Pages

Sunday, January 27, 2013

ဆယ်ကျော်သက် အရွယ်ကမင်းသား၊ သင်္ဘောသား၊ စစ်သားဖြစ်ချင်ခဲ့ တာလို့ဆိုသူ ဇင်ဝိုင်း

ဆယ်ကျော်သက် အရွယ်ကမင်းသား၊ သင်္ဘောသား၊ စစ်သားဖြစ်ချင်ခဲ့ တာလို့ဆိုသူ ဇင်ဝိုင်း

26 JANUARY 2013  | BY 8 DAYS

လူတိုင်းလူတိုင်းမှာ ဆယ်ကျော် သက်ဘဝက ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးတွေ၊ မျှော်လင့် ချက်တွေ ရှိခဲ့ကြမယ် ထင်ပါတယ်။ တချို့လည်း ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူးအတိုင်း ဖြစ်ခဲ့တာရှိသလို၊ တချို့လည်း စိတ်ကူးနဲ့ ထပ်တူမကျတဲ့ လက်တွေ့ဘဝကို ရောက်နေကြရတာ တွေရှိပါတယ်။ ဆယ်ကျော်သက် အရွယ်တုန်းက ဖြစ်ချင်ခဲ့တာဘယ်လို.. ဆိုပြီး ပရိသတ် စိတ်ဝင်စားမယ့် အနုပညာရှင်များရဲ့ ဆယ်ကျော် သက်ဘဝက စိတ်ကူးတွေ အကြောင်းကို တင်ဆက် ပေးလိုက်ပါတယ်။
ဆယ်ကျော်သက် အရွယ်က ဖြစ်ချင်ခဲ့တာက
ကျွန်တော် ဆယ်ကျော်သက် အရွယ်ကဖြစ်ချင်ခဲ့တာက သားသုံး သားပေါ့။ မင်းသားဖြစ်ရင်ဖြစ် မဖြစ်ရင် သင်္ဘောသား၊ သင်္ဘောသားဆိုရင် နိုင်ငံတကာ သွားလို့ရ မယ်ဆိုပြီး ဖြစ်ချင်ခဲ့တာ။ နောက်တစ် ခုက ထုံးစံအတိုင်း ယောကျာ်းလေး ဆိုတော့ စစ်သား ဖြစ်ချင်ခဲ့တာ။ အဲဒီ သုံးခုထဲမှာ အခု မင်းသားဖြစ်လာ တယ်ပေါ့။
အနုပညာကို လုပ်ဖြစ်သွားတာက
ကျွန်တော် ဒီအနုပညာ အလုပ်ကိုလုပ်ချင်လို့ သေချာလေ့လာပြင် ဆင်ခဲ့တယ်။ အနုပညာ လောကထဲကို ဟိုးအောက်ခြေကစပြီး ဝင်လာခဲ့တာ၊ မီးထိုး၊ မှန်ထိုး ၊ မှတ်တမ်းကြည့် အဲဒါတွေ အကုန်လုပ်ခဲ့တာ။
ဖြစ်ချင်တာတွေ များတဲ့အချိန်မှာ ဖြစ်သင့်တာနဲ့ဖြစ်ချင်တာ ဘယ်လိုရွေးချယ် သင့်တယ်လို့ထင်မိလဲ
ဖြစ်ချင်တာ၊ ဖြစ်သင့်တာဆို တာထက် ကျွန်တော်ပြောချင်တာ ကိုယ့်ကိုယ်ကိုယ် မြင်ဖို့လိုပါတယ်။ ကိုယ်တကယ်ဖြစ်ချင်တာ ဘာလဲ ဆိုတာ သိဖို့လိုတယ်။ ကိုယ်က ဟိုဟာဖြစ်ချင်သလို၊ ဒီဟာဖြစ်ချင်သလိုနဲ့ ချမ်းသာချင်တယ် ဆိုရင်လည်း နည်းမျိုးစုံရှိတာပေါ့။ နာမည်ကြီးချင် တယ်ဆိုရင်လည်း နာမည်ကြီးအောင် လုပ်ဖို့နည်းလမ်းပေါင်းစုံရှိ တာပဲ။ ကိုယ်က ဒါရိုက်တာဖြစ်ချင် တာလား၊ သရုပ်ဆောင်ဖြစ်ချင် တာလား၊ ဆရာဝန်ဖြစ်ချင်တာ လား၊ ဆရာဝန်ဖြစ်ချင်တာဘာ ကြောင့်လဲ၊ လူအများရဲ့ အသက်ကို ကယ်ချင်လို့လား။ ပိုက်ဆံလိုချင်လို့ လားဆိုတာကို ကိုယ့်ကိုယ်ကိုယ် အရင်မေးဖို့လိုပါတယ်။ အဲဒီအခါ ကိုယ့်ရဲ့ ဝါသနာ၊ ဖြစ်ချင်တာ၊ လုပ်ချင်တာ ရှင်းရှင်းကြီးပေါ်လာ တတ်ပါတယ်။
သားသမီးတွေကို ထိန်းချုပ်ခဲ့ဖူးလား
ကျွန်တော်က သားသမီးတွေကို ထိန်းချုပ်တာမျိုးမလုပ်ဘူး။ သူတို့ဖြစ်ချင်တာကိုပဲ ပံ့ပိုးပေးခဲ့တာ ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန် တော့်သားက ကျွန်တော်မှမဟုတ် တာ။ ကျွန်တော်ဖြစ်ချင်တာကို လိုက်ဖြစ်ရအောင် ခေါ်လို့မရဘူး။ သူဖြစ်ချင်တာ သူလုပ်မှာပေါ့။ ကျွန်တော်လည်း ငယ်ဘဝတုန်းက မိဘတွေကို ပြောတာမှမဟုတ်တာ။ ကိုယ်ဖြစ်ချင်တာကိုလုပ်ခဲ့တာ။ မိဘတွေကလည်း တတ်နိုင်သမျှ သားသမီးတွေဖြစ်ချင်တာကို လွတ်လပ်စွာ လုပ်ခွင့်ပေးရမယ်။
မိဘတွေကို အကြံပေးစကား
ခေတ်ကြီးကလည်း ပိုပြီးတိုး တက်လာပြီ။ မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေရဲ့ ဖြစ်ချင်တာတွေကို ပံ့ပိုးပေးတာ အကောင်းဆုံး ပါပဲ။

