Pages

Monday, February 4, 2013

နေ့စားအလုပ်သမားနှစ်ဦး ဘိလပ်မြေဖျော်စက်အတွင်း ချိုးခွာနေစဉ် စက်မောင်းခဲ့သဖြင့် သေဆုံးမှုဖြစ်ပွား

Monday, 04 February 2013

ဘုရင့်နောင်အမှတ် (၂) တံတား ဆောက်လုပ်ရေး စီမံကိန်း လုပ်ငန်းခွင်၌ နေ့စားအလုပ်သမား အမျိုးသား
နှစ်ဦး ဘိလပ်မြေ ဖျော်စက်အတွင်း ချိုးခွာနေစဉ် စက်မောင်းခဲ့သဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီးရဲ တပ်မှူးရုံးမှ သိရသည်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ညနေ ၃ နာရီ ၄၅ မိနစ် အချိန်
တွင် ဘုရင့်နောင် အမှတ် (၂) တံတား ဆောက်လုပ်ရေး စီမံကိန်း လှိုင်သာယာဘက်ခြမ်း လုပ်ငန်းခွင်၌
နေ့စားအလုပ်သမားများ ဖြစ်သူ--------------------------------------------------------------------------------
ခင်ဇော် (၁၇နှစ်) နှင့် ဘိုဘို (၁၉) နှစ် နှစ်ဦးတို့သည် ဘိလပ်မြေဖျော်စက်အတွင်း ချိုးခွာနေခဲ့ကြသည်။

ထိုအချိန်တွင် ဘိလပ်မြေဖျော်စက်မောင်းသူကိုအောင်သူရ (၂၃နှစ်)သည်ဘိလပ်မြေဖျော်စက်အား ခလုတ်
ဖွင့် လိုက်စဉ် စက်အတွင်း ချိုးခွာနေကြသော ခင်ဇော်နှင့် ဘိုဘို တို့ နှစ်ဦးမှာ စက်အတွင်း ညှပ်မိပြီး ခင်ဇော်
မှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားပြီး ဘိုဘိုမှာ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် လမ်း၌ သေ
ဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော အမျိုးသား နှစ်ဦးသည် ရှမ်းချောင်းကျေးရွာ၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ များဖြစ်

ကြောင်း သိရသည်။

ဘုရင့်နောင် အမှတ် (၂) တံတား ချဉ်းကပ်တံတား အပိုင်းအား Yangon Crown ကုမ္ပဏီမှ တာဝန်ယူ တည်

ဆာက်လျက် ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို လှိုင်သာယာရဲစခန်းမှ (ပ)၁၃၂/၂၀၁၃၊ ပုဒ် မ- ၃၀၄ ဖြင့် အမှုဖွင့်ပြီး အမှုစစ်မှ ကျူးလွန်သူ

အား စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment