Pages
Sunday, January 27, 2013
ဗကသ အဖွဲ့ချုပ်အပေါ် ဦးသိန်းစိန်အစိုးရ၏ မလိမ့်တပတ်လုပ်ရပ်နှင့်ပတ်သက်၍ ကျော်ကိုကို၊ ဖြိုးဖြိုးအောင်၊ Young Zin တို့၏ ပြောကြားချက်များ ★ -
ဗကသ အဖွဲ့ချုပ်အပေါ် ဦးသိန်းစိန်အစိုးရ၏ မလိမ့်တပတ်လုပ်ရပ်နှင့်ပတ်သက်၍ ကျော်ကိုကို၊ ဖြိုးဖြိုးအောင်၊ Young Zin တို့၏ ပြောကြားချက်များ ★ - 
( ဒေါင်းမာန်ဟုန် )
ဒီနေ့ခေါ်ယူမှုမှာ ဘယ်သူနဲ့တွေ့ရမယ်လို့ အတိအကျ မပြောဘဲ ခေါ်ခဲ့တယ်။ နိုင်ငံတော်အဆင့် တွေ့ဆုံမှုပါတဲ့။ အလှအပစကားလုံးတွေ သုံးတတ်လိုက်တာ...။ ပြီးမှ သမ္မတရုံးဖေ့ဘွက်ခ်မှာ ဦးသိန်းစိန်မိန့်ခွန်းကို အဖွဲ့အစည်းပေါင်းစုံက လာနားထောင်သလို နိုင်ငံရေးအမြတ်ထုတ်ရေးတယ်။
ဘာတွေ ဆွေးနွေးမယ်ဆိုတာလည်း ကြိုမပြောထားဘူး။ ဟိုရောက်တော့ ထင်ထားတဲ့အတိုင်း သံချေးတက်နေတဲ့ ခွေးတံဆိပ်ဓာတ်ပြားဟောင်းကြီးပါပဲ။ အဖွဲ့အစည်းမှတ်ပုံတင်ဖို့၊ သူတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့၊ သူတို့နဲ့ပေါင်းရင ထောက်ပံ့ကူညီမယ်ပေါ့ မင်းသားလေပျော့ပျော့လေးကြားက ဆို့ရွားတဲ့ရလာဒ်တွေ မဖြစ်စေချင်ဘူးဆိုတဲ့ ခြောက်လုံးလေး မသိမသာ ထည့်လိုက်သေးတယ်။
ကိုယ့်မူနဲ့ကိုယ် ရပ်ခံပြောဆိုမယ့် လူငယ် ၆ ယောက်ကို ဝေဖန်ဆွေးနွေးခွင့်မပေးဘူး။ သူတို့အချင်းချင်း ဇာတ်တိုက်လေ့ကျင့်ထားတဲ့ မမှည့်တမှည့် ခရိုနီတွေက ဘုန်းတော်ဘွဲ့နဲ့ စဖွင့်သွားတယ်။ NGOs တွေ ဆွေးနွေးပါတယ်ဆိုမှ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံ့မှုတွေ ရရှိအောင် ကြိုးပမ်းပေးတဲ့ သမ္မတကြီးကို ကျေးဇူးတင်ပါတယ် ထလုပ်တဲ့သူက ရှိသေးတယ်။
စမ်းချောင်းကိုဘိုဘိုဆိုရင် အမည်စာရင်းပေးတုံးက နံပါတ် ၅ သူ့နောက်ကသူတွေ အလှည့်ကျော်ဆွေးနွေးသွားပေမယ့် အချိန်အကန့်အသတ် အကြောင်းပြပြီး သူအပါအဝင် ကျွန်တော်တို့ ၆ ယောက်ကို ပယ်လိုက်တယ်။ သမ္မတမှာ ပြန်ဖြေရှင်းစရာ စကားမရှိလို့လား။ အတိုက်အခံပြောမှာကို နားထောင်နိုင်စွမ်းမရှိလို့လား။ ဘာပဲဖြစ်ဖြစ် ဒါဟာဆိုရင်ဖြင့် အကင်းမသေသေးသော နအဖရွှေလက်ထက်တော်က အကျင့်ဆိုးတစ်ခုပင်ဖြစ်ကြောင်း....။ ။
