Pages
Sunday, March 3, 2013
မြရည်နန္ဒာရပ်ကွက်အနီး ပေါက်ပင်သင်္ချိုင်းကွင်းတွင် စည်ပင်နဲ့  တောင်သူ တွေဆီကမြေဝယ်ထားသူတွေအကြား အငြင်းပွားကာ ပဋိပက္ခဖြစ်ပွား
မြရည်နန္ဒာရပ်ကွက်အနီး ပေါက်ပင်သင်္ချိုင်းကွင်းတွင် စည်ပင်နဲ့  တောင်သူ
တွေဆီကမြေဝယ်ထားသူတွေအကြား အငြင်းပွားကာ ပဋိပက္ခဖြစ်ပွား
မန္တလေး။ (၃၊၃၊၂၀၁၃)
    မြရည်နန္ဒာရပ်ကွက်အနီး ပေါက်ပင်သင်္ချိုင်းကွင်းတွင် တောင်သူတွေထံမှ
ဝယ်ယူထားသူတွေရဲ့  ဝန်းထရံခတ်တဲ့အပေါ် စည်ပင်ကဖျက်ဆီးဖို့ ကြိုးစား
လို့ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။
     အဲဒီနေရာဟာ လွန်ခဲ့တဲ့လအနည်းငယ်က  စည်ပင် ကမြေကော်ကားနဲ့ 
      မြေပိုင်ရှင်တစ်ဦးက“ကျွန်တော်တို့ တောင်သူတွေဆီကဝယ်ခဲ့ကြတယ်။
စည်ပင်ကကျူးဆိုပြီးမြေကော်ကားနဲ့ အိမ်တွေကို ဖျက်ဆီးတယ်။ အခုက
တောင်သူတွေ ပြန်ပိုင်ဆိုင်ခွင့်ရှိတယ်ယူဆလို့ ဝန်းထရံပြန်ခတ်တာပါ” လို့ 
ပြောပါတယ်။
       အဒီမြေနေရာဟာ လွန်ခဲ့တဲ့ နှစ်(၂၀)လောက်ကစည်ပင်က မြို့ ပြစီမံ
ကိန်းအတွက် သိမ်းယူထားခဲ့ပေမယ့်  ဘာစီမံကိန်းမှ အကောင်အထည်
မဖော်နိုင်ခဲ့လို့ တောင်သူတွေက မိမိတို့ ပိုင်ဆိုင်ခွင့်ရှိသင့်တယ် ထင်လို့  ယခုလို ပြန်လည်ရောင်းချခဲ့ကြခြင်းဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာမှ စည်ပင်
က မြေဂရံတွေ ချထားပေးခဲ့တယ်ဆိုတာဟာလည်း လက်သင့်ရာ ချထားပေး
ခဲ့တာဖြစ်ပြီး တရားမဝင်တဲ့လုပ်ရပ်ဖြစ်တယ်လို့  တောင်သူတွေကပြောပါ
တယ်။
အဲဒီကွင်းမှာပြုလုပ်ခဲ့တဲ့ မြေကော်ကားနဲ့ ကော်ယူ
ဖျက်ဆီးမှုကြောင့် စည်ပင်သာယာဟာ နာမည်ပျက်ခဲ့ပါတယ်။ အဲဒီလိုဖျက်ဆီးတုန်းက အခြေနေအပေါ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ (လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မတီ ) က“ အဲဒီ မြေကော်ကား(ဘူဒိုဇာ) ရှေ့ မှာပဲ ငုတ်တုပ်ထိုင်သေလိုက်ချင်ပါတော့တယ်”လို့ မှတ်ချက်ပြုရတဲ့ အထိဖြစ်ခဲ့ပါတယ်။
မန္တလေး။ (၃၊၃၊၂၀၁၃)
မြရည်နန္ဒာရပ်ကွက်အနီး ပေါက်ပင်သင်္ချိုင်းကွင်းတွင် တောင်သူတွေထံမှ ဝယ်ယူထားသူတွေရဲ့  ဝန်းထရံ
ခတ်တဲ့အပေါ် စည်ပင်ကဖျက်ဆီးဖို့ ကြိုးစား လို့ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ အဲဒီနေရာဟာလွန်ခဲ့တဲ့လအနည်း
ငယ်က စည်ပင် ကမြေကော်ကားနဲ့ ဖျက်ဆီးခဲ့လို့  တောင်သူတွေထံကဝယ်ယူထားသူတွေနစ်နာခဲ့ကြပါ
တယ်။
မြေပိုင်ရှင်တစ်ဦးက“ကျွန်တော်တို့ တောင်သူတွေဆီကဝယ်ခဲ့ကြတယ်။ စည်ပင်ကကျူးဆိုပြီးမြေကော်ကား
နဲ့ အိမ်တွေကို ဖျက်ဆီးတယ်။ အခုက တောင်သူတွေ ပြန်ပိုင်ဆိုင်ခွင့်ရှိတယ်ယူဆလို့ ဝန်းထရံပြန်ခတ်တာပါ” လို့  ပြောပါတယ်။
အဒီမြေနေရာဟာ လွန်ခဲ့တဲ့ နှစ်(၂၀)လောက်ကစည်ပင်က မြို့ ပြစီမံ ကိန်းအတွက် သိမ်းယူထားခဲ့ပေမယ့်  
ဘာစီမံကိန်းမှ အကောင်အထည် မဖော်နိုင်ခဲ့လို့ တောင်သူတွေက မိမိတို့ ပိုင်ဆိုင်ခွင့်ရှိသင့်တယ် ထင်လို့  ယခုလို ပြန်လည်ရောင်းချခဲ့ကြခြင်းဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာမှ စည်ပင် က မြေဂရံတွေ ချထားပေးခဲ့
တယ်ဆိုတာဟာလည်း လက်သင့်ရာ ချထားပေး ခဲ့တာဖြစ်ပြီး တရားမဝင်တဲ့လုပ်ရပ်ဖြစ်တယ်လို့  တောင်သူ
တွေကပြောပါ တယ်။
အဲဒီကွင်းမှာပြုလုပ်ခဲ့တဲ့ မြေကော်ကားနဲ့ ကော်ယူ ဖျက်ဆီးမှုကြောင့် စည်ပင်သာယာဟာ နာမည်ပျက်ခဲ့ပါ
တယ်။ အဲဒီလိုဖျက်ဆီးတုန်းက အခြေနေအပေါ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ (လယ်ယာမြေ
နှင့်အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မတီ ) က“ အဲဒီ မြေကော်ကား(ဘူဒိုဇာ) ရှေ့ မှာပဲ ငုတ်တုပ်ထိုင်သေလိုက်ချင်ပါတော့တယ်”လို့ မှတ်ချက်ပြုရတဲ့ အထိဖြစ်ခဲ့ပါတယ်။
RND: 3.3.2013
 မန္တလေးခေတ်
0 comments:
Post a Comment