Pages

Monday, February 4, 2013

ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများနှင့် မီဒီယာများ တွေ့ဆုံပွဲ နေပြည်တော်တွင်ပြုလုပ် ၀န်ထမ်းလစာ တိုးမြှင့်ခြင်း၊ ကေအိုင်အေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု၊ ဆက်သွယ်ရေးအရာရှိများ အရေးယူမှုကိစ္စများနှင့် ပတ်သက်၍ မေးမြန်းမှုများအပေါ် အသေးစိတ် ဖြေကြားခဲ့ခြင်းမရှိ

ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများနှင့် မီဒီယာများ တွေ့ဆုံပွဲ
 နေပြည်တော်တွင်ပြုလုပ် ၀န်ထမ်းလစာ တိုးမြှင့်ခြင်း၊ ကေအိုင်အေနှင့်
 ငြိမ်းချမ်းရေး ဆွေးနွေးမှု၊ ဆက်သွယ်ရေးအရာရှိများ အရေးယူမှုကိစ္စများနှင့် 
ပတ်သက်၍ မေးမြန်းမှုများအပေါ် အသေးစိတ် ဖြေကြားခဲ့ခြင်းမရှိ
Monday, 04 February 2013

ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများနှင့် မီဒီယာသမားများ တွေ့ဆုံ
ပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ စက်မှု
ဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ပြီး ၀န်ထမ်းလစာ တိုးမြှင့်ခြင်း၊ ကေအိုင်အေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု၊ဆက်သွယ်ရေးအရာရှိများ အရေးယူမှုကိစ္စများနှင့် 
ပတ်သက်၍ မေးမြန်းမှုများအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ် ဖြေကြားခဲ့ခြင်းမရှိဘဲ လတ်တလော ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း၊ အချို့ကို ဖြေကြားပေးနိုင်မည့် အချိန်တွင် ဆက်လက်
 ဖြေကြားပေးမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းတွေ့ဆုံပွဲသို့ သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ စွမ်းအင်ဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယ၀န်ကြီးများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲ၌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံ၏ လက်ရှိကြွေးမြီများနှင့် ပတ်သက်ပြီး အဓိကထား ရှင်းလင်းပြောကြားခဲ့သည်။ အလားတူ အမျိုးသား လူမှုရေးနှင့် စီးပွားရေး အကြံပေး ကောင်စီမှ ဒေါက်တာဇော်ဦးကလည်း ကြွေးမြီကိစ္စများနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

တွေ့ဆုံပွဲတွင် အစိုးရဘက်မှ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက အဓိကထား ပြောကြားခဲ့ပြီး ကျန်ဝန်ကြီးများနှင့် ဒုတိယ
ဝန်ကြီးများက မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကျင်းပသည့်ပွဲသည် သတင်းစာ ရှင်းလင်းပွဲ မဟုတ်ဘဲ မီဒီယာများနှင့် အစိုးရ ၀န်ကြီးဌာနများ တွေ့ဆုံရန် စီစဉ်သည့် ပွဲဖြစ်ကြောင်း၊ မီဒီယာများနှင့် အစိုးရအဖွဲ့အကြား ပိုမိုရင်းနှီးမှု ရယူလို၍ ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် အစိုးရအဖွဲ့ပေါ်သို့ မီဒီယာများ အနေဖြင့် မြှောက်ပင့်စရာ မလိုသကဲ့သို့ ကဲ့ရဲ့ရှုတ်ချမှုများ မပြုလုပ်စေလိုကြောင်း၊ မီဒီယာများအနေဖြင့် 
အစိုးရအား ဝေဖန်မှုများ ပြုလုပ်နိုင်ပြီး ဝေဖန်မှုများကိုလည်း အစိုးရအဖွဲ့က ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

