Pages

Saturday, April 27, 2013

မြန်မာ့တက္ကသိုလ်ပညာရေး ဘက်စုံပြုပြင်ရန်လိုဟု အမေရိကန်စစ်တမ်း သုံးသပ်

မြန်မာ့တက္ကသိုလ်ပညာရေး ဘက်စုံပြုပြင်ရန်လိုဟု အမေရိကန်စစ်တမ်း
သုံးသပ်
Saturday, 27 April 2013 

မြန်မာနိုင်ငံ၏ တက္ကသိုလ်ပညာရေးစနစ် နိုင်ငံတကာနှင့်တန်းတူ ယှဉ်ပြိုင်နိုင်
ရန် သင်ရိုးညွှန်းတမ်းမှ စ၍စီမံခန့်ခွဲရေးပိုင်းအထိ ဘက်စုံပြုပြင်ရန် လိုအပ်ကြောင်း မတ်လဆန်းပိုင်းအတွင်းက မြန်မာနိုင်ငံသို့ လာရောက်
ခဲ့သော အမေရိကန်ပညာရေးအဖွဲ့ Institute of International Education (IIE) ၏ အစီ ရင်ခံစာတွင် သုံးသပ်ထားသည်။

လက်ရှိပြုပြင်ရမည့် အပိုင်းများတွင် အဆောက်အအုံ အပြင်အဆင်၊ သင်ရိုး
ညွှန်းတမ်း၊ သတင်းအချက် အလက်နှင့် နည်းပညာ၊ ဝန်းထမ်းပိုင်းဆိုင်ရာ စီမံခန့်ခွဲရေးနှင့် နိုင်ငံတကာအဆင့် ချိတ်ဆက်မှုအစရှိ သည်တို့ ပါဝင်ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာတက္ကသိုလ်များဘက်က နိုင်ငံတကာစံချိန်မီစေရန် ဆောင်ရွက်လိုသော်လည်း လက်ရှိနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး တည်ဆောက်နိုင်စွမ်းသည် ပညာရေးကဏ္ဍ၏ စိန်ခေါ်မှုနှင့် လိုအပ်ချက်များ ဖြစ်ကြောင်း ထပ်မံတင်ပြ
ထားသည်။

ထို့အပြင် အဆင့်မြင့်ပညာဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတကာပညာရေး ပူးပေါင်းမှု၊ လူမှုရေးအရင်း အနှီး (Social Capital)၊ လက်ရှိနိုင်ငံတကာနှင့် ချိတ်ဆက်မှု အားနည်းခြင်း၊ ကျောင်းသားဗဟိုပြု သင်ကြားရေးတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း IIE အဖွဲ့ကိုယ်စားလှယ်များက သုံးသပ် သည်။

"နောက်ဆိုရင် တက္ကသိုလ်ဌာနတွေ ပိုလွတ်လပ်လာမှာပါ။ တက္ကသိုလ်တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကျောင်းသားတွေရဲ့ ရွေးချယ်ခွင့်တွေ ပိုရလာမယ့်
အနာဂတ်တွေလည်း တွေ့ခဲ့ပါတယ်" ဟု အမေရိကန်ပြည်ထောင်စု ပညာရေးဆိုင်ရာဌာနက ဒုတိယလက်ထောက် အတွင်းရေးမှူးဖြစ်သူ Meghamn Curtis ကပြောဆိုသည်။

အဆင့်မြင့်ပညာရေးကဏ္ဍ တိုးတက်ရေးအတွက် အမေရိကန်တက္ကသိုလ်
များက ဆရာနှင့်ကျောင်းသားများဖလှယ်ခြင်းကို တိုးမြှင့်ခြင်း၊ စာကြည့်တိုက်
နှင့်သိပ္ပံပညာရပ်ဆိုင်ရာ ပစ္စည်းများကဲ့သို့သော အခြေခံအဆောက်အဦ တိုးတက်ရေးအတွက် ကူညီခြင်းအပြင် ဆရာများနှင့်ပညာရေးဝန်ထမ်း
များတွင် အင်္ဂလိပ်ဘာသာစွမ်းရည် တိုးမြှင့်ခြင်း ရေတိုရေလတ်စီမံကိန်း အချက်ငါးချက်ကို ယင်းအဖွဲ့က အကြံ ပြုထားသည်။