-ကျော်ကိုကို
★ အရပ်ဘက် လူ့ဖွဲ့အစည်းများနဲ့ ဦးသိန်းစိန်အစိုးရ ပထမအကြိမ် တွေ့ဆုံမှုအပေါ်အမြင်
- ဖြိုးဖြိုးအောင်
ရန်ကုန်အုပ်ချုပ်ရေးမှူးရုံးက ကျမတို့ ဗကသများအဖွဲ့ ချုပ်ကို ဆက်သွယ်ပြီး(၂၀.၁.၂၀၁၃) နေ့ လယ် ၂နာရီ ရန်ကုန်အစိုးရအဖွဲ့ ရုံး လွှတ်တော်ဟောင်းနေရာကို လာရောက်ဖို့  ဖိတ်ပါတယ်။ ဘာအကြောင်းကိစ္စဆိုတာ မေးပေမယ့် အဖြေမပေးသလို ဘယ်သူနဲ့ တွေ့ ရမယ်ဆိုတာကိုလည်း နိုင်ငံတော်အဆင့်ဆိုတာလောက်သာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ မီဒီယာများရဲ့ ကျေးဇူးကြောင့် သမ္မတဦးသိန်းစိန်နဲ့ တွေ့ ဖို့ မှန်း ကျမ ကြိုသိခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်နဲ့ အရပ်ဖက်လူမှုအဖွဲ့ အစည်းများ တွေ့ ဆုံဆွေးနွေးပွဲလို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီနေ့ အခမ်းအနားဟာ စကတည်းက ရိုးသားမှု မရှိတာပါ။ ကျမတို့ ခန်းမထဲ မဝင်ခင် အရပ်ဖက်လူ့ အဖွဲ့ အစည်းဆိုတဲ့နေရာမှာ လက်မှတ်ထိုးတော့ သေသေချာချာ သတိထားမိတာက ပြည်ခိုင်ဖြိုး ဆိုတဲ့အဖွဲ့ အစည်းအမည်နဲ့ ထိုးထားတဲ့ လက်မှတ်တစ်ခုကိုပါ။
ပြည်ခိုင်ဖြိုးဆိုတာ ပါတီလဲဟုတ်၊ NGO လဲ ဟုတ်တယ်လို့ ပြောသလိုပါပဲ။ ခန်းမထဲရောက်တော့လဲ အမျိုးသမီးရေးရာ၊ မိခင်နဲ့ ကလေးစောင့်ရှောက်ရေးတို့ က ယူနီဖောင်းဝတ်တွေကို တွေ့ ပြန်ရော။ အရပ်ဖက်လူ့ မှုအဖွဲ့ အစည်းတွေမှာ ဒီလို အဖွဲ့ မျိုးတွေ ပါသလားလို့ မေးမနေချင်ပါဘူး။ ဝန်ထမ်းတွေရဲ့ ဇနီးတွေဟာ အလိုအလျောက် အဖွဲ့ ဝင်ဖြစ်ကြတာကို အားလုံးအသိပါပဲ။
နောက် အခမ်းအနားမှူးက ပြောပါတယ်။ ပါဝင်ဆွေးနွေးသူတွေ ကြိုတင်စာရင်းပေးဖို့ တဲ့။ ဘာအကြောင်း ဆွေးနွေးမလဲဆိုတာ မပါပေမဲ့ သေချာတာတော့ ဦးသိန်းစိန် အဖွင့်ပြောမဲ့ စကားကို ဆွေးနွေးဖို့ ထင်တယ်လို့ ကျမ ယူဆမိပါတယ်။
