Pages

Monday, February 4, 2013

ကျောက်စိမ်းတွင်း တနိုင်တပိုင် လုပ်သူတွေကို လုပ်ကွက်ကနေ ပြောင်းခိုင်း

ကျောက်စိမ်းတွင်း တနိုင်တပိုင် လုပ်သူတွေကို လုပ်ကွက်ကနေ ပြောင်းခိုင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အတွင်းမှာရှိတဲ့ ကျောက်စိမ်း လုပ်ကွက်တွေမှာ ကျောက်စိမ်းနဲ့ရွှေ တစ်နိုင်တစ်ပိုင် တူးဖော်လုပ်ကိုင်နေကြသူတွေကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး သက်ဆိုင်ရာဒေသ အာဏာပိုင်တွေက အတင်းပြောင်းရွှေ့ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အဲဒီလို ပြောင်းရွှေ့ခိုင်းနေတာကြောင့် အခုရက်ပိုင်းအတွင်း တနိုင်တပိုင် အလုပ်လုပ်ကြသူ ဦးရေ ၆ သောင်းနီးပါး ပြောင်းရွှေ့သွားကြပြီးပြီလို့ သိရပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်း ဒေသတစ်ခုလုံးမှာ ဒေသခံတွေ အပါအဝင် မြန်မာပြည်အနှံ့က ကျောက်နဲ့ ရွှေ တူးဖော်လုပ်ကိုင်နေကြသူ စုစုပေါင်း လူဦးရေ တစ်သိန်းဝန်းကျင်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြောင်းရွှေ့နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက RFA ကို အခုလို ပြောပါတယ်။

"ကျွန်တော်တို့ လက်ရှိလုံးခင်းတဝိုက်မှာ အထူးသဖြင့် ရွှေ့ပြောင်းခိုင်းတယ်၊ တဲတွေ တော်တော်များများကတော့ ပြောင်းသွားကြပါပြီ၊ တချို့နေရာတွေမှာကျတော့ တဲတွေဖျက်ပြီးမှ ပြောင်းခိုင်းတယ်"

ဒါ့အပြင် ကျောက်စိမ်းတွင်း လုပ်ကွက်တွေထဲမှာ လုံခြုံရေးအင်အားတွေ သိသိသာသာ တိုးမြှင့်ချထားတာတွေလည်း တွေ့နေရတယ်လို့ သိရပါတယ်။

ဖါးကန့် ကျောက်စိမ်းတွင်းတွေမှာ ကင်းလှည့်နေတဲ့ လှုပ်ရှားတပ်တွေနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေဟာ တစ်နိုင်တစ်ပိုင် တူးဖော်လုပ်ကိုင်နေသူတွေ တူးဖော်ရရှိတဲ့ ကျောက်တွေအပါအဝင် ကျောက်တူးဖော်တဲ့ ပစ္စည်းကိရိယာတွေကိုပါ လုံခြုံရေးတာဝန်ကို အကြောင်းပြပြီး နေ့စဉ်ရက်ဆက်ဆိုသလို သိမ်းယူတာတွေလည်း ရှိနေတယ်လို့ ကျောက်တူးဖေါ်သူတွေက ပြောပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အတွင်းမှာရှိတဲ့ ကျောက်စိမ်း လုပ်ကွက်တွေမှာ ကျောက်စိမ်းနဲ့ရွှေ တစ်နိုင်
တစ်ပိုင် တူးဖော်လုပ်ကိုင်နေကြသူတွေကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး သက်ဆိုင်ရာဒေသ အာဏာပိုင်
တွက အတင်းပြောင်းရွှေ့ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလို ပြောင်းရွှေ့ခိုင်းနေတာကြောင့် အခုရက်ပိုင်းအတွင်း တနိုင်တပိုင် အလုပ်လုပ်ကြသူ ဦးရေ ၆ သောင်း
နီးပါး ပြောင်းရွှေ့သွားကြပြီးပြီလို့ သိရပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်း ဒေသတစ်ခုလုံးမှာ ဒေသခံတွေအပါအဝင် မြန်မာပြည်အနှံ့က ကျောက်နဲ့ ရွှေ တူး
ဖ်ာလုပ်ကိုင်နေကြသူ စုစုပေါင်း လူဦးရေ တစ်သိန်းဝန်းကျင်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြောင်းရွှေ့နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက RFA ကို အခုလို ပြောပါတယ်။

"ကျွန်တော်တို့ လက်ရှိလုံးခင်းတဝိုက်မှာ အထူးသဖြင့် ရွှေ့ပြောင်းခိုင်းတယ်၊ တဲတွေ တော်တော်များများ
ကတော့ ပြောင်းသွားကြပါပြီ၊ တချို့နေရာတွေမှာကျတော့ တဲတွေဖျက်ပြီးမှ ပြောင်းခိုင်းတယ်"

ဒါ့အပြင် ကျောက်စိမ်းတွင်း လုပ်ကွက်တွေထဲမှာ လုံခြုံရေးအင်အားတွေ သိသိသာသာ တိုးမြှင့်ချထားတာ
တွလည်း တွေ့နေရတယ်လို့ သိရပါတယ်။

ဖါးကန့် ကျောက်စိမ်းတွင်းတွေမှာ ကင်းလှည့်နေတဲ့လှုပ်ရှားတပ်တွေနဲ့လုံခြုံရေးအဖွဲ့ဝင်တွေဟာတစ်နိုင်တစ်
ပိုင် တူးဖော်လုပ်ကိုင်နေသူတွေ တူးဖော်ရရှိတဲ့ ကျောက်တွေအပါအဝင် ကျောက်တူးဖော်တဲ့ ပစ္စည်းကိရိယာ
တွကိုပါ လုံခြုံရေးတာဝန်ကို အကြောင်းပြပြီး နေ့စဉ်ရက်ဆက်ဆိုသလို သိမ်းယူတာတွေလည်း ရှိနေတယ်
လို့ ကျောက်တူးဖေါ်သူတွေက ပြောပါတယ်။
RFA (Burmese)

0 comments:

Post a Comment