Pages

Tuesday, February 5, 2013

သမ္မတရုံးဝက်ဘ်ဆိုက်နှင့် The Voice Weekly ဂျာနယ်ရဲ့ လူမှုကွန်ရက်ဖေ့ဘွတ်စ် အင်တာနက်စာမျက်နှာတွေကို Hacker တွေက၀င်ရောက်တိုက်ခိုက်

နိုင်ငံတော်သမ္မတရုံး အင်တာနက်စာမျက်နှာနဲ့ ရန်ကုန်အခြေစိုက် The Voice Weeklyဂျာနယ်ရဲ့လူမှုကွန်ရက်
ဖ့ဘွတ်စ် အင်တာနက်စာမျက်နှာတွေ တိုက်ခိုက်ခံရတယ်လို့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားလိုက်
ပါတယ်

နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်ကို ရုရှအိုင်ပီများသုံးပြီး DDoS တိုက်ခိုက်ခံနေရကြောင်း သမ္မတရုံး ညွှန်မှူး ဦးဇော်ဌေးက သူ့ရဲ့ ဖေ့ဘုတ်ကနေ တဆင့် ရေးသားထားပါတယ်။
အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ဖြစ်တဲ့ The Voice Weekly ရဲ့ ကြည့်ရှုသူတစ်သိန်းကျော်ရှိထားတဲ့ ဖေ့ဘုတ်စာမျက်နှာဟာလည်း မနေ့ကတည်းက Hack ခံထားရကြောင်း တွေ့ရှိရပါတယ်။

Hmuu Zaw
နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက် တိုက်ခိုက်ခံရမှု အသိပေးခြင်း
===================================

(၁) ယနေ့ နံနက် (၉း၃၀) မှ (၁၀း၀၀) နာရီအတွင်း (US, Malaysia, Russia)အိုင်ပီလိပ်စာများမှတစ်ဆင့် DDoS Request များ ပေးပို့ခြင်းဖြင့် စတင် တိုက်ခိုက်ခဲ့သည်။

(၂) နံနက်(၁၁း၁၀) တွင်လည်း ထပ်မံ တိုက်ခိုက်လာခဲ့သည်။

(၃) နံနက်(၁၁း၅၃) နာရီတွင်လည်း IP-74.220.202.199 မှလည်း DDoS Request သိန်းနှင့်ချီ၍ တိုက်ခိုက်လာခဲ့သည်။

(၄) သို့ဖြစ်ပါ၍ လက်ရှိ တိုက်ခိုက်ခံနေရသည့် ကာလအတွင်း နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက်အား ကြည့်ရှုရာတွင် အဆင်မပြေမှုများ ကြုံတွေ့နိုင်ပါ၍ နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

(၅) ဝက်ဘ်ဆိုက် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ လိုအပ်သည့် လုံခြုံရေးဆိုင်ရာများ ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။
------------------------------

ဖေဖော်ဝါရီ ၅ ရက် နံနက် ၉နာရီခွဲ ကနေ ၁၀ နာရီအတွင်းနဲ့ ၁၁ နာရီအချိန်တွေမှာ အမေရိကန်၊ မလေး
ရှားနဲ့ ရုရှားက အိုင်ပီလိပ်စာကနေတဆင့် DDoS ဒီဒေါစ့် Requestတွေ ပေးပို့ပြီး တိုက်ခိုက်ခဲ့တာလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဒီဗွီဘီကို ပြောပါတယ်။

“DDoS ဆိုတာကကျနော်တို့ဝက်ဘ်ဆိုဒ်ကို၁စက္ကန့်အတွင်းမှာလူပေါင်းများစွာက ၀င်ပြီး ဖွင့်ကြည့်တဲ့ access

လုပ်တဲ့ဟာနဲ့ လုပ်လိုက်တာ။ အဲဒါကသူက ဟို အဝေးထိန်းနဲ့လည်း လုပ်လို့ရတယ်။ ဆိုလိုတာက ကွန်ပျူတာ
တွေ အများကြီးပေးထားပြီး၊ တချို့ ကွန်ပျူတာတွေ ကာယကံရှင်တောင်မသိဘဲ သူ့IP သုံးပြီးတိုက်တဲ့ဟာမျိုး
ထိလုပ်လို့ရတယ်။ IPတွေက အမျိုးမျိုးပေါ်တယ်။ ကြည့်လိုက်ရင် အမေရိကန် IP၊ ရုရှား IP ဆိုသော်ငြား
လည်း အဲကလူတွေ တိုက်တာလည်း ဟုတ်ချင်မှဟုတ်မယ်။ ၀က်ဘ်ဆိုဒ်က ဟက်ခံရတာမဟုတ်ဘူး။ Down သွားတာ။ လူအများကြီးဝိုင်းကြည့်သလို အဲလိုဖြစ်တာ။ ၁ စက္ကန့်အတွင်း လူတွေသန်းနဲ့ ချီဖွင့်တဲ့ပုံစံမျိုးဖြစ်သွားတော့ ၀က်ဘ်ဆိုက်က မနိုင်တော့ down သွားတာ။”

