Pages

Thursday, February 14, 2013

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းအား တာဝန်မှအနားပေးပြီ

ဒုဝန်ကြီးရဲချုပ် ကျော်ကျော်ထွန်းအား တာဝန်မှ အနားပေး


ယနေ့ နေပြည်တော်မှ လာသော ခိုင်လုံသော သတင်းအရ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းအား တာဝန်မှအနားပေးလိုက်ကြောင်းသိရှိရသည်။အဆိုပါအနားပေးမှုမှာ ပြီးခဲ့သည့် နှစ်ပိုင်းတွင်းက ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင်သပိတ်စခန်းအား အင်အားသုံးဖြေရှင်းမှုနှင့် ဆက်စပ်မှုရှိကြောင်းလည်း သိရှိရသည်။ ယခုအနားပေးမှုသတင်းမှာ လက်ပံတောင်းတောင်စုံစမ်းရေးကော်မရှင်၏  အစီရင်ခံစာ ထွက်လာခါနီးအချိန်နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။ အနားပေးလိုက်သော ရဲချုပ်ကျော်ကျော်ထွန်းနေရာတွင် လက်ရှိ ဧရာဝတီတိုင်း စစ်ဌာနာချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးသိန်းအား ခန့်အပ်သွားမည်ဖြစ်ကြောင်း PDK မှ သတင်းရရှိထားသည်။

News by: People Development for Knowledge
(စာဖတ်သူပရိတ်သတ်များအတွက် သတင်းထူး၊ သတင်းဦးများကို ကြိုးစားပမ်းစား ဖော်ထုတ်ရေးသားနေပါသည်။ မိမိတို့ Page ၏ သတင်းများကို ခေါင်းပုံဖြတ် ဖော်ပြနေသော အချို့သော Page များ၏ သတင်း Copy ကူးမှုများကို ရှုံ့ချပါကြောင်းနှင့် ဖော်ပြချင်ပါက မူရင်း Page Link ကို တိုက်ရိုက် Share လုပ်ပေးကြပါရန်)

ယနေ့ နေပြည်တော်မှ လာသော ခိုင်လုံသော သတင်းအရ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းအား တာဝန်မှအနားပေးလိုက်ကြောင်းသိရှိရသည်။အဆိုပါအနားပေးမှုမှာ ပြီးခဲ့သည့် နှစ်ပိုင်းတွင်းက ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင်သပိတ်စခန်းအား အင်အားသုံးဖြေရှင်းမှုနှင့် ဆက်စပ်မှုရှိကြောင်းလည်း သိရှိရသည်။
ယခုအနားပေးမှုသတင်းမှာ လက်ပံတောင်းတောင်စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ ထွက်လာခါနီးအချိန်နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။ 

အနားပေးလိုက်သော ရဲချုပ်ကျော်ကျော်ထွန်းနေရာတွင် လက်ရှိ ဧရာဝတီတိုင်း စစ်ဌာနာချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးသိန်းအား ခန့်အပ်သွားမည်ဖြစ်ကြောင်း PDK မှ သတင်းရရှိထားသည်။


 People Development For Knowledge

0 comments:

Post a Comment