တကယ်ကတော့ ပြောချင်တာပြောကြတာပါ။ အဖွဲ့ အစည်းတချို့ က သူတို့ အခက်အခဲတွေ၊ အမြင်တွေ၊ မှတ်ပုံတင်ရာမှာ ရင်ဆိုင်ရတဲ့ပြဿနာတွေ၊ လုပ်ပေးစေချင်တာတွေကို ပြောကြတယ်၊ တချို့ ကတော့ သူတို့ ဘာလုပ်နေကြောင်းကို ရှင်းနေတာ တော်တော်အချိန်ကြာပါတယ်။ ကျမတို့ ဗကသများအဖွဲ့ ချုပ်က ကိုကျော်ကိုကို အပါအဝင် အဖြူရောင်တွဲလက်က ကိုဘိုဘို(စမ်းချောင်း)၊ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက်က ကိုဝေဠု၊ ကချင်အဖွဲ့ တခုက မမေစပယ်ဖြူ၊ ကချင်အမျိုးသားတယောက် ကျမတို့ နဲ့ အနီးတဝိုက်က ၇ ယောက်လောက် အကျော်ခံလိုက်ရပါတယ်။ အခြားကျမတို့  လက်လှမ်းမမှီတာတွေလဲ ရှိပါအုံးမယ်။ တကယ်ပါဝင်ဆွေးနွေးရတဲ့သူ ၁၂ ယောက်ရှိပါတယ်။ ထက်ဝက်ကျော်က အစိုးရနဲ့ ဆက်စပ်နေတဲ့ အဖွဲ့ အစည်းတွေကပါ။ အစိုးရနဲ့ ဆန့် ကျင်ဘက်အမြင်ရှိတဲ့သူတွေ အကျော်ခံရတာ အသိသာကြီးပါ။
ရုပ်ပြကောင်းအောင် လုပ်ဇာတ်ခင်းနေတဲ့ အကျင့်ကတော့ အရင်အတိုင်းပါပဲ။ ထူးခြားတာကတော့ ကျမတို့ တွေကိုပါ သူတို့ ရဲ့ လုပ်ဇာတ်တွေထဲကို သွတ်သွင်းဖို့ ကြိုးစားလာတာပါ။ သမ္မတဦးသိန်းစိန်ရဲ့ အဖွင့်နဲ့ အပိတ်စကားတွေကတော့ ကျမတို့ တွေကြိုမြင်ထားသလိုပါပဲ။ သူတို့ နဲ့ ပေါင်းလုပ်ဖို့ မတူရင်လဲ ဆွေးနွေးဖို့ နောက် မလိုလားအပ်တဲ့ ဆိုကျိုးဆိုတဲ့ စကားတောင်ပါလိုက်သေးတယ်။ အဲဒါတွေဖြစ်မှာ စိုးရိမ်တယ်ပေါ့။ အနှစ်ချုပ်က အဲဒါပါပဲ။
ကျမတို့ အနေနဲ့ ကတော့ အများပြည်သူ ကောင်းရာကောင်းကျိုးလုပ်ရာမှာ ပူးပေါင်းတာတွေ မပူးပေါင်းတာတွေထက် တကယ်အလုပ်လုပ်ရင် ကျမတို့ သွားတဲ့လားရာတွေ တူမှာပဲ။ တကယ်အကျိုးဖြစ်ထွန်းအောင် လုပ်ကြဖို့ ပဲလိုတယ်။ လမ်းတူရင် လူတူမှာပဲ။ ကျမတို့ ကတော့ အမြဲအနှောင့်အယှက်ခံနေရလို့ လွတ်လပ်စွာ လှုပ်ရှားနိုင်ဖို့ ပဲလိုပါတယ်။ မှတ်ပုံတင်ဖို့ ကတော့ ဗကသမှာ သမိုင်းကြောင်းအရလဲ မတင်ခဲ့ပါဘူး။ တက္ကသိုလ်ဥပဒေအောက်က ကျောင်းသားအဖွဲ့ အစည်းဖြစ်လို့ အစိုးရနဲ့ လုံးလုံးမပတ်သတ်သလို အစိုးရခွင့်ပြုမှ၊ အသိအမှတ်ပြုမှ တရားဝင်တဲ့ အဖွဲ့ အစည်း မဟုတ်ပါဘူး။ ပြည်သူ့ ဘက်က ရပ်ပြီး ပြည်သူတွေ၊ ကျောင်းသားတွေရဲ့ ရင်ထဲက အသိအမှတ်ပြုမှု၊ အားပေးမှုကသာ ဗကသရဲ့  တရားဝင်မှုပါလို့  အမြဲခံယူထားပါတယ်။ ဒီနေ့ လိုမျိုး ကျမတို့ ကို ဖိတ်ခေါ်ရတာလဲ အဲဒီ့သမိုင်းကြောင်းနဲ့  အဲဒီ့ပြည်သူ့ အားတွေကို မလွန်ဆန်နိုင်လို့ ဆိုတာကို မြင်မိပါတယ်။ အခြားအကြောင်းတွေလဲ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ရုပ်အဆိုးဆုံးလုပ်ရပ်ကတော့ ဒီပွဲမှာ လာကြတဲ့ အဖွဲ့ အစည်း ၈၆ ဖွဲ့ က လူပေါင်း ၂၀၀ ကျော်က သမ္မတ မိန့် ခွန်းကိုပဲ လာနားထောင်ကြသလို အခွင့်ကောင်းယူ အမြတ်ထုတ်တဲ့ကိစ္စပါပဲ။ ဇာတ်တိုက် လက်ဝါးချင်းရိုက်ပြီး လုပ်ဇာတ်ခင်းနေတာတွေ ရှိနေသေးတဲ့ ကျမတို့ ဗမာပြည်ကြီး ဘာမှမပြောင်းသေးပါ။ ပိုဆိုးတာက ကျမတို့ ကိုပါ သူတို့ ဇာတ်သွင်းနေတာမို့  သတိရှိရှိနဲ့ အသိရှိရှိနဲ့  ပြည်သူအချင်းချင်း ဒီမိုကရေစီဘက်တော်သားအချင်းချင်း ကျောချင်းကပ် ရင်ချင်းအပ်ထားဖို့ လိုပါတယ်လို့ သတိလေးပေးချင်ပါတယ်။
- ဖြိုးဖြိုးအောင်
★ အစိုးရအဖွဲ့၏ မရိုးသားမှု
-Young Zin
နိုင်ငံတော်အဆင့်တွေ့ ဆုံဆွေးနွေးလိုပါ၍ ဆိုပြီး ဖိတ်တယ်။ ခန်းမထဲရောက်မှ သမ္မတက မိန့် ခွန်းပြောတယ်။ ကျုပ်တို့ ဗကသကျောင်းသားတွေက ကိုယ့်အလုပ်ကို လုပ်နေတာ။ သမ္မတမိန့် ခွန်းကို နာယူချင်လွန်းလို့ ဖိတ်ကြားပွဲ ငမ်းငမ်းတက် ပွဲတက်ချင်တဲ့အဖွဲ့ထဲမှာ ဗကသမပါဘူး။ အစိုးရအနေနဲ့  နောက်ခါတွေမှာ ဗကသနဲ့ ဆက်ဆံမယ်ဆိုရင် ရိုးသားမှုရှိပါလို့  သတိပေးလိုပါတယ်။ ဆွေးနွေးပွဲတက်တာ မိန့် ခွန်းနာခံချင်လို့  မဟုတ်ဘူး။ အခုကိစ္စဟာ အစိုးရအဖွဲ့ က ချည်ပြီးတုပ်ပြီး လုပ်တာမျိုးဖြစ်တဲ့အတွက် ဗကသအနေနဲ့ လည်း နောက်တစ်ကြိမ် အစိုးရနဲ့ ဆက်ဆံတဲ့အခါ အများကြီး သတိထားဖို့ လိုသွားပြီ။ အခုကိစ္စအတွက် အစိုးရကို ဗကသကျောင်းသားတစ်ယောက်အနေနဲ့ လုံးဝကို ကန့် ကွက်ပါတယ်။
