Pages

Thursday, February 14, 2013

ခေတ်ဘယ်လောက်ပြောင်းပြောင်း မရိုးနိုင်သော Ferrari Testarossa

ခေတ်ဘယ်လောက်ပြောင်းပြောင်း မရိုးနိုင်သော Ferrari Testarossa
Thursday, February 14, 2013

၁၉၈၀ ကျော်မော်ဒယ် ပြိုင်ကားအနေနဲ့ ယနေ့အချိန်မှာ ပြန်ကြည့်လိုက်ရင် ဒီဇိုင်းအရက ဒိတ်အောက်နေတတ်ပါတယ်။ ယခု မြင်တွေ့ရတဲ့ Testarossa ကတော့ အဲ့ဒီလို မဟုတ်ပါဘူး။

ဒီဇိုင်းအရရော၊ အတွင်းနည်းပညာအရရော ယနေ့ပြိုင်ကားများနဲ့ ယှဉ်လိုက်ရင် တောက်ပြောင်နေဆဲ ဖြစ်ပါတယ်။ ဆလင်ဒါ ၁၂ လုံးပူးနဲ့ ၆၀၀၀ စီစီ အထက်ပါဝါကြီးကားဆိုတော့ တစ်နာရီ မိုင် ၂၀၀ ပတ်လည်ကို အမြန်မောင်းနိုင်ပါတယ်။ အီတလီ Ferrari ထုတ်တဲ့ အလှဆုံးကား စာရင်းလည်းဝင်ပါတယ်။

ဂီယာ ၅ ချက် ရိုးရိုးဖြစ်ပြီး တံခါး ၂ ပေါက် ၂ ယောက်စီးကား ဖြစ်ပါတယ်။ အတွင်းခန်း ကျယ်ကျယ်ဝန်းဝန်းရှိပါတယ်။ Lamborghini ကားတွေလိုပဲ ဘေးအနားနှစ်ဖက်ဘာ ပုံစံဖော်ထားတာက အတော်လှပါတယ်။ ယင်းကနေ လေရပြီး အင်ဂျင်အတွက်ရော၊ ကားအတွင်းခန်း အတွက်ရော လေအေး အလုံအလောက်ပေးနိုင်ပါတယ်။ ၁၉၈၄ ကစလို့ ၁၈၈၆ ခုနှစ်ထိ အစီးရေ သောင်းဂဏန်းပဲ ထုတ်လုပ် ထားပါတယ်။ ကာလတန်ဖိုးအားဖြင့် အဲ့ကတည်းက အမေရိကန်ဒေါ်လာ ၂၂၀၀၀၀ နဲ့ရောင်းချတာမို့ ယခုချိန်ရှာဝယ်ရင် ကန်ဒေါ်လာ သန်းနဲ့ ချီနိုင်မယ့် ကားများ ဖြစ်ပါတယ်။
--
Ref: autoblog
http://www.colayonline.com.mm/
ColayOnline:Automobile
Thursday, February 14, 2013

၁၉၈၀ ကျော်မော်ဒယ် ပြိုင်ကားအနေနဲ့ ယနေ့အချိန်မှာ ပြန်ကြည့်လိုက်ရင် ဒီဇိုင်းအရက ဒိတ်အောက်နေတတ်ပါတယ်။ ယခု မြင်တွေ့ရတဲ့ Testarossa ကတော့ အဲ့ဒီလို မဟုတ်ပါဘူး။ ဒီဇိုင်းအရရော၊ အတွင်းနည်းပညာအရရော ယနေ့ပြိုင်ကားများနဲ့ ယှဉ်လိုက်ရင် တောက်ပြောင်နေဆဲ ဖြစ်ပါတယ်။ ဆလင်ဒါ ၁၂ လုံးပူးနဲ့ ၆၀၀၀ စီစီ အထက်ပါဝါကြီးကားဆိုတော့ တစ်နာရီ မိုင် ၂၀၀ ပတ်လည်ကို အမြန်မောင်းနိုင်ပါတယ်။ အီတလီ Ferrari ထုတ်တဲ့ အလှဆုံးကား စာရင်းလည်းဝင်ပါတယ်။


ဂီယာ ၅ ချက် ရိုးရိုးဖြစ်ပြီး တံခါး ၂ ပေါက် ၂ ယောက်စီးကား ဖြစ်ပါတယ်။ အတွင်းခန်း ကျယ်ကျယ်ဝန်းဝန်းရှိပါတယ်။ Lamborghini ကားတွေလိုပဲ ဘေးအနားနှစ်ဖက်ဘာ ပုံစံဖော်ထားတာက အတော်လှပါတယ်။ ယင်းကနေ လေရပြီး အင်ဂျင်အတွက်ရော၊ ကားအတွင်းခန်း အတွက်ရော လေအေး အလုံအလောက်ပေးနိုင်ပါတယ်။ 
 
၁၉၈၄ ကစလို့ ၁၈၈၆ ခုနှစ်ထိ အစီးရေ သောင်းဂဏန်းပဲ ထုတ်လုပ် ထားပါတယ်။ ကာလတန်ဖိုးအားဖြင့် အဲ့ကတည်းက အမေရိကန်ဒေါ်လာ ၂၂၀၀၀၀ နဲ့ရောင်းချတာမို့ ယခုချိန်ရှာဝယ်ရင် ကန်ဒေါ်လာ သန်းနဲ့ ချီနိုင်မယ့် ကားများ ဖြစ်ပါတယ်။
--
Ref: autoblog
ColayOnline:Automobile

0 comments:

Post a Comment