Pages

Sunday, March 3, 2013

နေပြည်တော်တွင် ရပ်တန့်ထားသောထော်လာဂျီယာဉ်အားတိုက်မိ၍ ၅ ဦး ဒဏ်ရာရ

နေပြည်တော်၊ မတ် ၃
၂-၃-၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ကိုးရွာသပြေကုန်းရွာ အနီးတွင် ပန်းခင်းလမ်းဆုံဘက်မှ ကုမုဒြာကြာပန်းအ၀ိုင်းဘက်သို့ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းကျေးရွာ ဈေးတန်းနေ နေလင်းစိုး(၃၄)နှစ်မောင်းနှင်သည့် ၈စ/xxxx လိုက်ထရပ်အဖြူရောင်ယာဉ်မှ လမ်းပြင်နေသော စည်ပင်သာယာဌာနမှ ဇမ္ဗူသီရိမြို့နယ်၊ ရွှေနံ့သာစည်ပင်အိမ်ယာဝန်းနေ ရန်နိုင်စိုး (၂၀)နှစ်၏ ရပ်တန့်ထားသောထော်လာဂျီအား နောက်မှ ၀င်ရောက်တိုက်မိခဲ့သည်။ ယာဉ်တိုက်မိမှုကြောင့် ထော်လာဂျီယာဉ်ပေါ်ပါ လမ်းပြင်အလုပ်သမားများဖြစ်သော ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်နေ မောင်ပြုံး(၁၈)နှစ်ပါ ၃ ဦးတွင် ဦးခေါင်းထိပ်ပေါက်ပြဲ၊ ပေါင်နာကျင်၊ လက်မောင်းရင်းနာကျင်၊ ဒူးခေါင်းနာကျင်ဒဏ်ရာများနှင့် နေလင်းစိုးတွင် ပေါင်ရင်းနာကျင်ဒဏ်ရာ၊ ရန်နိုင်စိုးတွင် ၀ဲဒူးနှင့်ပေါင်ရင်း နာကျင်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁၀၀၀) ဆေးရုံသို့ တင်ပို့ထားရှိခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ နေလင်းစိုးအား ပတ္တာရဲစခန်း(ပ)၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
 
RND: 3.3.2013
ရဲဇာနည်

0 comments:

Post a Comment