မီဒီယာများအနေဖြင့် အစိုးရအဖွဲ့အား ဝေဖန်အကြံပြု တွဲခေါ်ရန်နှင့်
 ပြည်သူနှင့် အစိုးရအကြား မီဒီယာများမှ ပေါင်းကူးပေးရန်လည်း ဦးစိုးသိန်း
က ရှင်းလင်း ပြောကြားခဲ့သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဦးဝင်းရှိန်က ကြွေးမြီကိစ္စှနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် မြန်မာတစ်နိုင်ငံလုံးအနေဖြင့် လက်ရှိအချိန်
အထိ ကျန်ရှိသည့် ကြွေးမြီစုစုပေါင်း အမေရိကန်ဒေါ်လာ ၉ ဘီလျံကျော် ရှိကြောင်း၊ ၁၉၈၈ ခုနှစ် မတိုင်မီ အကြွေးမြီ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၅၉၉၂ ဒသမ ၁၂၇ သန်း ရှိကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ကြွေးမြီ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၆၅၆ ဒသမ ၀၈၁ သန်းရှိကြောင်းနှင့် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် တရုတ်နိုင်ငံမှ ချေးယူသည့် ကြွေးမြီပမာဏမှာ အများဆုံးဖြစ်ပြီး အမေရိကန် ဒေါ်လာ ၃၃၁၉ ဒသမ ၀၀၃ သန်း ရှိကြောင်း
 ပြောကြားခဲ့သည်။ ထိုသို့ ရှင်းလင်းမှုများ ပြုလုပ်ပြီးနောက် မီဒီယာများ၏
 မေးမြန်းမှုများကို ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများက
 ပြန်လည် ဖြေကြားပေးခဲ့သည်။

အစိုးရ၀န်ထမ်း လစာများနှင့် ပတ်သက်၍ တိုးမြှင့်ပေးရန် အစီအစဉ်ရှိမရှိ Eleven Media Group ၏ မေးမြန်းချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြန်လည်ဖြေကြားရာတွင် လစာတိုးပေးနိုင်ရန် အမျိုးမျိုး စဉ်းစားဆောင်ရွက်နေပြီး လစာတိုးမည်၊ မတိုးမည်ကို လောလောဆယ် မပြောနိုင်သေးပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ယင်းမေးခွန်းအပေါ်တွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဖြည့်စွက်
 ဖြေကြားခဲ့ရာ အစိုးရ ၀န်ထမ်းများ၏ လစာသာမက ပြင်ပပုဂ္ဂလိက ၀န်ထမ်းလစာ တိုးနိုင်ရန်အတွက် လာရောက်ရင်းနှီး မြှုပ်နှံသူများနှင့်
 တွေ့ဆုံရာတွင် အနည်းဆုံးလစာတိုးမြှင့်ပေးရန် မကြာခဏ ပြောကြားနေ
ပါကြောင်းနှင့် အစိုးရ၀န်ထမ်း လစာနှင့် ပြင်ပပုဂ္ဂလိက ၀န်ထမ်းများ၏ လစာသင့်တင့်မျှတစွာ တိုးသွားနိုင်ရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် မီဒီယာအချို့က ဆက်သွယ်ရေး အရာရှိများအား အရေးယူထားသည့်ကိစ္စအခြေအနေအား လည်းကောင်း၊ လက်ပံတောင်း
တောင် ကိစ္စနှင့် ပတ်သက်၍ ပြည်ပမီဒီယာ အချို့၏ ဖော်ပြချက်များနှင့် စပ်လျဉ်း၍ ရလဒ်အဖြေ မည်သို့ရှိသနည်းဆိုသည့် မေးခွန်းအား လည်းကောင်း၊ ကေအိုင်အေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အခြေအနေအား လည်းကောင်း မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက လတ်တလောတွင် ဖြေကြားနိုင်ခြင်း မရှိသေးပါကြောင်း လက်ပံတောင်း ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး
 ကော်မရှင်၏ အစီရင်ခံစာအတိုင်း လက်ခံဆောင်ရွက်မည် ဖြစ်ကြောင်း
 ပြန်လည် ဖြေကြားခဲ့ပါသည်။

ထို့အပြင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ဖော်ထုတ်လျက်ရှိရာ မကြာမီ
 ဖော်ထုတ်ရန်ရှိသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတစ်ခုအား မည်သည့်နေ
ရာတွင် ပြုလုပ်မည်ကို သတင်းထောက်တစ်ဦး၏ မေးမြန်းချက်အား
 ပြည်ထောင်စုဝန်ကြီးဦး စိုးသိန်း က မကြာမီ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း
တစ်ခုကို ဖော်ထုတ်ရန် စီစဉ်နေသော်လည်း နေရာကို ထုတ်ဖော်မပြောလို
ပါကြောင်းနှင့် ပြောကြားလိုက်ပါက ကျူးကျော် နေထိုင်သူများ ၀င်ရောက်
လာမည်ကို စိုးရိမ်၍ဖြစ်ကြောင်း ပြောကြားခဲ့သည်။

eleven media group

Monday, 04 February 2013

ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများနှင့် မီဒီယာသမားများ တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့ 

မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ပြီး ၀န်ထမ်းလစာ တိုးမြှင့်ခြင်း၊ ကေအိုင်
အေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု၊ဆက်သွယ်ရေးအရာရှိများ အရေးယူမှုကိစ္စများနှင့် ပတ်သက်၍ မေးမြန်းမှု
များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ် ဖြေကြားခဲ့ခြင်းမရှိဘဲ လတ်တလော ဖြေကြားနိုင်
ခြင်း မရှိသေးကြောင်း၊ အချို့ကို ဖြေကြားပေးနိုင်မည့် အချိန်တွင် ဆက်လက်ဖြေကြားပေးမည် ဖြစ်ကြောင်း
ရှင်းလင်းပြောကြားခဲ့သည်။
ယင်းတွေ့ဆုံပွဲသို့ သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ
့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ စွမ်းအင်ဝန်
ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊စက်မှုဝန်ကြီးဌာန၊လျှပ်စစ်စွမ်းအား
ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယ၀န်ကြီးများ တက်ရောက်
ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲ၌ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံ၏ လက်

ရှိကြွေးမြီများနှင့် ပတ်သက်ပြီး အဓိကထား ရှင်းလင်းပြောကြားခဲ့သည်။ အလားတူ အမျိုးသား လူမှုရေးနှင့် စီးပွားရေး အကြံပေး ကောင်စီမှ ဒေါက်တာဇော်ဦးကလည်း ကြွေးမြီကိစ္စများနှင့် ပတ်သက်၍ ပြောကြားခဲ့
သည်။

တွေ့ဆုံပွဲတွင်အစိုးရဘက်မှဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကအဓိကထား ပြောကြား

ခဲ့ပြီး ကျန်ဝန်ကြီးများနှင့်ဒုတိယ၀န်ကြီးများကမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကအဖွင့်အမှာစကား ပြောကြားရာတွင်ယခုကျင်းပသည့်ပွဲသည် သတင်းစာ

ရှင်းလင်းပွဲ မဟုတ်ဘဲ မီဒီယာများနှင့် အစိုးရ ၀န်ကြီးဌာနများ တွေ့ဆုံရန် စီစဉ်သည့် ပွဲဖြစ်ကြောင်း၊ မီဒီယာ
များနှင့် အစိုးရအဖွဲ့အကြား ပိုမိုရင်းနှီးမှု ရယူလို၍ ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် အစိုး
ရအဖွဲ့ပေါ်သို့ မီဒီယာများ အနေဖြင့် မြှောက်ပင့်စရာ မလိုသကဲ့သို့ ကဲ့ရဲ့ရှုတ်ချမှုများ မပြုလုပ်စေလိုကြောင်း၊ မီဒီယာများအနေဖြင့် အစိုးရအား ဝေဖန်မှုများ ပြုလုပ်နိုင်ပြီး ဝေဖန်မှုများကိုလည်း အစိုးရအဖွဲ့က ကြိုဆို
ကြောင်း ပြောကြားခဲ့သည်။

မီဒီယာများအနေဖြင့် အစိုးရအဖွဲ့အား ဝေဖန်အကြံပြု တွဲခေါ်ရန်နှင့်ပြည်သူနှင့် အစိုးရအကြား မီဒီယာများ

မှ ပေါင်းကူးပေးရန်လည်း ဦးစိုးသိန်းက ရှင်းလင်း ပြောကြားခဲ့သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဦးဝင်းရှိန်က ကြွေးမြီကိစ္စှနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် မြန်

