Pages

Tuesday, February 5, 2013

တရုတ် နိုင်ငံသည် ခေတ်မီ နည်းပညာ အသုံးပြု၍ ဆိုက်ဘာ တိုက်ခိုက်သူ အများဆုံး ရှိလာနိုင်ကြောင်း Google အကြီးအကဲ ပြောကြား

တရုတ် နိုင်ငံသည် ပြည်ပ ကုမ္ပဏီများ၏ ဝက်ဘ်ဆိုက်များကို တိုက်ခိုက်ရာတွင် အဆင့်မြင့် နည်းပညာ အသုံးပြု၍ ဆိုက်ဘာ တိုက်ခိုက်မှု အများဆုံး ပြုလုပ် လာနိုင်သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်လာနိုင်ဖွယ် ရှိကြောင်း Google ဝက်ဘ်ဆိုက်မှ အမှုဆောင် ဥက္ကဋ္ဌ အိုင်းရစ် ရှက်မစ်ထ်က ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံတွင် ပြည်ပ နိုင်ငံ ကုမ္ပဏီ များ၏ ကွန်ပျူတာ များမှ အချက်အလက် များကို ခိုးယူနိုင်သည့် ကျွမ်းကျင်သော ဟက်ကာများ မြောက်မြားစွာ ရှိလာ နိုင်ကြောင်း အိုင်းရစ်က ၎င်း၏ စာအုပ်သစ် "The Digital Age" တွင် ပြောကြားထားသည်။ ယင်းစာအုပ်ကို Google ဝက်ဘ်ဆိုက် အကြံပေးဂျာရက် ကိုဟန်နှင့် ပူးတွဲ ရေးသားခဲ့သည်။

တရုတ် နိုင်ငံသည် အခြား တိုင်းပြည်များနှင့် ယှဉ်၍ စီးပွားရေး လုပ်ဆောင်ရာတွင် စုံစမ်း ထောက်လှမ်းမှုများ ပြုလုပ်လေ့ ရှိကြောင်း၊ ဆိုက်ဘာ တိုက်ခိုက်မှုကို ကျူးလွန်ရန် တရုတ် နိုင်ငံသည် အမေရိကန် နိုင်ငံကဲ့သို့ အသင့် ရှိနေကြောင်း ၎င်းတို့က ရေးသားခဲ့သည်။

တရုတ် နိုင်ငံမှ နည်းပညာ ကုမ္ပဏီ များသည် ပိုမို ယှဉ်ပြိုင် လာနိုင်ပြီး ပိုမို အဆင့်မြင့် လာဖွယ် ရှိကြောင်း အဆိုပါ စာအုပ်တွင် ရေးသားဖော်ပြ ထားပြီး အခြား နိုင်ငံများ သည်လည်း နိုင်ငံရေးနှင့် စီးပွားရေး ကိစ္စ များတွင် ယှဉ်ပြိုင်ပါက အနိုင်ရရန် တရုတ်နိုင်ငံ ကဲ့သို့ ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ် လာနိုင်ဖွယ် ရှိကြောင်း Wall Street ဂျာနယ်၏ ပြောကြားချက် အရ သိရသည်။

တရုတ် အစိုးရနှင့် Google ဝက်ဘ်ဆိုက်သည် ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ ကတည်းက ဆက်ဆံရေး မပြေ လည်ခဲ့ပေ။ သို့ရာတွင် တရုတ် နိုင်ငံ၏ ဆိုက်ဘာ တိုက်ခိုက်မှုကို ဖော်ထုတ်နိုင်ရန် အချိန် မကြာတော့ဟု Google ဝက်ဘ်ဆိုက်၏ တာဝန်ရှိသူက ပြောကြားခဲ့သည်။

တရုတ် နိုင်ငံတွင် ပညာရေးနှင့် စီးပွားရေး အတွက် အင်တာနက်ကို အသုံးပြုသူ တဖြည်းဖြည်း တိုးပွား လာခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ၌ ကမ္ဘာတွင် အင်တာနက် သုံးစွဲသူ အများဆုံး နိုင်ငံ အဖြစ် တက်လှမ်း နိုင်ခဲ့သည်။ အင်တာနက် သုံးစွဲသူ အရေ အတွက်သည် တရုတ် နိုင်ငံတွင် ၅၁၃ သန်းရှိခဲ့သည်။ သို့သော် တရုတ် နိုင်ငံသည် နိုင်ငံရေး ဝက်ဘ်ဆိုက် များကို တားမြစ် ပိတ်ပင်ခဲ့သည်ဟု သိရသည်။

http://www.myawady.net.mm/allnews/global/item/6150-2013-02-05-09-30-43#.URCnmvJafro

