Pages

Thursday, February 7, 2013

နော်ဝေအစိုးရမှ မြန်မာကျောင်းသား ကျောင်းသူများအတွက် ပေးအပ်မည့် ပညာသင်ဆု

အတွဲ(၁၄) အမှတ်(၅)
Wednesday, 30 January 2013 19:33

ပညာသင်ဆုအတွက် လျှောက်လွှာကို http://www.ait.asia/ တွင် ရယူနိုင်သည်။

ထိုင်းနိုင်ငံရှိ Asian Institute of Technology တွင် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ကျောင်းဖွင့်ချိန်တွင် မဟာဘွဲ့ပညာ ဆက်လက်သင်ယူနိုင်မည့် အခွင့်အရေးအဖြစ် နော်ဝေအစိုးရမှ မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူ ၄၀ ဦးကို ပညာသင်ဆု ထပ်မံပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံမှ အရည်အချင်းပြည့်မီသော ကျောင်းသားကျောင်းသူ များကို ထိုင်းနိုင်ငံရှိ Asian Institute of Technology တွင် မဟာဘွဲ့ပညာ တက်ရောက်သင်ယူနိုင်မည့် အစီအစဉ်ကို နော်ဝေအစိုးရမှ ၂၀၁၂ ခုနှစ်မှ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ၃ နှစ်တိုင်တိုင် ပညာသင်ဆု ရွေးချယ်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆုရရှိသူ ကျောင်းသားကျောင်းသူများအနေဖြင့် Asian Institute of Technology, School of Environment, Resource and Development, School of Engineering and
Technology, School of Management တို့တွင် သင်ကြားပို့ချပေးလျက် ရှိသော ဘာသာရပ်များကို လေ့လာသင်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆုအတွက် လျှောက်လွှာကို www.ait.asia တွင် ရယူနိုင်ပြီး ပညာသင်ဆု လျှောက်လွှာနှင့်အတူ ဘွဲ့လက်မှတ်၊ မိမိအကြောင်း အင်္ဂလိပ် ဘာသာဖြင့် စာလုံးရေ ၄၀၀ ခန့် ရေးသားဖော်ပြရမည်ဖြစ်သည်။

ထို့ပြင် ဆရာ သို့မဟုတ် လုပ်ငန်းခွင်မှ အကြီးအကဲ သို့မဟုတ် မိသားစုဝင် တစ်ဦးဦး အထူးသဖြင့် မိမိ၏ ပညာရေး အခြေအနေကို ကောင်းစွာ သိရှိသူနှစ်ဦး၏ ထောက်ခံစာကိုလည်း ပူးတွဲတင်ပြရမည်ဖြစ်သည်။

ပညာသင်ဆု လျှောက်လွှာနှင့် ပူးတွဲပါ အချက်အလက်များကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက် နောက်ဆုံးထား၍ admissoins@ait.asia သို့ အီးမေးလ်ဖြင့်ပေးပို့ရမည်ဖြစ်ပြီး အင်တာနက်အသုံးပြု၍ အဆင်မပြေပါကလည်း ထိုင်းနိုင်ငံရှိ AIT admissions office နှင့် မြန်မာနိုင်ငံရှိ Myanmar Egress တို့သို့ ပေးပို့ထားနိုင်ကြောင်း သိရသည်။

ပညာသင်ဆု လျှောက်လွှာတင်သည့်အခါတွင် AIT ကို လျှောက်ထားရသည့် အကြောင်းအရင်းနှင့်အတူ လျှောက်ထားသူ၏ အနာဂတ်ရည်မှန်းချက်၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကာလတို ကာလရှည်နှင့် အလယ်အလတ်ကြားကာလတို့တွင် သက်ဆိုင်ရာ အခန်းကဏ္ဍတို့၌ မည်သို့မည်ပုံ ပါဝင်ဆောင်ရွက်သွားမည် ဆိုသည်ကို မြန်မာဘာသာဖြင့် စာမျက်နှာသုံးမျက်နှာ စာစီစာကုံးရေးသား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆု လျှောက်ထားသူ ရှိထားရမည့် အရည်အချင်း
ထိုင်းနိုင်ငံရှိ Asian Institute of Technology တွင် ပညာသင်ဆုဖြင့် တက်ရောက်ရန် လျှောက်ထားသူများအနေဖြင့် တက္ကသိုလ်တစ်ခုမှ ဘွဲ့တစ်ခု ရရှိထားရမည်ဖြစ်သည်။

အင်္ဂလိပ်စာအရေးနှင့်အပြော ကျွမ်းကျင်ရမည်ဖြစ်ပြီး IELTS 4.5 ရရှိထားရမည်ဖြစ်ပြီး IELTS ရမှတ် မရှိပါက Asian Institute of Technology မှ စစ်ဆေးသည့် အင်္ဂလိပ်အရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုအောင်မြင်ရမည်ဖြစ်သည်။

ကျောင်းအပ်ကာလဖြစ်သည့် ၂၀၁၃ ခုနှစ်၊ သြဂုတ်လမတိုင်မီ အသက် ၄၀ နှစ်အောက် ဖြစ်ရမည်ဖြစ်သည်။ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး တစ်နှစ်ရှိရမည်ဖြစ်သည်။

တက္ကသိုလ် တက်ရောက်စဉ်အတွင်း သင်ကြားပို့ချသမျှကို ကျောင်းခေါ်ချိန် မှန်ကန်ခြင်း၊ တက်ကြွစွာ လေ့လာသင်ယူနိုင်ခြင်း ရှိရမည်ဖြစ်ပြီး စာမေးပွဲများတွင်လည်း အောင်မြင်စွာ ဖြေဆိုနိုင်ရမည်ဖြစ်သည်။
ကျောင်းပြီးပါကလည်း မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် လူသားအရင်းအမြစ် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြန်လည် မျှဝေပေးနိုင်သူ ဖြစ်ရမည်ဖြစ်သည်။

ပညာသင်ဆု လျှောက်လွှာပေးပို့ရမည့် လိပ်စာ
Myanmar Egress
အမှတ် ၃၅၊ မင်းမ္မလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
ဖုန်း-၆၅၆၈၄၀၊ ၆၅၆၈၄၁၊ ၆၆၅၄၈၂

Credit to :general Knowleadge
https://www.facebook.com/excellencemedia

အေးချမ်းမွန်

0 comments:

Post a Comment