Ko Myoe Graphic design 
http://www.dawnmanhon.com/2013/01/young-zin.html
ဒီနေ့ခေါ်ယူမှုမှာ ဘယ်သူနဲ့တွေ့ရမယ်လို့ အတိအကျ မပြောဘဲ ခေါ်ခဲ့တယ်။ နိုင်ငံတော်အဆင့် တွေ့ဆုံမှုပါတဲ့
။ အလှအပစကားလုံးတွေ သုံးတတ်လိုက်တာ...။ ပြီးမှ သမ္မတရုံးဖေ့ဘွက်ခ်မှာ ဦးသိန်းစိန်မိန့်ခွန်းကို အဖွဲ့
အစည်းပေါင်းစုံက လာနားထောင်သလို နိုင်ငံရေးအမြတ်ထုတ်ရေးတယ်။ဘာတွေ ဆွေးနွေးမယ်ဆိုတာ
လည်း ကြိုမပြောထားဘူး။ ဟိုရောက်တော့ ထင်ထားတဲ့အတိုင်း သံချေးတက်နေတဲ့ ခွေးတံဆိပ်ဓာတ်ပြား
ဟောင်းကြီးပါပဲ။
အဖွဲ့အစည်းမှတ်ပုံတင်ဖို့၊ သူတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့၊ သူတို့နဲ့ပေါင်းရင ထောက်ပံ့ကူညီမယ်ပေါ့ မင်း
သားလေပျော့ပျော့လေးကြားက ဆို့ရွားတဲ့ရလာဒ်တွေ မဖြစ်စေချင်ဘူးဆိုတဲ့ ခြောက်လုံးလေး မသိမသာ ထည့်လိုက်သေးတယ်။
ကိုယ့်မူနဲ့ကိုယ် ရပ်ခံပြောဆိုမယ့် လူငယ် ၆ ယောက်ကို ဝေဖန်ဆွေးနွေးခွင့်မပေးဘူး။ သူတို့အချင်းချင်း ဇာတ်တိုက်လေ့ကျင့်ထားတဲ့ မမှည့်တမှည့် ခရိုနီတွေက ဘုန်းတော်ဘွဲ့နဲ့ စဖွင့်သွားတယ်။ NGOs တွေ ဆွေးနွေးပါတယ်ဆိုမှ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံ့မှုတွေ ရရှိအောင် ကြိုးပမ်းပေးတဲ့ သမ္မတကြီးကို ကျေးဇူးတင်ပါတယ် ထလုပ်တဲ့သူက ရှိသေးတယ်။
စမ်းချောင်းကိုဘိုဘိုဆိုရင် အမည်စာရင်းပေးတုံးက နံပါတ် ၅ သူ့နောက်ကသူတွေ အလှည့်ကျော်ဆွေးနွေးသွားပေမယ့် အချိန်အကန့်အသတ် အကြောင်းပြပြီး သူအပါအဝင် ကျွန်တော်တို့ ၆ ယောက်ကို ပယ်လိုက်တယ်။ သမ္မတမှာ ပြန်ဖြေရှင်းစရာ စကားမရှိလို့လား။ အတိုက်အခံပြောမှာကို နားထောင်နိုင်စွမ်းမရှိလို့လား။ ဘာပဲဖြစ်ဖြစ် ဒါဟာဆိုရင်ဖြင့် အကင်းမသေသေးသော နအဖရွှေလက်ထက်တော်က အကျင့်ဆိုးတစ်ခုပင်ဖြစ်ကြောင်း....။ ။
