲ့များနှင့်ဆက်နွယ်မှုဖြင့်ဖမ်းဆီး အကျဉ်း
ချခံထားရသူများကို လွှတ်ပေးရန် အကြိမ်ကြိမ် တောင်းဆို ထားသော်လည်း လွှတ်ပေးခြင်း မရှိကြောင်း ပြော
သည်။

“လွတ်တဲ့အထဲမှာ ရှမ်းတပ်ဖွဲ့တွေပါတယ်ဆိုတော့ ကျနော်တို့လည်း လိုက်စုံစမ်းကြည့်တယ်၊ ကျနော်တို့လူ တယောက်မှ ပါမလာ ဘူး၊ အစိုးရကို ကျနော်တို့နဲ့ ဆက်နွယ်ပြီး ကျထားတဲ့ လူတွေပြန်လွှတ်ပေးဖို့တောင်း
ဆိုထားတာ ဆိုတော့ လွှတ်ပေးမယ်ထက်တာ။ တယောက်မှ ပါမလာဘူး”ဟု SSA-S ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆို က ဧရာဝတီသို့ပြောသည်။

SSA-S နှင့် ဆက်နွယ်မှုဖြင့် ဖမ်းဆီးထောင်ချခံထားရသူ စုစုပေါင်း ၅၀ ကျော်ရှိကြောင်း အစိုးရငြိမ်းချမ်းရေး
ဖော်ဆောင်ရေး အဖွဲ့နှင့် တွေ့ဆုံသည့် အကြိမ်များတွင် အဆိုပါ ဖမ်းဆီးခံထားရသူများကို လွှတ်ပေးရန်
တောင်းဆိုထားကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ကလည်း ဧရာဝတီနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောဆိုခဲ့ဖူး သည်။

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSA-N) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှကလည်း ၎င်းတို့အဖွဲ့အ စည်း မှ ပုဒ်မ ၁၇/၁ ဖြင့် အရေးယူ ခံရပြီး လွတ်မြောက်လာသည့်ကိုလဟန်တဦးတည်းသာရှိသေးကြောင်း
၊ အခြားလူများ ပါဝမူ ရှိ မရှိကိုမှု မသိရှိရသေးကြောင်း ပြောဆိုသည်။ ထို့အပြင် SSA-N မှ အကျဉ်း ကျခံနေ
ရသည့် အကျဉ်းသား ၄ ဦး ကျန်နေသေးကြောင်းလည်း ပြောသည်။

“အစိုးရနဲ့ ဆွေးနွေးပွဲလုပ်တုန်းကတော့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ဆိုပြီး တောင်းဆိုထား
တာ၊ ပြီးခဲ့တဲ့နေ့က လွှတ် ပေးတာတော့ ကျနော်တို့ဆီက တယောက်ပဲ ပါတယ်လို့ စာရင်းရထားတယ်”ဟု ဗိုလ်မှူး စိုင်းလှ က ဧရာဝတီ သို့ ပြောသည်။

ဧပြီ ၂၄ ရက်စွဲဖြင့် ထုတ်သည့် နိုင်ငံ ပိုင်းသတင်းစာများတွင် နိုင်ငံတော်သမ္မတ သည် နိုင်ငံရေး လုပ်ငန်းစဉ်
များတွင် အားလုံးပါဝင်နိုင် ခွင့် ရရှိစေရး၊ လူသားချင်းစာနာထောက်ထားမှုကိုအလေးပေးခြင်း၊ နိုင်ငံ အချင်း
ချင်း မိတ်မပျက်ရေး တို့ကို ရှေးရှုကာ အကျဉ်း သား/အကျဉ်းသူ ၉၃ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်
ပြုလိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ယခု လွတ်မြောက်လာသည့် စာရင်းတွင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း အင်းစိန်ထောင်မှ ၆ ဦး၊ သာယာ ဝတီထောင်မှ ၄၂ ဦး၊ ပခုက္ကူထောင်မှ ၁ ဦး၊ မြင်းခြံထောင်မှ ၆ ဦး၊ သရက်ထောင်၂ ဦးနှင့် မန္တလေးေ ထာင်မှ ၂ ဦး ပါဝင်ကြောင်း သိရသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က
“နိုင်ငံရေး အကျဉ်းသား တွေက သူတို့(အစိုးရ)အတွက် ဓားစာခံ သဘောမျိုးဖြစ်နေတယ်၊ အကျဉ်း သား လွှတ်ပေးမယ်ဆိုရင် နိုင်ငံပိုင် သတင်းစာကနေ တရားဝင် အရင်ဆုံး အသိပေးကြေညာ သင့်တယ် လို့လည်း
 မြင်ပါတယ် ဟု သုံးသပ်သည်။

နိုင်ငံရေး အကျဉ်းသား စိစစ်ရေးအဖွဲ့များ ၏ စာရင်းပြုစုချက်များအရ နိုင်ငံ တဝန်းရှိ အကျဉ်းထောင်များ၌
နိုင် ငံရေး အကျဉ်းသား ၃၀၀ ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။

ဧရာဝတီ, Rangonnewsdaily
RND:  :27.4.2013

0 comments:

Post a Comment