မာတစ်နိုင်ငံလုံးအနေဖြင့် လက်ရှိအချိန်အထိ ကျန်ရှိသည့် ကြွေးမြီစုစုပေါင်း အမေရိကန်ဒေါ်လာ ၉ ဘီလျံ
ကျော် ရှိကြောင်း၊၁၉၈၈ ခုနှစ်မတိုင်မီ အကြွေးမြီ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၅၉၉၂ ဒသမ ၁၂၇ သန်း
 ရှိကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ကြွေးမြီ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၆၅၆ ဒသမ ၀၈၁ သန်းရှိ
ကြောင်းနှင့် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် တရုတ်နိုင်ငံမှ ချေးယူသည့် ကြွေးမြီပမာဏမှာ အများဆုံးဖြစ်ပြီး အမေရိကန် ဒေါ်လာ ၃၃၁၉ ဒသမ ၀၀၃ သန်း ရှိကြောင်းပြောကြားခဲ့သည်။ ထိုသို့ ရှင်းလင်းမှုများ ပြုလုပ်ပြီး
နောက်မီဒီယာများ၏မေးမြန်းမှုများကို ပြည်ထောင်စုဝန်ကြီးများနှင့်ဒုတိယ၀န်ကြီးများကပြန်လည် ဖြေကြားပေး
ခဲ့သည်။

အစိုးရ၀န်ထမ်း လစာများနှင့် ပတ်သက်၍ တိုးမြှင့်ပေးရန် အစီအစဉ်ရှိမရှိ Eleven Media Group ၏ မေးမြန်း

ချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြန်လည်ဖြေကြားရာတွင် လစာတိုးပေးနိုင်ရန် အမျိုးမျိုး စဉ်း
စားဆောင်ရွက်နေပြီး လစာတိုးမည်၊ မတိုးမည်ကို လောလောဆယ်မပြောနိုင်သေးပါကြောင်း ပြန်လည် ဖြေ
ကြားခဲ့သည်။

ယင်းမေးခွန်းအပေါ်တွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဖြည့်စွက်ဖြေကြားခဲ့ရာ အစိုးရ ၀န်ထမ်းများ၏ 

လစာသာမက ပြင်ပပုဂ္ဂလိက ၀န်ထမ်းလစာ တိုးနိုင်ရန်အတွက် လာရောက်ရင်းနှီး မြှုပ်နှံသူများနှင့်တွေ့ဆုံ
ရာတွင် အနည်းဆုံးလစာတိုးမြှင့်ပေးရန်မကြာခဏ ပြောကြားနေပါကြောင်းနှင့်အစိုးရ၀န်ထမ်းလစာနှင့် ပြင်
ပပုဂ္ဂလိက ၀န်ထမ်းများ၏ လစာသင့်တင့်မျှတစွာ တိုးသွားနိုင်ရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှင်းလင်း 
 ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် မီဒီယာအချို့က ဆက်သွယ်ရေး အရာရှိများအား အရေးယူထားသည့်ကိစ္စအခြေအနေ

အား လည်းကောင်း၊ လက်ပံတောင်းတောင် ကိစ္စနှင့် ပတ်သက်၍ ပြည်ပမီဒီယာ အချို့၏ ဖော်ပြချက်များနှင့် စပ်လျဉ်း၍ ရလဒ်အဖြေမည်သို့ရှိသနည်းဆိုသည့် မေးခွန်းအားလည်းကောင်း၊ ကေအိုင်အေနှင့် ငြိမ်းချမ်းရေး
ဆွးနွေးပွဲ အခြေအနေအား လည်းကောင်း မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက လတ်တလော
တွင် ဖြေကြားနိုင်ခြင်း မရှိသေးပါကြောင်း လက်ပံတောင်း ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအတိုင်း လက်ခံဆောင်ရွက်မည် ဖြစ်ကြောင်းပြန်လည် ဖြေကြား
ခဲ့ပါသည်။

ထို့အပြင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ဖော်ထုတ်လျက်ရှိရာ မကြာမီဖော်ထုတ်ရန်ရှိသည့် တန်ဖိုးနည်း

အိမ်ရာ စီမံကိန်းတစ်ခုအား မည်သည့်နေရာတွင် ပြုလုပ်မည်ကို သတင်းထောက်တစ်ဦး၏ မေးမြန်းချက်
အားပြည်ထောင်စုဝန်ကြီးဦး စိုးသိန်း က မကြာမီ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတစ်ခုကို ဖော်ထုတ်ရန် စီစဉ်
နသော်လည်း နေရာကို ထုတ်ဖော်မပြောလိုပါကြောင်းနှင့် ပြောကြားလိုက်ပါက ကျူးကျော် နေထိုင်သူများ ၀င်ရောက်လာမည်ကို စိုးရိမ်၍ဖြစ်ကြောင်း ပြောကြားခဲ့သည်။

eleven media group

0 comments:

Post a Comment