Pages

Thursday, February 7, 2013

ဘီယာ ပုလင်းခွံ ၅ဝဝ,ဝဝဝ ကျော်နှင့် ပြုလုပ်ထားသော ကမ္ဘာ့အကြီးဆုံး အဆောက်အအုံ

ဘီယာ ပုလင်းခွံ ၅ဝဝ,ဝဝဝ ကျော်နှင့် ပြုလုပ်ထားသော ကမ္ဘာ့အကြီးဆုံး အဆောက်အအုံ

အမေရိကန် ပြည်ထောင်စု နီဗားဒါး ပြည်နယ် လက်စ်ဗေးဂတ်စ် မြို့တွင် စွန့်ပစ် ပစ္စည်းများဖြင့် စွန့်ဦး တီထွင်သူ စကော့တ်မက်ခ်ကိုးမ် ဆိုသူ ဗိသုကာ ပညာရှင် တစ်ဦးသည် စွန့်ပစ်ဘီယာ ပုလင်းခွံများဖြင့် တည်ဆောက်ထားသည့် Morrow Royal Pavilion အမည်ရှိ ကမ္ဘာ့ အကြီးဆုံး အဆောက်အအုံ တစ်ခုကို ဆောက်လုပ်ခဲ့သည်။ 

အဆိုပါ အဆောက်အအုံကို ဧရိယာ အကျယ်အဝန်း ၃ဝဝဝဝ စတုရန်းပေ ရှိသော မြေပြင်ပေါ်တွင် တည် ဆောက် ခဲ့ခြင်းဖြစ်သည်။ စကော့တ်သည် အဆိုပါ အဆောက်အအုံ ကို ဆောက်လုပ်ရာတွင် ပထမ အဆင့် အနေဖြင့် ပေါင်၂၉ဝဝဝဝ အလေးချိန် ရှိသည့် စွန့်ပစ် ဘီယာပုလင်း ၅ဝဝ,ဝဝဝ ကျော်ကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် ကြိတ်ခြေ ခဲ့ပြီး အဆိုပါ အစလေးများကို ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံမှ ထွက်ရှိလာသော မီးခိုး ပြာမှုန့်များနှင့် ပေါင်းစပ်၍ ကွန်ကရစ် အစားထိုး ပစ္စည်းအဖြစ် အသုံးပြုနိုင်ေ သာ Green Stone အမည်ရှိ Composite ပစ္စည်း တစ်မျိုးကို ထုတ်လုပ်ခဲ့သည်။ ထုတ်လုပ် ရရှိသော Green Stone ကို ပုံစံခွက် အတွင်းသို့ ထည့်၍ ပုံသွင်းခဲ့ပြီး အဆောက် အအုံ ဆောက်လုပ်ရာတွင် အသုံးပြုနိုင်သည့် ပစ္စည်းအဖြစ်သို့ ပြောင်းလဲလာသည့် တိုင်အောင် မာကျောလာသည်ထိ အခြောက် ခံခဲ့သည်။ 

အမေရိကန် ဒေါ်လာ ၁ ဒသမ ၄သန်း တန်ဖိုးရှိ သည့် ဟန်ဒါဆင် အရပ်ရှိ ၁၁၈၈ 1188 Center Point Drive အဆောက် အအုံ၏ မီးလင်းဖိုများ၊ တိုင်များနှင့် လက်ရန်းတိုင်များ အစရှိသည့် အဆောက်အအုံ အစိတ်အပိုင်း အားလုံးနီးပါးကို ဘီယာပုလင်း ဖန်စများနှင့် ပေါင်းစပ်ထားသော ပစ္စည်း များဖြင့် ပြုလုပ်ထားသည်။ ထို့ပြင် အဆောက်အအုံ၏ လက်ရာ အများစုကို လက် ဖြင့် သာ တီထွင် ဖန်တီးခဲ့ပြီး အောင်မြင်စွာ ပြီးစီးနိုင်ရန် စကော့တ်နှင့် ၎င်း၏ မိသားစုသည် တစ်နှစ်ကျော်ကြာ အချိန် ယူခဲ့ရသည်။ 

ထိုအဆောက်အအုံကို တည်ဆောက် နိုင်ရန် အတွက် အမေရိကန် ဒေါ်လာ ၅ဝဝဝဝ တန်ဖိုး ရှိသည့် ဘီယာပုလင်း များအား အမှုန့် ကြိတ်သည့် စက်ကို ဝယ်၍ ဖန်ပုလင်းများကို အလွန် သေးငယ်သော အမှုန့်ဖြစ်အောင် ပြုလုပ် ခဲ့ရသည်။ ထို့ကဲ့သို့ ပတ်ဝန်းကျင် သန့်ရှင်းစင်ကြယ် ရေးကို ရည်ရွယ်သည့် အဆောက် အအုံ ပုံစံများကို အင်္ဂလန် နိုင်ငံရှိ Swarkestone Hall Pavilion ကုမ္ပဏီက တီထွင် ဆောက်လုပ်ခဲ့သည်။ 

တစ်မူ ထူးခြားသော အဆောက်အအုံ တည်ဆောက်ခြင်းသည် ဘီယာ ပုလင်းခွံ ထားရှိမည့် ဘောလုံးကွင်း ရှစ်ကွင်း (ကုဗကိုက်၎ဝဝဝဝဝ) ပမာဏနှင့် ညီမျှသော နေရာ အခက်အခဲကို ကူညီ ဖြေရှင်းပေးရာ ရောက်ကြောင်း ၎င်း ဒေသတွင် နေထိုင်သူများက ပြောကြားထားသည်။ ။