-ကျော်ကိုကို
★ အရပ်ဘက် လူ့ဖွဲ့အစည်းများနဲ့ ဦးသိန်းစိန်အစိုးရ ပထမအကြိမ် တွေ့ဆုံမှုအပေါ်အမြင်
- ဖြိုးဖြိုးအောင်
ရန်ကုန်အုပ်ချုပ်ရေးမှူးရုံးက ကျမတို့ ဗကသများအဖွဲ့ ချုပ်ကို ဆက်သွယ်ပြီး(၂၀.၁.၂၀၁၃) နေ့ လယ် ၂နာရီ ရန်ကုန်အစိုးရအဖွဲ့ ရုံး လွှတ်တော်ဟောင်းနေရာကို လာရောက်ဖို့  ဖိတ်ပါတယ်။ ဘာအကြောင်းကိစ္စဆိုတာ မေးပေမယ့် အဖြေမပေးသလို ဘယ်သူနဲ့ တွေ့ ရမယ်ဆိုတာကိုလည်း နိုင်ငံတော်အဆင့်ဆိုတာလောက်သာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ မီဒီယာများရဲ့ ကျေးဇူးကြောင့် သမ္မတဦးသိန်းစိန်နဲ့ တွေ့ ဖို့ မှန်း ကျမ ကြိုသိခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်နဲ့ အရပ်ဖက်လူမှုအဖွဲ့ အစည်းများ တွေ့ ဆုံဆွေးနွေးပွဲလို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီနေ့ အခမ်းအနားဟာ စကတည်းက ရိုးသားမှု မရှိတာပါ။ ကျမတို့ ခန်းမထဲ မဝင်ခင် အရပ်ဖက်လူ့ အဖွဲ့ အစည်းဆိုတဲ့နေရာမှာ လက်မှတ်ထိုးတော့ သေသေချာချာ သတိထားမိတာက ပြည်ခိုင်ဖြိုး ဆိုတဲ့အဖွဲ့ အစည်းအမည်နဲ့ ထိုးထားတဲ့ လက်မှတ်တစ်ခုကိုပါ။
ပြည်ခိုင်ဖြိုးဆိုတာ ပါတီလဲဟုတ်၊ NGO လဲ ဟုတ်တယ်လို့ ပြောသလိုပါပဲ။ ခန်းမထဲရောက်တော့လဲ အမျိုးသမီးရေးရာ၊ မိခင်နဲ့ ကလေးစောင့်ရှောက်ရေးတို့ က ယူနီဖောင်းဝတ်တွေကို တွေ့ ပြန်ရော။ အရပ်ဖက်လူ့ မှုအဖွဲ့ အစည်းတွေမှာ ဒီလို အဖွဲ့ မျိုးတွေ ပါသလားလို့ မေးမနေချင်ပါဘူး။ ဝန်ထမ်းတွေရဲ့ ဇနီးတွေဟာ အလိုအလျောက် အဖွဲ့ ဝင်ဖြစ်ကြတာကို အားလုံးအသိပါပဲ။
နောက် အခမ်းအနားမှူးက ပြောပါတယ်။ ပါဝင်ဆွေးနွေးသူတွေ ကြိုတင်စာရင်းပေးဖို့ တဲ့။ ဘာအကြောင်း ဆွေးနွေးမလဲဆိုတာ မပါပေမဲ့ သေချာတာတော့ ဦးသိန်းစိန် အဖွင့်ပြောမဲ့ စကားကို ဆွေးနွေးဖို့ ထင်တယ်လို့ ကျမ ယူဆမိပါတယ်။
