Pages

Thursday, February 14, 2013

ဟိုတယ်အချို့ တည်းခိုခန်း လိုင်စင်များဖြင့် လုပ်ကိုင်နေ

Thursday, February 14, 2013
ယခုနှစ်အတွင်း ဖွင့်လှစ်လုပ်ကိုင်လာသော ဟိုတယ်အချို့တွင် ဟိုတယ်လိုင်စင်ဖြင့် မဟုတ်ဘဲ တည်းခိုခန်း လိုင်စင်များဖြင့် ဖွင့်လှစ် လုပ်ကိုင်လာကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။ “ဟိုတယ် တည်ဆောက်ပြီးတာနဲ့ ချက်ချင်းဖွင့်ပြီး ဧည့်သည် လက်ခံချင်ကြတာကြောင့် တည်းခိုခန်း လိုင်စင်နဲ့ အမြန်လျှောက်ပြီး အမြန်ဖွင့်လာတာတွေ ရှိတယ်” ဟု မန္တလေးမြို့ပေါ်ရှိ ဟိုတယ်တခုတွင် မန်နေဂျာလုပ်ကိုင်နေသည့် ဦးမိုးသက် က ပြောသည်။ ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ဧည့်သည် ဝင်ရောက်မှု များပြားမည်ဟု ဟိုတယ် လုပ်ငန်းရှင်များ ကြိုတင်မျှော်လင့်ထားကြ၍ ဟိုတယ်လုပ်ငန်းတွင် ခါတော်မီ ဝင်ရောက် လုပ်ကိုင်သူများ ရှိခဲ့သည်။ ထိုသူများသည် ဟိုတယ် ဆောက်လုပ်ပြီးပြီးချင်း ဖွင့်လှစ်လုပ်ကိုင်လိုကြသဖြင့် တည်းခိုခန်း လိုင်စင်ဖြင့် အမြန်ဖွင့်လှစ် လုပ်ကိုင်လာကြခြင်း ဖြစ်သည်ဟု ဆိုသည်။

“မန္တလေး ဟိုတယ်ဇုန်ဆိုရင် မနှစ်က ဟိုတယ် ၇၉ လုံး ဖွင့်ရှိတယ်။ ဒီနှစ်လည်း ဟိုတယ် ၇၉ လုံးပဲ စာရင်းပေါက်တယ်။ တည်းခိုခန်း လိုင်စင်နဲ့ ဖွင့်လာတာ ၅ လုံးရှိတယ်” ဟု မန္တလေး ဟိုတယ်ဇုန်မှ ဥက္ကဋ္ဌ ဦးမြင့်အောင် က ပြောသည်။

ယခုနှစ်အတွင်း ဟိုတယ်အဆင့်ရှိ ဟိုတယ်များအား တည်းခိုခန်းလိုင်စင်ဖြင့် မန္တလေးနှင့် ကျိုင်းတုံဘက်တွင် ဖွင့်လှစ် လုပ်ကိုင်မှုများ ရှိနေကြောင်း ဝါရင့် အင်္ဂလိပ် ဧည့်လမ်းညွှန် တဦးကလည်း ပြောဆိုသည်။

“ဧည့်သည်တွေ လိုက်ပို့ရင်း ကျိုင်းတုံဘက် ရောက်တုန်းက သတိထားမိခဲ့တယ်။ တည်းခိုခန်း လိုင်စင်နဲ့ ဟိုတယ်တွေ ဖွင့်ထားကြတယ်။ အကျိုးအကြောင်း သိချင်လို့ မေးကြည့်တော့ ဟိုတယ်လိုင်စင် လျှောက်ရင်
ထောက်ခံချက် အဆင့်ဆင့်ကြောင့် အနည်းဆုံး ၆ လလောက် ကြာတယ်။ တည်းခိုခန်းဆို လိုင်စင် အမြန်ရတယ်။ ချက်ချင်း ဖွင့်လှစ် လုပ်ကိုင်လို့ ရတယ်လို့ သူတို့က ပြောတယ်” ဟု ဧည့်လမ်းညွှန် ဦးညီဇော် က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း - ရွှေတြိဂံဇုန် အတွင်းရှိ ကျိုင်းတုံတွင် ဟိုတယ် ၃၂ လုံးနှင့် တာချီလိတ်တွင် ဟိုတယ် ၁၉ လုံး ရှိကြောင်း သိရသည်။

Mizzima - News in Burmese

0 comments:

Post a Comment