မြဝတီ

အမေရိကန် ပြည်ထောင်စု နီဗားဒါး ပြည်နယ် လက်စ်ဗေးဂတ်စ် မြို့တွင်စွန့်ပစ်ပစ္စည်းများဖြင့်စွန့်ဦး တီထွင်
သူစကော့တ်မက်ခ်ကိုးမ်ဆိုသူဗိသုကာပညာရှင် တစ်ဦးသည် စွန့်ပစ်ဘီယာ ပုလင်းခွံများဖြင့် တည်ဆောက်
ထားသည့်Morrow Royal Pavilionအမည်ရှိကမ္ဘာ့အကြီးဆုံးအဆောက်အအုံတစ်ခုကို ဆောက်လုပ်ခဲ့သည်။
အဆိုပါ အဆောက်အအုံကို ဧရိယာ အကျယ်အဝန်း ၃ဝဝဝဝ စတုရန်းပေ ရှိသော မြေပြင်ပေါ်တွင် တည်
 ဆောက် ခဲ့ခြင်းဖြစ်သည်။ စကော့တ်သည် အဆိုပါ အဆောက်အအုံ ကို ဆောက်လုပ်ရာတွင် ပထမ အဆင့် အနေဖြင့် ပေါင်၂၉ဝဝဝဝ အလေးချိန် ရှိသည့် စွန့်ပစ် ဘီယာပုလင်း ၅ဝဝ,ဝဝဝ ကျော်ကို အစိတ်စိတ် အမြွှာ
မြွှာ ဖြစ်အောင် ကြိတ်ခြေ ခဲ့ပြီးအဆိုပါအစလေးများကို ကျောက်မီးသွေးဓာတ်အားပေးစက်ရုံမှထွက်ရှိလာ
သော မီးခိုး ပြာမှုန့်များနှင့် ပေါင်းစပ်၍ ကွန်ကရစ် အစားထိုး ပစ္စည်းအဖြစ် အသုံးပြုနိုင်ေ သာ Green Stone အမည်ရှိ Composite ပစ္စည်း တစ်မျိုးကို ထုတ်လုပ်ခဲ့သည်။ ထုတ်လုပ် ရရှိသော Green Stone ကို ပုံစံခွက် အတွင်းသို့ ထည့်၍ ပုံသွင်းခဲ့ပြီး အဆောက် အအုံ ဆောက်လုပ်ရာတွင် အသုံးပြုနိုင်သည့် ပစ္စည်းအဖြစ်သို့
 ပြောင်းလဲလာသည့် တိုင်အောင် မာကျောလာသည်ထိ အခြောက် ခံခဲ့သည်။

အမေရိကန် ဒေါ်လာ ၁ ဒသမ ၄သန်း တန်ဖိုးရှိ သည့် ဟန်ဒါဆင် အရပ်ရှိ ၁၁၈၈ 1188 Center Point Drive အဆောက် အအုံ၏ မီးလင်းဖိုများ၊ တိုင်များနှင့်လက်ရန်းတိုင်များအစရှိသည့် အဆောက်အအုံ အစိတ်အပိုင်း

အားလုံးနီးပါးကို ဘီယာပုလင်း ဖန်စများနှင့် ပေါင်းစပ်ထားသော ပစ္စည်း များဖြင့် ပြုလုပ်ထားသည်။ ထို့ပြင် အဆောက်အအုံ၏ လက်ရာ အများစုကို လက် ဖြင့် သာ တီထွင် ဖန်တီးခဲ့ပြီး အောင်မြင်စွာ ပြီးစီးနိုင်ရန် စကော့တ်နှင့် ၎င်း၏ မိသားစုသည် တစ်နှစ်ကျော်ကြာ အချိန် ယူခဲ့ရသည်။

ထိုအဆောက်အအုံကို တည်ဆောက် နိုင်ရန် အတွက် အမေရိကန် ဒေါ်လာ ၅ဝဝဝဝ တန်ဖိုး ရှိသည့် ဘီယာ

ပုလင်းများအားအမှုန့် ကြိတ်သည့်စက်ကိုဝယ်၍ ဖန်ပုလင်းများကို အလွန် သေးငယ်သော အမှုန့်ဖြစ်အောင်
ပြုလုပ် ခဲ့ရသည်။ ထို့ကဲ့သို့ ပတ်ဝန်းကျင် သန့်ရှင်းစင်ကြယ် ရေးကို ရည်ရွယ်သည့် အဆောက် အအုံ ပုံစံများ
ကို အင်္ဂလန် နိုင်ငံရှိ Swarkestone Hall Pavilion ကုမ္ပဏီက တီထွင် ဆောက်လုပ်ခဲ့သည်။

တစ်မူ ထူးခြားသော အဆောက်အအုံ တည်ဆောက်ခြင်းသည် ဘီယာ ပုလင်းခွံ ထားရှိမည့် ဘောလုံးကွင်း ရှစ်ကွင်း (ကုဗကိုက်၎ဝဝဝဝဝ) ပမာဏနှင့် ညီမျှသော နေရာ အခက်အခဲကို ကူညီ ဖြေရှင်းပေးရာ ရောက်

ကြာင်း ၎င်း ဒေသတွင် နေထိုင်သူများက ပြောကြားထားသည်။ ။

မြဝတီ

0 comments:

Post a Comment