Pages

Sunday, January 27, 2013

ကချင်လွတ်မြောက်တပ်မတော် ကေအိုင်အေဌာနချုပ် လိုင်ဇာအနီးက စစ်ရေးအရ အချက်အခြာ ကျတဲ့ ခါယာဘွမ်ကုန်းကို မြန်မာတပ်မတော်က သိမ်းပိုက်

ကချင်လွတ်မြောက်တပ်မတော် ကေအိုင်အေဌာနချုပ် လိုင်ဇာအနီးက စစ်ရေးအရ အချက်အခြာ ကျတဲ့ ခါယာဘွမ်ကုန်းကို မြန်မာတပ်မတော်က သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။ မြန်မာတပ်မတော်က သိမ်းပိုက်လိုက်တဲ့ ခါယာဘွမ်ကုန်းဟာ ကေအိုင်အေဌာနချုပ် လိုင်ဇာနဲ့ တစ်မိုင် ပတ်ဝန်ကျင်သာ ကွာဝေးပြီး အဲဒီတောင်ကုန်းဟာ လိုင်ဇာ အနီးတ၀ိုက်မှာ အမြင့်ဆုံးတောင်ဖြစ်သလို စစ်ရေးအရ အချက်အခြာကျပုံ၊ မြန်မာတပ်မတော်က လေကြောင်းပစ်ကူးမယူတော့ပဲ လက်နက်ကြီးတွေ အဆမတန် အသုံးပြုပြီးသိမ်းယူသွားတယ်လို့ ABSDF ကျောင်းသားတပ်မတော် မြောက်ပိုင်း ဗိုလ်မှုးအောင်ဆွေဦးက ရှင်းပြပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို ခါယာဘွမ်ကုန်း သိမ်းယူတဲ့အပေါ် မေးမြန်းရာမှာ သိမ်းလိုက်တယ်ဆိုတဲ့သတင်းမရဘူး အဲဒီနေရာမှာ သူတို့နဲ့ ကပ်နေတဲ့တောင်ကုန်းမှာရှိတဲ့ တပ်မတော် တပ်ဖွဲ့များကို လက်နက်ကြီးနဲ့ပစ်တာရှိလို့ မနေ့က နဲ့ ဒီနေ့ မနက်မှာ အပြန်အလှန်ပစ်ခတ်မှုတွေရှိနေ တယ်လို့ပဲ သိပါတယ်လို့ စာရေး အကြောင်းပြန်ပါတယ်။
 
DVB TV News

0 comments:

Post a Comment