Pages

Thursday, February 7, 2013

"ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေ(ပထမမူကြမ်း)နှင့်ပတ်သက်၍ စားပွဲဝိုင်းဆွေးနွေးပွဲပြုလုပ်"

"ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေ(ပထမမူကြမ်း)နှင့်ပတ်သက်၍ စားပွဲဝိုင်းဆွေးနွေးပွဲပြုလုပ်"

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ ရေးဆွဲထားသည့် ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေ(ပထမမူကြမ်း)နှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)မှ ဦးဆောင်သည့် စားပွဲဝိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့၊ Myanmar Media Resource Centre (MMRC) စာကြည့်တိုက်တွင်ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် MJA နာယကနှင့် ဥက္ကဌတို့၏ အမှာစကားများကို တက်ရောက်လာသူများအားဖတ်ကြားခဲ့ပြီးနောက် ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေ(ပထမမူကြမ်း)ပါအချက်များတစ်ခုချင်းစီနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကာ မွန်းလွဲ ၂နာရီခန့်တွင် ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့သည်။

ယင်း ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေ(ပထမမူကြမ်း)နှင့်ပတ်သက်သည့် စာတန်းတစ်စောင်ကို  မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)မှရေးသားတင်သွင်းမည်ဖြစ်ကြောင်းသိရသည်။

PP
(ဓာတ်ပုံ-စောလင်းအောင်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ ရေးဆွဲထားသည့် ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေ(ပထမမူကြမ်း)နှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)မှ ဦးဆောင်သည့် စားပွဲဝိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့၊ Myanmar Media Resource Centre (MMRC) စာကြည့်တိုက်တွင်ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် MJA နာယကနှင့် ဥက္ကဌတို့၏ အမှာစကားများကို တက်ရောက်လာသူများအားဖတ်ကြားခဲ့ပြီးနောက် ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေ(ပထမမူကြမ်း)ပါအချက်များတစ်ခုချင်းစီနှင့်ပတ်သက်၍ ဆွေးနွေး
ခဲ့ကြကာ မွန်းလွဲ ၂နာရီခန့်တွင် ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့သည်။

ယင်း ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေ(ပထမမူကြမ်း)နှင့်ပတ်သက်သည့် စာတန်းတစ်စောင်ကို မြန်မာနိုင်ငံ
သတင်းစာဆရာအသင်း(MJA)မှရေးသားတင်သွင်းမည်ဖြစ်ကြောင်းသိရသည်။

PP
(ဓာတ်ပုံ-စောလင်းအောင်)
Popular Myanmar

0 comments:

Post a Comment