Pages

Monday, February 4, 2013

လှိုင်မြစ်အတွင်း ဆီတင်စက်လှေ မီလောင်းကျွမ်းမှုကြောင့် လူ ၄ ဦးသေဆုံး



ဖေဖော်ဝါရီလ(၄)ရက် ညနေ(၅း၀၀)နာရီခန့်တွင် လှိုင်မြို့နယ် ၄ ရက်ကွက်အတွင်းရှိ ရွှေဇင်ယော်ဟိန်း ငါး
တင်ငါးချဆိပ်ကမ်းအနီး မြ၀တီစက်သုံးဆီဖြန့်ဖြူးရေးလုပ်ငန်းမှ လှိုင်မြစ်အတွင်းဆီတင်စက်လှေနှစ်စင်း မီး
လာင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

 
နောက်ဆုံးရရှိတဲ့ သတင်းအရ မီးလောင်မှုကြောင့် လူ ၄ ဦး သေဆုံးသွားပါတယ်၊ ဒီဆီတင်သင်္ဘောကို မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီရဲ့ ဌာနခွဲတစ်ခုဖြစ်တဲ့ မြဝတီ စက်သုံးဆီရောင်းဝယ်ရေး က ပိုင်ဆိုင်တာဖြစ်ပါတယ်၊ သင်္ဘောအလယ်တွဲကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး၊ သင်္ဘော ၃ စီး မီးလောင်ပျက်စီးခဲ့ပါတယ်။


“ကျွန်တော်တို့သိရသလောက်ကတော့ အသံပဲကြားပြီး အပြင်ကိုထွက်ကြည့်လိုက်တော့မီးကလောင်နေပြီ
 ပထမဆီပေပါတစ်လုံးပေါက်ကတည်းက သင်္ဘောကမြုပ်နေပြီနောက်သိပ်မကြာဘူး။ နောက်တစ်ခါ ထပ်
ပေါက်တယ်။ ဒဏ်ရာရတာသေတာတွေတော့အတိအကျမသိဘူး”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။

အဆိုပါမီးလောင်မှုမှာ ဆီတင်စက်လှေနှစ်စင်းမှ ဆီအတင်အချလုပ်နေစဉ်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း
မီးလောင်သည့်ဘင်္ဘောမြုပ်ခါနီးနေစဉ်တွင်သဘောင်္မှဖိတ်စင်ခဲ့သောဆီများမှာလှိုင်မြစ်အတွင်းသို့ပြန့်ထွက်
နေကြောင်းမျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရသိရှိရသည်။

မီးလောင်သော သင်္ဘောကို ရပ်နားထားသည်မှာ ငါးရက်ခန့်ရှိပြီးဖြစ်ပြီး ဆီဖြည့်အပြီး ခုတ်မောင်းသွားစဉ် မီးလောင် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

မီးလောင်မှုကြောင့် ဆုံးရှုံးမှုစာရင်းအား သက်ဆိုင်ရာမှထုတ်ပြန်ထားခြင်း မရှိသေးကြောင်းနှင့်မီးလောင်စဉ်
ဒဏ်ရာရရှိသူ တစ်ဦးအားရပ်ကွက်နေပြည်သူများမှဆွဲထုတ်ခဲ့ကြောင်းသိရှိရသည်။နောက်ဆုံးရရှိတဲ့သတင်း
အရ မီးလောင်မှုကြောင့် လူ ၄ ဦး သေဆုံးသွားပါတယ်၊ ဒီဆီတင်သင်္ဘောကို မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီ
ရဲ့ ဌာနခွဲတစ်ခုဖြစ်တဲ့ မြဝတီ စက်သုံးဆီရောင်းဝယ်ရေး က ပိုင်ဆိုင်တာဖြစ်ပါတယ်၊ 

သင်္ဘောအလယ်တွဲကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး၊ သင်္ဘော ၃ စီး မီးလောင်ပျက်စီးခဲ့ပါတယ်။


သန့်ဇင်ဝင်း
(မြစ်မခ)

0 comments:

Post a Comment