ကျော်မျိုးနိုင်

အေးချမ်းမွန်မှ  8 DAYS တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia


လူတိုင်းလူတိုင်းမှာ ဆယ်ကျော် သက်ဘဝက ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးတွေ၊ မျှော်လင့် ချက်တွေ ရှိခဲ့ကြမယ် ထင်ပါတယ်။ တချို့လည်း ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူးအတိုင်း ဖြစ်ခဲ့တာရှိသလို၊ တချို့လည်း စိတ်ကူးနဲ့ ထပ်တူမကျတဲ့ လက်တွေ့ဘဝကို ရောက်နေကြရတာ တွေရှိပါတယ်။ ဆယ်ကျော်သက် အရွယ်တုန်းက ဖြစ်ချင်ခဲ့တာဘယ်လို.. ဆိုပြီး ပရိသတ် စိတ်ဝင်စားမယ့် အနုပညာရှင်များရဲ့ ဆယ်ကျော် သက်ဘဝက စိတ်ကူးတွေ အကြောင်းကို တင်ဆက် ပေးလိုက်ပါတယ်။
ဆယ်ကျော်သက် အရွယ်က ဖြစ်ချင်ခဲ့တာက
 
ကျွန်တော် ဆယ်ကျော်သက် အရွယ်ကဖြစ်ချင်ခဲ့တာက သားသုံး သားပေါ့။ မင်းသားဖြစ်ရင်ဖြစ် မဖြစ်ရင် သင်္ဘောသား၊ သင်္ဘောသားဆိုရင် နိုင်ငံတကာ သွားလို့ရ မယ်ဆိုပြီး ဖြစ်ချင်ခဲ့တာ။ နောက်တစ် ခုက ထုံးစံအတိုင်း ယောကျာ်းလေး ဆိုတော့ စစ်သား ဖြစ်ချင်ခဲ့တာ။ အဲဒီ သုံးခုထဲမှာ အခု မင်းသားဖြစ်လာ တယ်ပေါ့။
အနုပညာကို လုပ်ဖြစ်သွားတာက
 