The Voice Daily

Saturday, 27 April 2013

မြန်မာနိုင်ငံ၏ တက္ကသိုလ်ပညာရေးစနစ် နိုင်ငံတကာနှင့်တန်းတူ ယှဉ်ပြိုင်နိုင်ရန် သင်ရိုးညွှန်းတမ်းမှ စ၍စီမံ
ခန့်ခွဲရေးပိုင်းအထိ ဘက်စုံပြုပြင်ရန် လိုအပ်ကြောင်း မတ်လဆန်းပိုင်းအတွင်းက မြန်မာနိုင်ငံသို့ လာရောက်
ခဲ့သော အမေရိကန်ပညာရေးအဖွဲ့ Institute of International Education (IIE) ၏ အစီ ရင်ခံစာတွင် သုံးသပ်

ထားသည်။
လက်ရှိပြုပြင်ရမည့် အပိုင်းများတွင် အဆောက်အအုံ အပြင်အဆင်၊ သင်ရိုးညွှန်းတမ်း၊ သတင်းအချက် အ
လက်နှင့် နည်းပညာ၊ ဝန်းထမ်းပိုင်းဆိုင်ရာ စီမံခန့်ခွဲရေးနှင့် နိုင်ငံတကာအဆင့် ချိတ်ဆက်မှုအစရှိ သည်တို့ ပါဝင်ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာတက္ကသိုလ်များဘက်က နိုင်ငံတကာစံချိန်မီစေရန် ဆောင်ရွက်လိုသော်လည်း လက်ရှိနိုင်ငံ၏ နိုင်ငံ

ရေးနှင့် စီးပွားရေး တည်ဆောက်နိုင်စွမ်းသည် ပညာရေးကဏ္ဍ၏ စိန်ခေါ်မှုနှင့် လိုအပ်ချက်များ ဖြစ်ကြောင်း ထပ်မံတင်ပြထားသည်။

ထို့အပြင် အဆင့်မြင့်ပညာဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတကာပညာရေး ပူးပေါင်းမှု၊ လူမှုရေးအရင်း အနှီး (Social Capital)၊ လက်ရှိနိုင်ငံတကာနှင့် ချိတ်ဆက်မှု အားနည်းခြင်း၊ ကျောင်းသားဗဟိုပြု သင်ကြားရေးတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း IIE အဖွဲ့ကိုယ်စားလှယ်များက သုံးသပ် သည်။

"နောက်ဆိုရင် တက္ကသိုလ်ဌာနတွေ ပိုလွတ်လပ်လာမှာပါ။တက္ကသိုလ်တွေရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကျောင်း

သားတွေရဲ့ ရွေးချယ်ခွင့်တွေ ပိုရလာမယ့်အနာဂတ်တွေလည်း တွေ့ခဲ့ပါတယ်" ဟု အမေရိကန်ပြည်ထောင်
စု ပညာရေးဆိုင်ရာဌာနက ဒုတိယလက်ထောက် အတွင်းရေးမှူးဖြစ်သူ Meghamn Curtis ကပြောဆိုသည်။

အဆင့်မြင့်ပညာရေးကဏ္ဍ တိုးတက်ရေးအတွက် အမေရိကန်တက္ကသိုလ်များက ဆရာနှင့်ကျောင်းသားများ

ဖလှယ်ခြင်းကို တိုးမြှင့်ခြင်း၊ စာကြည့်တိုက်နှင့်သိပ္ပံပညာရပ်ဆိုင်ရာပစ္စည်းများကဲ့သို့သောအခြေခံအဆောက်
အဦ တိုးတက်ရေးအတွက် ကူညီခြင်းအပြင် ဆရာများနှင့်ပညာရေးဝန်ထမ်းများတွင် အင်္ဂလိပ်ဘာသာစွမ်း
ရည် တိုးမြှင့်ခြင်း ရေတိုရေလတ်စီမံကိန်း အချက်ငါးချက်ကို ယင်းအဖွဲ့က အကြံ ပြုထားသည်။

The Voice Daily , Rangonnewsdaily
RND:  :27.4.2013

0 comments:

Post a Comment