Pages

Friday, March 1, 2013

လှိုင်သာယာတွင် အစ္စလာမ်ဘာသာဝင်များကို မင်းမဲ့စရိုက်ပုံစံဖြင့် ထပ်မံတိုက်ခိုက်

မတ် ၁
လှိုင်သာယာမြို့နယ်အတွင်းရှိ အစ္စလာမ်ဘာသာဝင်များပိုင် ဆိုင်ခန်းများနှင့် ယာယီဝတ်ပြုဆောင်တစ်ခုကို လှိုင်သာယာမြို့နယ်၁၀ရပ်ကွက်အတွင်းရှိ ဘာသာရေးအစွန်းရောက်များက ဖျက်စီးခဲ့ကြောင်း သိရသည်။ “ဂဲတွေနဲ့ ထုတယ်၊ အထဲအထိဝင်ပြီး ခုံတွေ ရိုက်ချိုးတယ်၊ရေသန့်စက်တွေ ရိုက်ချိုးတယ်၊ ဖျက်စီးတယ်” ဟု အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ယာယီဝတ်ပြုဆောင် အတွင်းရေးမှူး ကိုကာဒဲရ် က myanmarmuslim.net သို့ ပြောကြားသည်။
လှိုင်သာယာမြို့နယ် ဗိုလ်ချုပ်လမ်းနှင့် တပင်ရွှေထီးလမ်းဘေးရှိ ၁၀ရပ်ကွက်၊၁၂ ရပ်ကွက်ရှိ အစ္စလာမ်ဘာ
သာဝင်များ ပိုင်ဈေးဆိုင်ခန်း ၂၀တွင်လည်း ဖျက်စီးလုယက်ခံခဲ့ရကြောင်းသိရသည်။ ခန့်မှန်းခြေအင်အား ၄၀၀ရှိ ဘာသာရေးအစွန်းရောက်များက ယနေ့နံနက်၁နာရီဝန်းကျင်တွင် ယာယီဝတ်ပြုဆောင်အား ဖျက်
ဆီးခဲ့သည့်အပြင် အစ္စလာမ်ဘာသာဝင်များပိုင် ဆိုင်ကယ်ပစ္စည်းအရောင်းဆိုင်၊ စက်ပစ္စည်းအရောင်းဆိုင်
စသည့် ဈေးဆိုင်ခန်းများကို တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

လှိုင်သာယာမြို့နယ်အတွင်းရှိ ဖျက်စီးခံခဲ့ရသည့် ယာယီဝတ်ပြုဆောင်သည် တစ်နှစ်လျှင် လပိုင်းခန့်သာ ဖွင့်လှစ်ခွင့်ရသည့် ၀တ်ပြုဆောင်ဖြစ်ပြီး ယမန်နေ့ နိုဝင်ဘာလ၁ရက်နေ့ကတည်းက ခေတ္တပြန်လည်ပိတ်
ခံထားရသည့် အစ္စလာမ်ဘာသာရေးအဆောက်အအုံတစ်ခုဖြစ်သည်။ 

ဖျက်စီးခံရသည့် ၀တ်ပြုဆောင်သည်လှိုင်သာယာမြို့နယ်၁ရပ်ကွက်၊ကန်သာယာလမ်း၊အမှတ်၂၉တွင် တည်
ရှိသည်။ သာကေတ မာန်ပြေ ၃ ရပ်ကွက် ၁၉လမ်းနှင့် ၁၉ လမ်းထောင့်ရှိ မြန်မာမွတ်စလင်မ် ဘာသာရေး စာသင်ကျောင်းအားလည်း ဘာသာရေး အစွန်းရောက်များက ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ဖျက်ဆီးခဲ့ပြီး အစ္စလာမ်ဘာသာဝင်များပိုင် ဆိုင်ခန်းများကိုလည်း ထပ်မံဖျက်ဆီးခဲ့မှုများဖြစ်ပေါ်ခဲ့ဖူးသည်။



ပိာန်းအောင်
RND: 1.3.2013
myanmarmuslim.net

0 comments:

Post a Comment