ကျွန်တော် ဒီအနုပညာ အလုပ်ကိုလုပ်ချင်လို့ သေချာလေ့လာပြင် ဆင်ခဲ့တယ်။ အနုပညာ လောကထဲကို ဟိုးအောက်ခြေကစပြီး ဝင်လာခဲ့တာ၊ မီးထိုး၊ မှန်ထိုး ၊ မှတ်တမ်းကြည့် အဲဒါတွေ အကုန်လုပ်ခဲ့တာ။
ဖြစ်ချင်တာတွေ များတဲ့အချိန်မှာ ဖြစ်သင့်တာနဲ့ဖြစ်ချင်တာ ဘယ်လိုရွေးချယ် သင့်တယ်လို့ထင်မိလဲ
ဖြစ်ချင်တာ၊ ဖြစ်သင့်တာဆို တာထက် ကျွန်တော်ပြောချင်တာ ကိုယ့်ကိုယ်ကိုယ် မြင်ဖို့လိုပါတယ်။ ကိုယ်တကယ်ဖြစ်ချင်တာ ဘာလဲ ဆိုတာ သိဖို့လိုတယ်။ 
ကိုယ်က ဟိုဟာဖြစ်ချင်သလို၊ ဒီဟာဖြစ်ချင်သလိုနဲ့ ချမ်းသာချင်တယ် ဆိုရင်လည်း နည်းမျိုးစုံရှိတာပေါ့။ နာ
မည်ကြီးချင် တယ်ဆိုရင်လည်း နာမည်ကြီးအောင် လုပ်ဖို့နည်းလမ်းပေါင်းစုံရှိ တာပဲ။ ကိုယ်က ဒါရိုက်တာ
ဖစ်ချင် တာလား၊ သရုပ်ဆောင်ဖြစ်ချင်တာလား၊ဆရာဝန်ဖြစ်ချင်တာလား၊ဆရာဝန်ဖြစ်ချင်တာဘာ ကြောင့်
လဲ၊ လူအများရဲ့ အသက်ကို ကယ်ချင်လို့လား။ ပိုက်ဆံလိုချင်လို့ လားဆိုတာကို ကိုယ့်ကိုယ်ကိုယ် အရင်မေးဖို
့လိုပါတယ်။ အဲဒီအခါ ကိုယ့်ရဲ့ ဝါသနာ၊ ဖြစ်ချင်တာ၊ လုပ်ချင်တာ ရှင်းရှင်းကြီးပေါ်လာ တတ်ပါတယ်။

သားသမီးတွေကို ထိန်းချုပ်ခဲ့ဖူးလား
 
ကျွန်တော်က သားသမီးတွေကို ထိန်းချုပ်တာမျိုးမလုပ်ဘူး။ သူတို့ဖြစ်ချင်တာကိုပဲ ပံ့ပိုးပေးခဲ့တာ ပါ။ ဘာဖြစ်
လို့လဲဆိုတော့ ကျွန် တော့်သားက ကျွန်တော်မှမဟုတ် တာ။ကျွန်တော်ဖြစ်ချင်တာကိုလိုက်ဖြစ်ရအောင်  ခေါ်
လို့မရဘူး။ သူဖြစ်ချင်တာ သူလုပ်မှာပေါ့။ ကျွန်တော်လည်း ငယ်ဘဝတုန်းက မိဘတွေကို ပြောတာမှမဟုတ်
တာ။ ကိုယ်ဖြစ်ချင်တာကိုလုပ်ခဲ့တာ။ မိဘတွေကလည်း တတ်နိုင်သမျှ သားသမီးတွေဖြစ်ချင်တာကို လွတ်
လပ်စွာ လုပ်ခွင့်ပေးရမယ်။

မိဘတွေကို အကြံပေးစကား
 
ခေတ်ကြီးကလည်း ပိုပြီးတိုး တက်လာပြီ။မိဘတွေအနေနဲ့ကိုယ့်သားသမီးတွေရဲ့ ဖြစ်ချင်တာတွေကိုပံ့ပိုးပေး
တာ အကောင်းဆုံး ပါပဲ။

ကျော်မျိုးနိုင်
8 DAYS

0 comments:

Post a Comment