တကယ်ကတော့ ပြောချင်တာပြောကြတာပါ။ အဖွဲ့ အစည်းတချို့ က သူတို့ အခက်အခဲတွေ၊အမြင်တွေ၊ မှတ်
ပုံတင်ရာမှာ ရင်ဆိုင်ရတဲ့ပြဿနာတွေ၊ လုပ်ပေးစေချင်တာတွေကို ပြောကြတယ်၊ တချို့ ကတော့သူတို့ ဘာ
လုပ်နေကြောင်းကို ရှင်းနေတာ တော်တော်အချိန်ကြာပါတယ်။ ကျမတို့ ဗကသများအဖွဲ့ ချုပ်က ကိုကျော်ကို
ကို အပါအဝင် အဖြူရောင်တွဲလက်က ကိုဘိုဘို(စမ်းချောင်း)၊ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက်က ကို
ဝေဠု၊ ကချင်အဖွဲ့ တခုကမမေစပယ်ဖြူ၊ကချင်အမျိုးသားတယောက် ကျမတို့ နဲ အနီးတဝိုက်က ၇ ယောက်
လောက် အကျော်ခံလိုက်ရပါတယ်။ အခြားကျမတို့  လက်လှမ်းမမှီတာတွေလဲ ရှိပါအုံးမယ်။ တကယ်ပါဝင်
ဆွေးနွေးရတဲ့သူ ၁၂ ယောက်ရှိပါတယ်။ ထက်ဝက်ကျော်က အစိုးရနဲ့ ဆက်စပ်နေတဲ့ အဖွဲ့ အစည်းတွေကပါ။ အစိုးရနဲ့ ဆန့် ကျင်ဘက်အမြင်ရှိတဲ့သူတွေ အကျော်ခံရတာ အသိသာကြီးပါ။
ရုပ်ပြကောင်းအောင် လုပ်ဇာတ်ခင်းနေတဲ့ အကျင့်ကတော့ အရင်အတိုင်းပါပဲ။ ထူးခြားတာကတော့ ကျမတို
စကားတွေကတော့ ကျမတို့ တွေကြိုမြင်ထားသလိုပါပဲ။ သူတို့ နဲ့ ပေါင်းလုပ်ဖို့ မတူရင်လဲ ဆွေးနွေးဖို့ နောက် မလိုလားအပ်တဲ့ ဆိုကျိုးဆိုတဲ့ စကားတောင်ပါလိုက်သေးတယ်။ အဲဒါတွေဖြစ်မှာ စိုးရိမ်တယ်ပေါ့။ အနှစ်ချုပ်
က အဲဒါပါပဲ။
ကျမတို့ အနေနဲ့ ကတော့ အများပြည်သူ ကောင်းရာကောင်းကျိုးလုပ်ရာမှာပူးပေါင်းတာတွေ မပူးပေါင်းတာ
တွေထက် တကယ်အလုပ်လုပ်ရင် ကျမတို့ သွားတဲ့လားရာတွေ တူမှာပဲ။ တကယ်အကျိုးဖြစ်ထွန်းအောင် လုပ်ကြဖို့ ပဲလိုတယ်။ လမ်းတူရင် လူတူမှာပဲ။ ကျမတို့ ကတော့ အမြဲအနှောင့်အယှက်ခံနေရလို့ လွတ်လပ်စွာ လှုပ်ရှားနိုင်ဖို့ ပဲလိုပါတယ်။ မှတ်ပုံတင်ဖို ကတော့ဗကသမှာသမိုင်းကြောင်းအရလဲမတင်ခဲ့ပါဘူး။ တက္ကသိုလ်
ဥပဒေအောက်က ကျောင်းသားအဖွဲ့ အစည်းဖြစ်လို့ အစိုးရနဲ့ လုံးလုံးမပတ်သတ်သလို အစိုးရခွင့်ပြုမှ၊ အသိ
အမှတ်ပြုမှ တရားဝင်တဲ့ အဖွဲ့ အစည်းမဟုတ်ပါဘူး။ ပြည်သူ ဘက်က ရပ်ပြီး ပြည်သူတွေ၊ ကျောင်းသားတွေ
ရဲ့ ရင်ထဲက အသိအမှတ်ပြုမှု၊ အားပေးမှုကသာ ဗကသရဲ့  တရားဝင်မှုပါလို့  အမြဲခံယူထားပါတယ်။ 
ဒီနေ့ လိုမျိုး ကျမတို့ ကို ဖိတ်ခေါ်ရတာလဲ အဲဒီ့သမိုင်းကြောင်းနဲ့  အဲဒီ့ပြည်သူ့ အားတွေကို မလွန်ဆန်နိုင်လို့ ဆိုတာကို မြင်မိပါတယ်။ အခြားအကြောင်းတွေလဲ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ရုပ်အဆိုးဆုံးလုပ်ရပ်ကတော့ ဒီပွဲမှာ လာကြတဲ့ အဖွဲ့ အစည်း ၈၆ ဖွဲ့ က လူပေါင်း ၂၀၀ ကျော်က သမ္မတ မိန့် ခွန်းကိုပဲ လာနားထောင်ကြသလို အခွင့်ကောင်းယူ အမြတ်ထုတ်တဲ့ကိစ္စပါပဲ။ 
ဇာတ်တိုက် လက်ဝါးချင်းရိုက်ပြီးလုပ်ဇာတ်ခင်းနေတာတွေရှိနေသေးတဲ့ကျမတို ဗမာပြည်ကြီးဘာမှမပြောင်း
သးပါ။ ပိုဆိုးတာက ကျမတို့ ကိုပါ သူတို့ ဇာတ်သွင်းနေတာမို့  သတိရှိရှိနဲ့ အသိရှိရှိနဲ့  ပြည်သူအချင်းချင်း ဒီမိုကရေစီဘက်တော်သားအချင်းချင်း ကျောချင်းကပ် ရင်ချင်းအပ်ထားဖို့ လိုပါတယ်လို့ သတိလေးပေးချင်
ပါတယ်။
- ဖြိုးဖြိုးအောင်
★ အစိုးရအဖွဲ့၏ မရိုးသားမှု
နိုင်ငံတော်အဆင့်တွေ့ ဆုံဆွေးနွေးလိုပါ၍ ဆိုပြီး ဖိတ်တယ်။ ခန်းမထဲရောက်မှ သမ္မတက မိန့် ခွန်းပြော
တယ်။ ကျုပ်တို့ ဗကသကျောင်းသားတွေက ကိုယ့်အလုပ်ကို လုပ်နေတာ။ သမ္မတမိန့် ခွန်းကို နာယူချင်လွန်း
လို့ ဖိတ်ကြားပွဲ ငမ်းငမ်းတက် ပွဲတက်ချင်တဲ့အဖွဲ့ထဲမှာ ဗကသမပါဘူး။ အစိုးရအနေနဲ့  နောက်ခါတွေမှာ ဗ
ကသနဲ့ ဆက်ဆံမယ်ဆိုရင် ရိုးသားမှုရှိပါလို့  သတိပေးလိုပါတယ်။
 ဆွေးနွေးပွဲတက်တာ မိန့် ခွန်းနာခံချင်လို့  မဟုတ်ဘူး။ အခုကိစ္စဟာ အစိုးရအဖွဲ့ က ချည်ပြီးတုပ်ပြီး လုပ်တာ
မျိုးဖြစ်တဲ့အတွက် ဗကသအနေနဲ့ လည်း နောက်တစ်ကြိမ် အစိုးရနဲ့ ဆက်ဆံတဲ့အခါ အများကြီး သတိထား
ဖို့ လိုသွားပြီ။ အခုကိစ္စအတွက် အစိုးရကို ဗကသကျောင်းသားတစ်ယောက်အနေနဲ့ လုံးဝကို ကန့် ကွက်ပါ
တယ်။
( ဒေါင်းမာန်ဟုန် )
0 comments:
Post a Comment