Pages

Friday, March 1, 2013

ဗုဒ္ဓနည်းမကျ ရန်လိုသော လှုံ့ဆော် အော်ဟစ်မှုများကို ဘီးလင်းမြို့ခံသံဃာ တားမြစ်

မတ်လ ၁ ၊ ၂၀၁၃

ဘီးလင်းမြို့နယ်အတွင်းရှိ ၊ ကျေးရွာများ ဖြစ်သော နတ်ကြီး ၊ နှင်းပုလဲ ၊ တောင်စွန်း၊ ဇုတ်သုတ် နှင့် မြို့ပေါ် ရပ်ကွက် အချို့တွင် အစ္စလာမ်ဘာသာနှင့် လူနည်းစု အစ္စလာမ် ဘာသာဝင်များအား ဆန့်ကျင် တိုက်ခိုက်သည့် တရားပွဲများ၊ လှုပ်ရှားမှုများ အဆက်မပြတ် ဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။ ဘီးလင်းမြို့နှင့် ၁၀မိုင်အကွာရှိ ယင်းအုံကျေးရွာတွင် ဖေဖော်ဝါရီ ၂၆ရက်နေ့တွင် ကျင်းပသည့် တရား အပြီး ည ၈နာရီအချိန်၌ ဘီးလင်းမြို့ ဖိုးလှကြီး ရပ်ကွက် တွင် NLD ပါတီဝင် ကိုပြည်စုံ နှင့် ကိုဘာလား တို့နှစ်ဦး က အခြေအမြစ်မရှိ ကောလဟလများဖြင့် လူစုလူဝေးဖြစ်အောင်လှုံဆော် ခဲ့ကြသည်။

အစ္စလာမ် ဘာသာဝင် များသည် ဗုဒ္ဓဘာသာ အမှတ်တံဆိပ် ၉၆၉ တံဆိပ်ကို စော်ကားကြောင်း၊ ဗုဒ္ဓဘာသာဝင်များအား ရန်လိုတိုက် ခိုက်မည့်အစီအစဉ်များရှိကြောင်း စသည့် ကောလဟလများ ဖန်တီးခဲ့ကြသည်။

အခင်းဖြစ်ပွားရာ ဖိုးလှကြီးရပ်ကွက် သို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့်အုပ်ချုပ်ရေးမှူး များရောက်ရှိ လာပြီး ဖျောင်းဖျလူစုခွဲခဲ့သဖြင့် ၉နာရီ ၃၀ မိနစ် ၀န်းကျင်တွင် လူစုကွဲသွားခဲ့သည်။ ညဦးပိုင်း ၁၀နာရီ ၂၅မိနစ်ချိန်တွင် ဘီးလင်းမြို့ ဗလီဝတ်ကျောင်းတော် အနီးကိုက်၁၀၀ ခန့် အကွာဆိုင်ကယ် စီးလူ၁၅၀ ခန့်က `မွတ်စလင် ကုလားတွေကို သတ်ဖို့အရေး တို့အရေး ´ဟု လူစုလူဝေးဖြင့် ထပ် မံအော်ဟစ် လှုံဆော်မှု ဖြစ်ပွားခဲ့ပြန်သည်။

ယင်းသို့အော်ဟစ် လှုံဆော်နေသူများထံ ဘီးလင်းမြို့ခံ သံဃာတော် အချို့ရောက်ရှိ လာပြီး ဗုဒ္ဓနည်း မကျ ရန်လိုအော်ဟစ်မှုများ မပြုလုပ် ရန် တားမြစ်ခဲ့သဖြင့် လူစုကွဲ သွားကြောင်းသိရသည်။
 
M-Media
RND: 1.3.2013
နေသစ်ထွန်း
 

0 comments:

Post a Comment