Pages

Sunday, March 3, 2013

မန္တလေးမြို့မှ ကမ္ဘာလှည့် ယာဉ်တန်းကြီး ကလောမြို့သို့ ရောက်ရှိ ညအိပ်ရပ်နား

မန္တလေးမြို့မှ ကမ္ဘာလှည့် ယာဉ်တန်းကြီး ကလောမြို့သို့ ရောက်ရှိ ညအိပ်ရပ်နား

ကလော မတ် ၂

Journeys Nature and Culture Explorations ၏ Package Tour အစီအစဉ်ဖြင့် ဂျာမနီ နိုင်ငံ အခြေစိုက် The Sea Bridge for Motor Home အဖွဲ့မှ Guido Damian Amlinger ဦးဆောင်သော အဖွဲ့ဝင် ၅၄ ဦးနှင့် မော်တော်ယာဉ် ၂၉ စီးပါ ကမ္ဘာလှည့် ယာဉ်တန်းကြီးသည်

မန္တလေးမြို့မှ ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့ အမှတ်(၃) ရပ်ကွက်ရှိ မြို့နယ် အားကစားကွင်းသို့ မတ် ၁ ရက် ညနေပိုင်းက ရောက်ရှိကြပြီး ညအိပ် ရပ်နားကြကြောင်း သိရသည်။ အဆိုပါ အဖွဲ့၏ မြန်မာ နိုင်ငံတွင်း ခရီးစဉ်မှာ တမူး/မိုးရေး နယ်စပ် လမ်းမှ တမူး-ကလေး-မုံရွာ-ပခုက္ကူ-ပုဂံ-မန္တလေး-ကလော-အင်းလေး-နေပြည်တော်-ရန်ကုန်-မော်လမြိုင်-ဘားအံ- မြဝတီဖြစ်ပြီး မြဝတီ နယ်စပ် မှ ထိုင်းနိုင်ငံသို့ ဆက်လက် ခရီးဆက်မည် ဖြစ်ကြောင်း သိရသည်။ ၎င်း အဖွဲ့သည် ကလောမြို့တွင် ညအိပ် ရပ်နားပြီး မတ် ၂ ရက်တွင် အင်းလေးသို့ ဆက်လက် ထွက်ခွာ၍ အင်းလေး ဒေသတွင် နှစ် ရက် ညအိပ် ရပ်နားကာ အင်းလေးကန်အား လည်ပတ်ပြီး တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု ဓလေ့ ထုံးစံများအား လေ့လာကြမည် ဖြစ်ကြောင်း သိရသည်။

http://bit.ly/Z6lKH0

အေးချမ်းမွန်မှ ( မြ၀တီ ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

ကလော မတ် ၂

Journeys Nature and Culture Explorations ၏ Package Tour အစီအစဉ်ဖြင့် ဂျာမနီ နိုင်ငံ အခြေစိုက် The Sea Bridge for Motor Home အဖွဲ့မှ Guido Damian Amlinger ဦးဆောင်သော အဖွဲ့ဝင် ၅၄ ဦးနှင့် မော်တော်ယာဉ် ၂၉ စီးပါ ကမ္ဘာလှည့် ယာဉ်တန်းကြီးသည် မန္တလေးမြို့မှ ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့ အမှတ်(၃) ရပ်ကွက်ရှိ မြို့နယ် အားကစားကွင်းသို့ မတ် ၁ ရက် ညနေပိုင်းက ရောက်ရှိကြပြီး ညအိပ် ရပ်နားကြကြောင်း သိရသည်။ အဆိုပါ အဖွဲ့၏ မြန်မာ နိုင်ငံတွင်း ခရီးစဉ်မှာ တမူး/မိုးရေး နယ်စပ် လမ်းမှ တမူး-ကလေး-မုံရွာ-ပခုက္ကူ-ပုဂံ-မန္တလေး-ကလော-အင်းလေး-နေပြည်တော်-ရန်ကုန်-မော်လမြိုင်-ဘားအံ- မြဝတီဖြစ်ပြီး မြဝတီ နယ်စပ် မှ ထိုင်းနိုင်ငံသို့ ဆက်လက် ခရီးဆက်မည် ဖြစ်ကြောင်း သိရသည်။ 
 
၎င်း အဖွဲ့သည် ကလောမြို့တွင် ညအိပ် ရပ်နားပြီး မတ် ၂ ရက်တွင် အင်းလေးသို့ ဆက်လက် ထွက်ခွာ၍ အင်းလေး ဒေသတွင် နှစ် ရက် ညအိပ် ရပ်နားကာ အင်းလေးကန်အား လည်ပတ်ပြီး တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု ဓလေ့ ထုံးစံများအား လေ့လာကြမည် ဖြစ်ကြောင်း သိရသည်။

RND: 3.3.2013
မြ၀တီ

0 comments:

Post a Comment