Pages

Friday, March 1, 2013

ပုံနှိပ်သူများနှင့်ထုတ်ဝေရေးလုပ်ငန်းဥပဒေမူကြမ်းကို ကန့်ကွက်ခြင်း

မြန်မာဂျာနယ်လစ်ကွန်ရက်
သတင်းထုတ်ပြန်ချက်(၃/၂၀၁၃)
၁ ရက်၊ မတ်လ၊ ၂၀၁၃ ခုနှစ်

အကြောင်းအရာ။ ။ ပုံနှိပ်သူများနှင့်ထုတ်ဝေရေးလုပ်ငန်းဥပဒေမူကြမ်းကို ကန့်ကွက်ခြင်း။
၁။ပုံနှိပ်သူများနှင့်ထုတ်ဝေရေးလုပ်ငန်းဥပဒေမူကြမ်းသည် ပြည်သူများ၏ဆန္ဒလိုလားချက်ဖြစ်သည့် ဒီမိုကရေစီ ဖော် ဆောင်ရေးတွင်အရေးကြီးသော မီဒီယာလွတ်လပ်ခွင့်ကိုအဟန့်အတားဖြစ်စေရုံသာမက ပြည်သူများ၏သိရှိပိုင်ခွင့်ကိုပါ ထိပါးစေသည့် ဥပဒေကြမ်းတစ်ခုဟု ယုံကြည်၍ မြန်မာဂျယ်နယ်လစ်ကွန်ရက်အနေဖြင့် ပြတ်ပြတ်သားသား ကန့်ကွက်သည်။ ၂။ ပုံနှိပ်သူများနှင့်ထုတ်ဝေရေးလုပ်ငန်းဥပဒေမူကြမ်းသည် ပုံနှိပ်နှင့်ထုတ်ဝေသူများကို ရည်ရွယ်ရေးဆွဲထားသော်လည်း ဒီမို ကရေစီ၏ အခြေခံစံနှုန်းဖြစ်သည့် မီဒီယာလွတ်လပ်ခွင့်ကို ထိပါးစေသည့် အချက်အလက်များပါဝင်နေသောကြောင့် ကန့် ကွက်ရခြင်းဖြစ်သည်။

၃။ သတင်းစာလွတ်လပ်ခွင့်သည် မီဒီယာလောကသားများအတွက်သာမက ပြည်သူများနှင့် လည်းသက်ဆိုင်ပြီး အထူး သဖြင့် ယင်းဥပဒေကြမ်းသည် ပြည်သူများနှင့် သတင်းမီဒီယာ သမားများ၏ ဆန္ဒသဘောထားကို တောင်းခံရယူခြင်းမရှိဘဲ တစ်ဖက်သတ်ရေးဆွဲခြင်းဟု မှတ်ယူ၍ ထိရောက်သောကန့်ကွက်လှုပ်ရှားမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။

၎။ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်သူများနှင့်ဖြစ်စေ၊ညီနောင်မီဒီယာအသင်းအဖွဲ့များနှင့်ဖြစ်စေ၊ ဥပဒေပြုရေးမဏ္ဍိုင် ဖြစ်သည့် လွတ်တော်ကိုယ်စာလှယ်များနှင့်ဖြစ်စေ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး လိုအပ်လာလျှင် မီဒီယာ လွတ်လပ် ခွင့်ကို အမှန်တကယ်အာမခံပေးနိုင်သည့် ပုံနှိပ်ထုတ်ဝေဥပဒေတစ်ရပ်ကို ရေးဆွဲနိင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်သွား မည်ဖြစ်သည်။

၅။ယင်းဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုလွတ်တော်သို့ မတင်ပြမီ လိုအပ်သော ညှိနှိုင်း မှုများပြုလုပ်၍ ပြန်လည်ပြင်ဆင်ပေးနိုင်ရန် မြန်မာဂျာနယ်လစ် ကွန်ရက်အနေဖြင့် အလေးအနက်တောင်းဆိုလိုက်သည်။

လုပ်ငန်းကော်မတီ
မြန်မာဂျာနယ်လစ်ကွန်ရက်
Popular Myanmar News:
RND: 1.3.2013

0 comments:

Post a Comment