လုံခြုံရေးဆိုင်ရာ အစီအမံတွေ ပြုလုပ်ထားတဲ့ကြားက တိုက်ခိုက်ခံရတာဖြစ်ပြီး အရင်ကလည်း အလားတူ တိုက်ခိုက်မှုမျိုးတွေ ကြုံခဲ့ရဖူးတယ်လို့ ဆိုပါတယ်။

နိုင်ငံတော်သမ္မတရုံး အင်တာနက်စာမျက်နှာကို ဖွင့်ဖို့ ကြိုးစားတဲ့သူတွေနဲ့ အဆင်မပြေတာတွေ ကြုံတွေနိုင်

တဲ့အတွက် သည်းခံပေးဖို့လည်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးက သူရဲ့ ဖေ့စ်ဘွတ် အင်တာနက်စာ
မျက်နှာကတဆင့် မေတ္တာရပ်ခံ ထားပါတယ်။

အလားတူ ဖေဖော်ဝါရီ ၄ ရက်နေ့က ရန်ကုန်အခြေစိုက်The Voice Weeklyဂျာနယ်ရဲ့ လူမှုကွန်ရက် ဖေ့ဘွတ်

စ် အင်တာနက်စာမျက်နှာတွေ စတင်တိုက်ခိုက်ခံရပြီးဂျာနယ်က ဖေ့ဘွတ်အင်တာနက်စာမျက်နှာကိုသတင်း
aတွ တင်လို့ မရတော့ဘူးလို့ ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောပါတယ်။

တိုက်ခိုက်တဲ့သူတွေကို အတိအကျပြောလို့မရသလို ဒီလိုတိုက်ခိုက်တာတွေက ဂျာနယ်ကို အဓိက တိုက်ခိုက်

ချင်လို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ကျနော်တို့ကို တမင် တိုက်ခိုက်ချင်လို့ဖြစ်တယ်။ ကျနော်တို့ရဲ့ admin အကောင့်တွေကနေ တင်လို့မရတော့

ဘူး၊ အကုန်ဖြုတ်ချခံရတယ်။အက်ဒမင်အကောင့်တွေကိုစီးထားလိုက်ပြီးအခုဟက်ထားတဲ့သူတွေကသတင်း
aတွတင်နေတာ။ ကျနော်တို့ကို အထင်လွဲအောင် သက်သက်မဲ့လုပ်ကြံပြီး ဖန်တီးတဲ့သတင်းတွေတင်နေတာ။ ဘယ်လိုပဲ သတင်းကျင့်ဝတ်ရှုထောင့်ကနေလုပ်လုပ် ချစ်တဲ့သူရှိသလို မုန်းတဲ့သူလည်းရှိမှာပေါ့။ မုန်းတဲ့သူ
က လုပ်တာပေါ့။ လုပ်တာကလည်း အွန်လိုင်းပေါ်ကလုပ်တာဆိုတော့ ဘယ်သူဖြစ်တယ်ဆိုတာ ပြောဖို့ခက်
တယ်။ တကယ်ဆိုရင်တော့ အီလက်ထရောနစ်ဥပဒေ ရှိတယ်။ အဲဥပဒေမှာ ဆိုင်ဘာရာဇ၀တ်မှုတွေ မဖြစ်
aအာင် ကာကွယ်ထားတဲ့အချက်တွေပါတယ်။