Credit to : မြ၀တီ
https://www.facebook.com/excellencemedia

တရုတ် နိုင်ငံသည် ပြည်ပ ကုမ္ပဏီများ၏ ဝက်ဘ်ဆိုက်များကို တိုက်ခိုက်ရာတွင် အဆင့်မြင့် နည်းပညာ အသုံးပြု၍ ဆိုက်ဘာ တိုက်ခိုက်မှု အများဆုံး ပြုလုပ် လာနိုင်သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်လာနိုင်ဖွယ် ရှိကြောင်း Google ဝက်ဘ်ဆိုက်မှ အမှုဆောင် ဥက္ကဋ္ဌ အိုင်းရစ် ရှက်မစ်ထ်က ပြောကြား ခဲ့သည်။ တရုတ် နိုင်ငံတွင် ပြည်ပ နိုင်ငံ ကုမ္ပဏီ များ၏ ကွန်ပျူတာ များမှ အချက်အလက် များကို ခိုးယူနိုင်သည့် ကျွမ်းကျင်သော ဟက်ကာများ မြောက်မြားစွာ ရှိလာ နိုင်ကြောင်း အိုင်းရစ်က ၎င်း၏ စာအုပ်သစ် "The Digital Age" တွင် ပြောကြားထားသည်။ ယင်းစာအုပ်ကို Google ဝက်ဘ်ဆိုက် အကြံပေးဂျာရက် ကိုဟန်နှင့် ပူးတွဲ ရေးသားခဲ့သည်။

တရုတ် နိုင်ငံသည် အခြား တိုင်းပြည်များနှင့် ယှဉ်၍ စီးပွားရေး လုပ်ဆောင်ရာတွင် စုံစမ်း ထောက်လှမ်းမှုများ ပြုလုပ်လေ့ ရှိကြောင်း၊ ဆိုက်ဘာ တိုက်ခိုက်မှုကို ကျူးလွန်ရန် တရုတ် နိုင်ငံသည် အမေရိကန် နိုင်ငံကဲ့သို့ အသင့် ရှိနေကြောင်း ၎င်းတို့က ရေးသားခဲ့သည်။

တရုတ် နိုင်ငံမှ နည်းပညာ ကုမ္ပဏီ များသည် ပိုမို ယှဉ်ပြိုင် လာနိုင်ပြီး ပိုမို အဆင့်မြင့် လာဖွယ် ရှိကြောင်း အဆိုပါ စာအုပ်တွင် ရေးသားဖော်ပြ ထားပြီး အခြား နိုင်ငံများ သည်လည်း နိုင်ငံရေးနှင့် စီးပွားရေး ကိစ္စ များတွင် ယှဉ်ပြိုင်ပါက အနိုင်ရရန် တရုတ်နိုင်ငံ ကဲ့သို့ ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ် လာနိုင်ဖွယ် ရှိကြောင်း Wall Street ဂျာနယ်၏ ပြောကြားချက် အရ သိရသည်။

တရုတ် အစိုးရနှင့် Google ဝက်ဘ်ဆိုက်သည် ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ ကတည်းက ဆက်ဆံရေး မပြေ လည်ခဲ့ပေ။ သို့ရာတွင် တရုတ် နိုင်ငံ၏ ဆိုက်ဘာ တိုက်ခိုက်မှုကို ဖော်ထုတ်နိုင်ရန် အချိန် မကြာတော့ဟု Google ဝက်ဘ်ဆိုက်၏ တာဝန်ရှိသူက ပြောကြားခဲ့သည်။

တရုတ် နိုင်ငံတွင် ပညာရေးနှင့် စီးပွားရေး အတွက် အင်တာနက်ကို အသုံးပြုသူ တဖြည်းဖြည်း တိုးပွား လာခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ၌ ကမ္ဘာတွင် အင်တာနက် သုံးစွဲသူ အများဆုံး နိုင်ငံ အဖြစ် တက်လှမ်း နိုင်ခဲ့သည်။ အင်တာနက် သုံးစွဲသူ အရေ အတွက်သည် တရုတ် နိုင်ငံတွင် ၅၁၃ သန်းရှိခဲ့သည်။ သို့သော် တရုတ် နိုင်ငံသည် နိုင်ငံရေး ဝက်ဘ်ဆိုက် များကို တားမြစ် ပိတ်ပင်ခဲ့သည်ဟု သိရသည်။

  မြ၀တီ

0 comments:

Post a Comment