Pages

Friday, March 1, 2013

အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းလမ်းဆုံအနီးရှိ နံ့သာကုန်းဈေး မီးလောင်မှု အကြောင်းရင်း အတည်မပြုနိုင်သေး

နံ့သာကုန်းဈေး မီးလောင်မှု အကြောင်းရင်း အတည်မပြုနိုင်သေး

အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းလမ်းဆုံအနီး နံ့သာကုန်းဈေးရှိ စက်ဘီးဆိုင်များတွင် ယနေ့နေ့လည် တနာရီခန့် အချိန်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ယခုချိန်ထိ မည်သည့်အတွက် လောင်ကျွမ်းသည်ကို အတည် မပြုနိုင်သေးကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ အင်းစိန် အရန်မီးသတ် တပ်ခွဲမှူး ဦးလှဝင်းက ပြောသည်။


“အခုချိန်အထိတော့ ၀ါယာရှော့လို့ပဲ သိထားတယ်။ ဒါပေမဲ့ အတည်မပြုနိုင်သေးဘူး” ဟု ဦးလှဝင်းကပြောသည်။

ထိုသို့ မည်သည့် အတွက်ကြောင့် လောင်ကျွမ်းသည်ကို မကြာခင်အချိန်တွင် ဘုတ်အဖွဲ့ဖွဲ့၍ ဆုံးဖြတ်ပြီးမှ အတည်ပြုနိုင်မည်ဖြစ်ကြောင်းလည်း ဆက်လက်ပြောသည်။

အဆိုပါ မီးသည် နေ့လည်တနာရီ လေးဆယ့်ငါးမိနစ်တွင် လုံးဝ မီးငြိမ်းသတ်သွားပြီး ထိုမီးကြောင့် နံ့သာကုန်းဈေး အဆောင်အမှတ် ၆ မှ ဆိုင်ခန်း ၅ ခန်း မီးလောင်ကျွမ်းခဲ့သည်။

ထိုမီးကြောင့်  ဆိုင်ခန်းပိုင်ရှင်များအနေဖြင့်  ဆုံးရှုံးငွေတန်ဖိုး ခန့် မှန်း ၅၈သိန်းခန့် ဆုံးရှုံးသွားကြောင်း အာဏာပိုင် အချို့ ၏ မှတ်တမ်းမှ သိရသည်။

“ စလောင်တာက ဦးသာအောင်နဲ့ သားများ ဆိုင်က စလောင်တာ။ ဆိုင်အမှတ် ၈ က ပေါက်ကွဲသံတွေတောင် ငါးချက်မက ကြားရတယ် ” ဟု အဆိုပါနံ့သာကုန်းဈေးနှင့် ကပ်လျက်ရှိသော ကွမ်းယာဆိုင်မှ အမျိုးသမီး တဦး က ပြောသည်။

အေးချမ်းမွန်မှ Mizzima - News in Burmese တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းလမ်းဆုံအနီး နံ့သာကုန်းဈေးရှိ စက်ဘီးဆိုင်များတွင် ယနေ့နေ့လည် တနာရီခန့် အချိန်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ယခုချိန်ထိ မည်သည့်အတွက် လောင်ကျွမ်းသည်ကို အတည် မပြုနိုင်သေးကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ အင်းစိန် အရန်မီးသတ် တပ်ခွဲမှူး ဦးလှဝင်းက ပြောသည်။ “အခုချိန်အထိတော့ ၀ါယာရှော့လို့ပဲ သိထားတယ်။ ဒါပေမဲ့ အတည်မပြုနိုင်သေးဘူး” ဟု ဦးလှဝင်းကပြောသည်။

ထိုသို့ မည်သည့် အတွက်ကြောင့် လောင်ကျွမ်းသည်ကို မကြာခင်အချိန်တွင် ဘုတ်အဖွဲ့ဖွဲ့၍ ဆုံးဖြတ်ပြီးမှ အတည်ပြုနိုင်မည်ဖြစ်ကြောင်းလည်း ဆက်လက်ပြောသည်။

အဆိုပါ မီးသည် နေ့လည်တနာရီ လေးဆယ့်ငါးမိနစ်တွင် လုံးဝ မီးငြိမ်းသတ်သွားပြီး ထိုမီးကြောင့် နံ့သာကုန်းဈေး အဆောင်အမှတ် ၆ မှ ဆိုင်ခန်း ၅ ခန်း မီးလောင်ကျွမ်းခဲ့သည်။

ထိုမီးကြောင့်  ဆိုင်ခန်းပိုင်ရှင်များအနေဖြင့်  ဆုံးရှုံးငွေတန်ဖိုး ခန့် မှန်း ၅၈သိန်းခန့် ဆုံးရှုံးသွားကြောင်း အာဏာပိုင် အချို့ ၏ မှတ်တမ်းမှ သိရသည်။

“ စလောင်တာက ဦးသာအောင်နဲ့ သားများ ဆိုင်က စလောင်တာ။ ဆိုင်အမှတ် ၈ က ပေါက်ကွဲသံတွေတောင် ငါးချက်မက ကြားရတယ် ” ဟု အဆိုပါနံ့သာကုန်းဈေးနှင့် ကပ်လျက်ရှိသော ကွမ်းယာဆိုင်မှ အမျိုးသမီး တဦး က ပြောသည်။

RND: 1.3.2013

Mizzima - News

0 comments:

Post a Comment