Pages

Tuesday, February 5, 2013

၂၀ ကီလို အလေးချိန်ရှိ စပါးအုံး မြွေကြီးနှင့် ၁၂ နှစ်ကြာ အတူ ကြီးပြင်း လာရသည့် ထူးခြားသော တရုတ် ကလေးငယ်

စပါးအုံးမြွေကြီး တစ်ကောင်ကို တွေ့မြင်ပါက လူတိုင်းက ကြောက်ရွံ့ကြမည် ဖြစ်သော်လည်း တရုတ် နိုင်ငံမှ အသက် ၁၃ နှစ် အရွယ်ရှိ ကလေးငယ်သည် ကြောက်ရွံ့ခြင်း မရှိသည့် အပြင် နေ့နေ့ညည ၎င်းနှင့် အဖော်လုပ်၍ နေထိုင် လာခဲ့သည်ဟု သိရသည်။

အဆိုပါ ထူးဆန်းသည့် ဖြစ်ရပ်မှာ တရုတ် နိုင်ငံ တုံကွမ်မြို့၌ ဖြစ်ပြီး မြွေကြီးနှင့် အတူ ရှိနေသော ကလေးငယ်၏ အမည်မှာ အာကျဲ ဖြစ်သည်။

အာကျဲ မမွေးဖွားခင် ကတည်းက အာကျဲ၏ ဖခင်သည် စပါးအုံးမြွေ ဥကို အိမ်သို့ သယ်ဆောင် လာခဲ့သည်။ ထိုစပါးအုံး မြွေကြီးသည် အာကျဲ မမွေးဖွားမီ ခြောက်နှစ်နီးပါး အချိန် ကတည်းက အာကျဲတို့ မိသားစုနှင့် အတူ နေထိုင် ခဲ့ခြင်း ဖြစ်သည်။ ၎င်းစပါးအုံး မြွေကြီး၏ အလေး ချိန်မှာ ၂ဝ ကီလိုဂရမ်ကျော် ရှိသည်။

အာကျဲ ကိုးလသား အရွယ် ရောက်သည့်အခါ အာကျဲ၏ မိဘ နှစ်ပါးသည် အလုပ်များသည့် အတွက် အာကျဲကို အိမ်တွင်ထား၍ အလုပ်ကို သွားရသည်။ ထိုအချိန်မှ စ၍ အာကျဲသည် ယင်းမြွေကြီးနှင့် အတူ ဆော့ကစား၍ ကြီးပြင်း လာခဲ့သည်။

ပူပြင်းသော နွေရာသီ အချိန်တွင် အဆိုပါ မြွေကြီးသည် အာကျဲ၏ လေအေးပေးစက်ဟု အာကျဲက မှတ်ယူ ထားသည်။ ဆောင်းရာသီ ကာလ ရောက်ပါက အာကျဲသည် သူ၏အဖော် မြွေကြီးသည် အအေးဒဏ် မခံနိုင် မည်ကို စိုးရိမ်သဖြင့် မြွေကြီးကို ပွေ့ဖက် ထားလေ့ ရှိသည်။

အာကျဲသည် ထိုမြွေကြီးနှင့် အတူ နေ့နေ့ညည အတူ ရှိသော်လည်း အာကျဲကို မည်သည့် အခါမှအန္တရာယ် မပြုခဲ့ကြောင်း၊ အာကျဲကလည်းမိဘများကိုဆော့ကစားရန် အရုပ်များ တစ်ကြိမ် တစ်ခါမျှ မပူဆာဘဲမြွေကြီး ကိုသာ အဖော်လုပ်၍ ကြီးပြင်း ခဲ့ကြောင်း အာကျဲ၏ ဖခင်ဖြစ်သူ ထံမှ ပြောကြားချက်ကို ကိုးကား၍ China Smack ဌာနကဖော်ပြခဲ့သည်။

http://bit.ly/XdyMmF

Credit to : မြ၀တီ
https://www.facebook.com/excellencemedia

စပါးအုံးမြွေကြီး တစ်ကောင်ကို တွေ့မြင်ပါက လူတိုင်းက ကြောက်ရွံ့ကြမည် ဖြစ်သော်လည်း တရုတ် နိုင်ငံမှ အသက် ၁၃ နှစ် အရွယ်ရှိ ကလေးငယ်သည် ကြောက်ရွံ့ခြင်း မရှိသည့် အပြင် နေ့နေ့ညည ၎င်းနှင့် အဖော်လုပ်၍ နေထိုင် လာခဲ့သည်ဟု သိရသည်။ အဆိုပါ ထူးဆန်းသည့် ဖြစ်ရပ်မှာ တရုတ် နိုင်ငံ တုံကွမ်မြို့၌ ဖြစ်ပြီး မြွေကြီးနှင့် အတူ ရှိနေသော ကလေးငယ်၏ အမည်မှာ အာကျဲ ဖြစ်သည်။

အာကျဲ မမွေးဖွားခင် ကတည်းက အာကျဲ၏ ဖခင်သည် စပါးအုံးမြွေ ဥကို အိမ်သို့ သယ်ဆောင် လာခဲ့သည်။ ထိုစပါးအုံး မြွေကြီးသည် အာကျဲ မမွေးဖွားမီ ခြောက်နှစ်နီးပါး အချိန် ကတည်းက အာကျဲတို့ မိသားစုနှင့် အတူ နေထိုင် ခဲ့ခြင်း ဖြစ်သည်။ ၎င်းစပါးအုံး မြွေကြီး၏ အလေး ချိန်မှာ ၂ဝ ကီလိုဂရမ်ကျော် ရှိသည်။

အာကျဲ ကိုးလသား အရွယ် ရောက်သည့်အခါ အာကျဲ၏ မိဘ နှစ်ပါးသည် အလုပ်များသည့် အတွက် အာကျဲကို အိမ်တွင်ထား၍ အလုပ်ကို သွားရသည်။ ထိုအချိန်မှ စ၍ အာကျဲသည် ယင်းမြွေကြီးနှင့် အတူ ဆော့ကစား၍ ကြီးပြင်း လာခဲ့သည်။

ပူပြင်းသော နွေရာသီ အချိန်တွင် အဆိုပါ မြွေကြီးသည် အာကျဲ၏ လေအေးပေးစက်ဟု အာကျဲက မှတ်ယူ ထားသည်။ ဆောင်းရာသီ ကာလ ရောက်ပါက အာကျဲသည် သူ၏အဖော် မြွေကြီးသည် အအေးဒဏ် မခံနိုင် မည်ကို စိုးရိမ်သဖြင့် မြွေကြီးကို ပွေ့ဖက် ထားလေ့ ရှိသည်။

အာကျဲသည် ထိုမြွေကြီးနှင့် အတူ နေ့နေ့ညည အတူ ရှိသော်လည်း အာကျဲကို မည်သည့် အခါမှအန္တရာယ် မပြုခဲ့ကြောင်း၊ အာကျဲကလည်းမိဘများကိုဆော့ကစားရန် အရုပ်များ တစ်ကြိမ် တစ်ခါမျှ မပူဆာဘဲမြွေကြီး ကိုသာ အဖော်လုပ်၍ ကြီးပြင်း ခဲ့ကြောင်း အာကျဲ၏ ဖခင်ဖြစ်သူ ထံမှ ပြောကြားချက်ကို ကိုးကား၍ China Smack ဌာနကဖော်ပြခဲ့သည်။

  မြ၀တီ

0 comments:

Post a Comment