Pages

Sunday, March 3, 2013

ဘာသာပေါင်းစုံချစ်ကြည်ရေးအခမ်းအနား မန္တလေးမြို့ တွင် ၂၀၁၃ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင်ကျင်းပပြုလုပ်မည်

"ဗလီတွေထဲမှာမြေအောက်ခန်းတွေရှိတယ်။စစ်စခန်းတွေရှိတယ်ဆိုပြီးပေါက်လွတ်ပဲစားစကားတွေပြောခဲ့တဲ့ အရေခြုံအမျိုးသားရေးဝါဒီ(သို.)စစ်ထောက်လှမ်းရေးတွေရဲ.လက်ကိုင်တုတ် ဦးဝီရသူတယောက်တော့ သောက်ရှက်တွေဗြန်းဗြန်းကွဲတော့မှာပဲ။ "


 ဘာသာပေါင်းစုံချစ်ကြည်ရေးအခန်းအနား
မန္တလေးမြို့ တွင်ကျင်းပ ပြုလုပ်မည်။(သတင်း) ကိုမောင်မောင်(ရွှေကရဝိတ်)၏ဖေ့ဘုတ်စာမျက်နှာမှ

မန္တလေးမြို့. တွင် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ မန္တလေး တိုင်းဒေသကြီးမှ ဦးဆောင်၍ ဘာသာပေါင်းစုံ ချစ်ကြည် ရေး အခန်းအနား တစ်ခုပြုလုပ်ကျင်းပ သွားရန် လုပ်ငန်း ကော်မတီ တစ်ရပ် ဖွဲ့ စည်းဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါအခန်းအနားကို အိုရီယမ်တလ်ဟောက်စ် ခန်းမ တွင် ၂၀၁၃ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင်ကျင်းပပြုလုပ် ရန် ရက်သတ်မှတ်ထားပြီး-သက်ဆိုင်ရာသို့ ခွင့်ပြုမိန့်
လျှောက်ထား၍ လုပ်ဆောင်သွားပါမည်။

အဆိုပါ အခန်းအနားသို့ လေးပြင်လေးရပ်ရှိ သံဃာတော်များနှင့် အစ္စလာမ်ဘာသာ-ခရစ်ယာန်ဘာသာ-ဟိန္ဒူဘာသာနှင့် ဘဟာအီဘာသာဝင် ခေါင်းဆောင်များကိုဖိတ်ကြားပြီး ဘာသာရေးဆိုင်ရာ အပြန်အလှန်တင်သွင်း လျှောက်ထား ရှင်းလင်းကြပြီး
ကြွရောက်လာကြသော သံဃာတော်များကို နေ့ဆွမ်း ဆက်ကပ်ပြီး ကျန်ပုဂ္ဂိုလ်များကို နံနက်စာ ထမင်းဖြင့် ဧည့်ခံမည်ဖြစ်ပါသည်။

နေ့လည်ပိုင်းတွင် ရဟန်းသံဃာတော်များနှင့် ဘာသာပေါင်းစုံမှ ဧည့်သည်တော်များအား မန္တလေးမြို့ ပေါ်ရှိ သမိုင်းဝင် ဗလီ ၀တ်ကျောင်းတော်များသို့ လေ့လာရေးခရီး ပို့ဆောင်ပေးသွားမည်ဖြစ်ပါသည်။

အဆိုပါအခန်းအနားသို့ နိုင်ငံတော်သမ္မတရုံး ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်းက မြန်မာပိစ်စင်တာ ကိုယ်စားပြု တက်ရောက်ရန်စီစဉ်နေကြောင်းနှင့် '၈၈ ကျောင်းသား
ခေါင်းဆောင် မင်းကိုနိုင်တို့ အဖွဲ့ကိုလည်း ဖိတ်ကြားသွား မည်ဖြစ်ပါသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် သာသနာရေးဦးစီးဌာန၊ဘာသာရေး လူမှုရေးအဖွဲ့ အစည်း များကိုလည်း ဖိတ်ကြားသွားမည်ဖြစ်ပါသည်။