ဒါတွေနဲ့ထိထိရောက်ရောက် အရေးယူနိုင်ရင် ဆာဗာကိုလိုက်ရင် ဒါတွေကပေါ်လာမှာပေါ့။ မြန်မာပြည်မှာ Cyber Police ကမရှိဘူး။ အီးမေးလ် ၁ စောင်လက်ခံမိတာနဲ့ ထောင်ဒဏ် ၁၅ နှစ်ချတာပဲရှိတာ။ ဒီလို ဆိုင်
ဘာရာဇ၀တ်မှုတွေဖြစ်လာတဲ့အခါ အခုလို ၀က်ဘ်ဆိုဒ်တွေ၊ Facebook တွေ တိုက်ခိုက်ခံရတဲ့အခါ ဆက်
သွယ်ရေးအရသော်လည်းကောင်း၊ အီလက်ထရောနစ်ဥပဒေအရသော်လည်းကောင်း ဘာမှအကာအကွယ် မပေးနိုင်ပါဘူး။အဲတော့ဆက်သွယ်ရေးဥပဒေ အသက်သွင်းဖို့လုပ်နေသူတွေ တစိတ်တပိုင်းတာဝန်ရှိတယ်
 ပြောရမယ်။”

ဒီလိုဖေ့ဘွတ်ကနေ တိုက်ခိုက်ခံရပြီးတဲ့နောက်မှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နဲ့ Eleven Media Group ရဲ့ CEO ဦးသန်းထွဋ်အောင်တို့နဲ့ ပတ်သက်ပြီး တိုက်ခိုက်ရေးသားမှုတွေ၊ The Voice Weekly Facebook စာမျက်နှာ တိုက်ခိုက်ခံရမှု လူထုဝမ်းသာ စတဲ့ လူထု အထင်အမြင် လွဲမှားစေနိုင်တဲ့သ

တင်းတွေကို တင်ထားခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီးတော့ သူရဲ့အမြင်ကိုလည်း ဦးကျော်မင်းဆွေက အခုလို ပြောပါတယ်။

“ဒီလို အဖျက်လုပ်ငန်းလုပ်တာတော့ ကျနော်တို့လူအဖွဲ့အစည်းအတွက် မကောင်းပါဘူး။ ကိုယ့်ရဲ့ အစွမ်းအစ၊ ခံယူချက်၊ ရပ်တည်ချက်နဲ့ရိုးရိုးသားသားကိုယ့်တိုင်းပြည်အတွက်အလုပ်လုပ်ပေးဖို့လိုပါတယ်။စတုတ္ထမဏ္ဍိုင်

ပီပီသသဖြစ်အောင် ကြိုးစားလုပ်ကိုင်နေတဲ့ မီဒီယာတွေကို ဒီလိုလုပ်တာ မကောင်းပါဘူး။ ကျနော်တို့ မြန်မာ လူ့အဖွဲ့အစည်းမှာ တယောက်ယောက်ကို ဒီလို နာမည်ပျက်အောင်၊ သိက္ခာကျအောင်၊ ပျက်စီးဆုံးရှူံးနစ်နာ
aအာင်လုပ်တာမျိုးက ဒီမိုကရေစီနဲ့လားလားမှ မထိုက်ဘူးလို့ ပြောရမယ်။ ကျနော်တို့တိုင်းပြည်က ဒီမိုကရေ
စီသွားနေတယ်ဆိုရင် ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ နိုင်ငံကြီးသားတွေဖြစ်အောင် လေ့ကျင့်ထားဖို့လိုတယ်။ ဒီ
လို တိုက်ခိုက်တာမျိုး နစ်နာအောင်လုပ်တာမျိုးက မသင့်တော်တဲ့ကိစ္စပါ။”

The Voice Weekly ဂျာနယ်ဖေ့ဘွတ်ကို ၀င်ရောက်ကြည့်ရှုသူ ၁ သိန်းကျော် ရှိပါတယ်။

အရင်ကလည်း ဒီလိုတိုက်ခိုက်တာတွေကို ပြည်ပအခြေစိုက် သတင်းဌာနတွေဖြစ်တဲ့ ဧရာဝတီ၊ မဇ္ဈိမနဲ့ ဒီဗွီဘီ အင်တာနက်စာမျက်နှာတွေလည်း ရင်ဆိုင်ခဲ့ရဖူးပါတယ်။
နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်က
ို ရုရှအိုင်ပီများ
သုံးပြီး DDoS တိုက်ခိုက်ခံနေရကြောင်း သမ္မတရုံး ညွှန်မှူး ဦးဇော်ဌေးက သူ့ရဲ့ ဖေ့ဘုတ်ကနေ တဆင့် ရေး
သားထားပါတယ်။

အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ဖြစ်တဲ့The Voice Weeklyရဲ့ ကြည့်ရှုသူတစ်သိန်းကျော်ရှိထားတဖေ့ဘုတ်
စာမျက်နှာဟာလည်း မနေ့ကတည်းက Hack ခံထားရကြောင်း တွေ့ရှိရပါတယ်။


DVB TV News:

0 comments:

Post a Comment