Pages

Thursday, February 7, 2013

osCommerce Online Shopping CMS အတွက် MyanPay အွန်လိုင်းငွေပေးချေမှု API အား အခမဲ့ ရရှိနိုင်

Online Ecommerce Website များ၊ Online Shopping Website များအား လွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင်စေရန်အတွက် ကမ္ဘာပေါ်တွင် လူသုံးများသော osCommerce Online Shopping CMS အတွက် MyanPay ExpressCheckout API အား ဖေဖေါ်ဝါရီလ (၇) ရက်နေ့တွင် စတင်ထုတ်ဝေလိုက်ကြောင်း သိရသည်။ osCommerce CMS အား အသုံးပြု၍ Online Shopping Website တစ်ခုအား လွယ်ကူလျင်မြန်စွာ တည်ဆောက်နိုင်ပြီး MyanPay ဖြင့် ငွေလက်ခံလိုပါက အခု ထုတ်ဝေလိုက်သော API အား အလွယ်တကူ Install ပြုလုပ်ပြီး ငွေလက်ခံဆောင်ရွက်နိုင်ကြောင်း သိရသည်။ ထို့ပြင် ၎င်း Applicaton Programming Interface (API) အား အခမဲ့ ရရှိနိုင်ကြောင်း သိရသည်။

"အခုဆိုရင် MyanPay အွန်လိုင်းငွေပေးချေမှုစနစ်ကို အသုံးပြုတဲ့ User တွေ များပြားလာတာနဲ့အမျှ Online မှာ ဈေးရောင်းဈေးဝယ်ပြုလုပ်နိုင်တဲ့ Online Shopping Website တွေ၊ Online ကနေ စီးပွားရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်တဲ့ Online E-commerce Website အပြိုင်အဆိုင်တည်ဆောက်လာကြတာကို တွေ့ရပါတယ်။ 
osCommerce CMS ဆိုတာကလည်း အဲလိုမျိုး merchant တွေအတွက် အထူးပြုပြီး တည်ဆောက်ထားတဲ့ Open Source E-commerce Solution ကြီး ဖြစ်ပါတယ်။ ပြီးတော့ osCommerce ကို အခမဲ့ download လုပ်ပြီး အသုံးပြုနိုင်တဲ့အတွက် ကမ္ဘာပေါ်မှာ osCommerce CMS ကို အသုံးပြုပြီး Online စီးပွားရေး ဆောင်ရွက်နေသူ အလွန်များပါတယ်။ 
အဲဒီအတွက်မန်မာနိုင်ငံကOnline Business ဆောင်ရွက်လိုသူတွေကိုလည်း မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်အောင် ယခုလိုမျိုး osCommerce အတွက် MyanPay API ကို ထုတ်ဝေလိုက်ခြင်း ဖြစ်ပါတယ်။" ဟု အဆိုပါ Project မှ တာဝန်ရှိသူ တစ်ဦး မှ ပြောကြားသည်။

အဆိုပါ MyanPay API အား အသုံးပြုရန်အတွက် Programming Skills များ ရှိရန် မလိုအပ်ဘဲ osCommerce CMSတွင်မိနစ်ပိုင်းအတွင်းInstallပုလုပ်၍MyanPayငွပေးချေမှုနှင့် ချိတ်ဆက်ပြီး ငွေလက်ခံဆောင်ရွက်ခြင်းများအား ဆောင်ရွက်နိုင်ကြောင်း သိရသည်။ 
အဆိုပါ osCommerce MyanPay API အား https://www.myanpay.com.mm/ တွင် အခမဲ့ Download ပြုလုပ်၍ ရယူနိုင်ပြီး နည်းပညာဆိုင်ရာ အကူအညီများ ရယူလိုပါက ဖုန်း 01 510554 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။


Credit to : Mobile Guide Journal

0 comments:

Post a Comment