အဆိုပါ အခန်းအနား ကျင်းပနိုင်ရေးအတွက် အိုရီယန်တယ်လ်ဟောက်စ် (ခန်းမ)ပိုင်ရှင် ဒေါက်တာဦးကိုလေး-ဒေါ်ခင်စောဦးတို့မှ
ခန်းမအား မေတ္တာဖြင့် အခမဲ့ အသုံးပြုခွင့်ပေး
ကုသိုလ်ပြုထားပါသည်။

မန္တလေးမြို့. တွင် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ မန္တလေး တိုင်းဒေသကြီးမှ ဦးဆောင်၍ ဘာသာပေါင်းစုံ ချစ်ကြည် ရေး အခန်းအနား တစ်ခုပြုလုပ်ကျင်းပ သွားရန် လုပ်ငန်း ကော်မတီ တစ်ရပ် ဖွဲ့ စည်းဆောင်ရွက်လျက်ရှိပါသည်။အဆိုပါအခန်းအနားကို အိုရီယမ်တလ်ဟောက်စ် ခန်းမ တွင် ၂၀၁၃ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင်ကျင်းပပြုလုပ် ရန် ရက်သတ်မှတ်ထားပြီး-သက်ဆိုင်ရာသို့ ခွင့်ပြုမိန့်လျှောက်ထား
၍ လုပ်ဆောင်သွားပါမည်။ အဆိုပါ အခန်းအနားသို့ လေးပြင်လေးရပ်ရှိ သံဃာတော်များနှင့် အစ္စလာမ်ဘာသာ-ခရစ်ယာန်ဘာသာ-ဟိန္ဒူဘာသာနှင့် ဘဟာအီဘာသာဝင် ခေါင်းဆောင်များကိုဖိတ်ကြားပြီး ဘာသာရေးဆိုင်ရာ အပြန်အလှန်တင်သွင်း လျှောက်ထား ရှင်းလင်းကြပြီးကြွရောက်လာကြသော သံဃာတော်များကို နေ့ဆွမ်း ဆက်ကပ်ပြီး ကျန်ပုဂ္ဂိုလ်များကို နံနက်စာ ထမင်းဖြင့် ဧည့်ခံမည်ဖြစ်ပါသည်။

နေ့လည်ပိုင်းတွင် ရဟန်းသံဃာတော်များနှင့် ဘာသာပေါင်းစုံမှ ဧည့်သည်တော်များအား မန္တလေးမြို့ ပေါ်ရှိ သမိုင်းဝင် ဗလီ ၀တ်ကျောင်းတော်များသို့ လေ့လာရေးခရီး ပို့ဆောင်ပေးသွားမည်ဖြစ်ပါသည်။

အဆိုပါအခန်းအနားသို့ နိုင်ငံတော်သမ္မတရုံး ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်းက မြန်မာပိစ်စင်တာ ကိုယ်စားပြု တက်ရောက်ရန်စီစဉ်နေကြောင်းနှင့်'၈၈ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်တို့ အဖွဲ့ကိုလည်း
ဖိတ်ကြားသွား မည်ဖြစ်ပါသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် သာသနာရေးဦးစီးဌာန၊ဘာသာရေး လူမှုရေးအဖွဲ့ အစည်း များကိုလည်း ဖိတ်ကြားသွားမည်ဖြစ်ပါသည်။

အဆိုပါအခန်းအနားကျင်းပနိုင်ရေးအတွက်အိုရီယန်တယ်လ်ဟောက်စ် (ခန်းမ)ပိုင်ရှင် ဒေါက်တာဦးကိုလေး
-ဒေါ်ခင်စောဦးတို့မှခန်းမအား မေတ္တာဖြင့် အခမဲ့ အသုံးပြုခွင့်ပေးကုသိုလ်ပြုထားပါသည်။
 
 
ကိုမောင်မောင်(ရွှေကရဝိတ်)FB
RND: 3.3.2013

0 comments:

Post a Comment