Pages

Thursday, February 14, 2013

မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ ရဲ့ ဆုံးမသြ၀ါဒ

မင်းတို့ လူထုအနေနဲ့ရော သံဃာထုအနေနဲ့ရော ဗဟုသုတကလဲ အင်မတန်ကို နဲပါတယ်။ 
အဲဒါ တိုင်းပြည် မတိုးတက်ခြင်းရဲ့ အခြေခံအကြောင်းတရားတွေပဲ။

ဗဟုသုတနဲတော့ကို ရန်မဖြစ်ရမယ့်ကိစ္စ ရန်ဖြစ်တယ်၊ ရန်ဖြစ်အောင် တကယ်ရန်တိုက်ပေးရင် တကယ်ရန်ဖြစ်တယ်၊
စဉ်းစားကြည့် . . . မင်းတို့  ရှူးတိုက်တိုင်း ကိုက်တယ်ဆိုတာ ခွေးတွေပဲ ရှိတယ်ကွ၊ အဲဒါ အဲဒီလို ရန်ဖြစ်အောင် တိုက်ပေးရင် ရန်ဖြစ်တယ်ဆိုကတည်းက မင်းတို့ရဲ့ အသိညာဏ်က အဲဒီ သုနခ (ခွေး)လောက်ပဲ ရှိတာ။ အဲဒါ မှတ်ထား။

နောက်ကို ရန်ဖြစ်အောင် တိုက်ပေးတိုင်း ရန်မဖြစ်ရဘူး။ ဆူပူအောင် လုပ်တိုင်း မဆူပူရဘူး၊ ကိုယ်က ဗဟုသုတရှိထားမှ ဒါ တမင်သက်သက် ဆူပူအောင် လုပ်နေတယ်၊ အဲဒီလို သိတာပေါ့၊ အဲဒီလို သိအောင် ခုနက ပြောသလိုပဲ ဗဟုသုတရှိအောင်လို့ ဆည်းပူးရတယ်၊ 

မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ

မင်းတို့ လူထုအနေနဲ့ရော သံဃာထုအနေနဲ့ရော ဗဟုသုတကလဲ အင်မတန်ကို နဲပါတယ်။
အဲဒါ တိုင်းပြည် မတိုးတက်ခြင်းရဲ့ အခြေခံအကြောင်းတရားတွေပဲ။ ဗဟုသုတနဲတော့ကို ရန်မဖြစ်ရမယ့်ကိစ္စ ရန်ဖြစ်တယ်၊ ရန်ဖြစ်အောင် တကယ်ရန်တိုက်ပေးရင် တကယ်ရန်ဖြစ်တယ်၊ စဉ်းစားကြည့် . . . မင်းတို့ ရှူးတိုက်တိုင်း ကိုက်တယ်ဆိုတာ ခွေးတွေပဲ ရှိတယ်ကွ၊ အဲဒါ အဲဒီလို ရန်ဖြစ်အောင် တိုက်ပေးရင် ရန်ဖြစ်တယ်ဆိုကတည်းက မင်းတို့ရဲ့ အသိညာဏ်က အဲဒီ သုနခ (ခွေး)လောက်ပဲ ရှိတာ။ အဲဒါ မှတ်ထား။

နောက်ကို ရန်ဖြစ်အောင် တိုက်ပေးတိုင်း ရန်မဖြစ်ရဘူး။ ဆူပူအောင် လုပ်တိုင်း မဆူပူရဘူး၊ ကိုယ်က ဗဟုသုတရှိထားမှ ဒါ တမင်သက်သက် ဆူပူအောင် လုပ်နေတယ်၊ အဲဒီလို သိတာပေါ့၊ အဲဒီလို သိအောင် ခုနက ပြောသလိုပဲ ဗဟုသုတရှိအောင်လို့ ဆည်းပူးရတယ်၊

မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ

0 comments:

Post a Comment