ဟင်္သာတ၊ ဇန်န၀ါရီ ၂၇။
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ကျောင်းစုတိုက်နယ်
ကန်းစွန်းခင်းကျေးရွာအုပ်စု ကွင်းကောက်ရွာ(ဆင်ဖြူတော်) “သိန်းတန်မြ”
ဆန်စက်တွင် ၂၁-၁-၂၀၁၃ နေ့က အသက်မပြည့်သေးသော မိန်းကလေးငယ်အား
အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
ဦးစိုးသိန်း+ဒေါ်သောင်းကြည် တို့ပိုင်ဆိုင်သော “သိန်းတန်မြ” ဆန်စက်၏ မေဆရာ
ဦးငြိမ်းငြိမ်း မှ ဆန်နမူနာယူသော စတီးကလောင်ကို ကိုင်၍ အသက် (၁၆)နှစ်
(၁၀)လရှိ ဆန်ထမ်းအလုပ်သမ မ……… ကို ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ရန်
ကြံစည်ခဲ့ခြင်းဖြစ်သည်။
ဖြစ်ပွားပုံမှာ ဆန်စက်လည်နေသောအချိန် မိန်းကလေးမှ ဆန်အိတ်ကို
စက်အပြင်ဘက်ရှိ ပိုင်ပုံသို့ သွားရောက် ပို့စဉ် စပါးအိတ်များ၊
ဆန်အိတ်များကြားတွင် ကြံစည်ခဲ့ခြင်း ဖြစ်သည်။ ညပိုင်းဆင်းရသော
အလုပ်သမားအဖွဲ့ဖြစ်၍ အချိန်မတော် သန်းခေါင်ယံအချိန်
အော်ဟစ်ရုန်းကန်ခဲ့သော်လည်း လိုက်လံဖမ်းဆီးဆွဲခေါ်ကာ ကားဂွန်ဒေါင်းအောက်သို့
ဒုတိယအကြိမ် ဆွဲသွင်းပြီး အ၀တ်အစားများကို ဆွဲဆုပ်ချွတ်နေစဉ် စက်ထဲမှ
အလုပ်သမတစ်ဦးက ကြာမြင့်သဖြင့် လိုက်လာသောကြောင့်သာ အထမမြောက်ပဲ
အရှက်တကွဲအကျိုးနည်း ဖြစ်ခဲ့ရပါသည်။
မိုးလင်း၍
အလုပ်ပြီးချိန် ဆန်စက်ပိုင်ရှင် ဒေါ်သောင်းကြည်အား တိုင်ကြားသော်လည်း
မည်သူ့ကိုမှ မပြောပါ၊ သူ့ဝမ်းထဲ၌သာ ထားမည် ဟု ပြောဆိုပါသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကို သွားရောက်တိုင်ကြားသော်လည်း
နှစ်ဘက်ခေါ်စစ်မည် ပြောပြီး (၅)ရက်ခန့်ကြာသည်အထိ ညှိပေးမည် ဟု
ပြောသောကြောင့် (၂၄-၁-၂၀၁၃)နေ့တွင် ကျောင်းစုတိုက်နယ် ရဲစခန်းသို့
သွားရောက် အမှုဖွင့်ခဲ့ကြောင်း သိရပါသည်။
ပထမသတင်းပေးတိုင်တန်းချက်အရစခန်းမှ
ဒုရဲအုပ်တစ်ဦး နှင့် တပ်ဖွဲ့ဝင်များသွားရောက် ဖမ်းဆီးခြင်း၊
အခင်းဖြစ်နေရာအား မှတ်တမ်းတင် ဓါတ်ပုံရိုက်ခြင်းပြုရာ
ဆန်စက်ပိုင်ရှင်များမှ ယခုအမှုအတွက် ဆန်စက်နာမည်ပျက်သည်၊ သိက္ခာကျသည် ဟု
ပြောပြီး ဓါတ်ပုံများဖျက်ပေးရန် ပြောသဖြင့် တာဝန်ကျရဲဝန်ထမ်းများက
ဖျက်ပေးခဲ့ရကြောင်း စခန်းမှူး မှ ကိုမျိုးမျိုးလင်း(လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများ ကွန်ရက်) ကို ပြောဆိုပါသည်။
အဆိုပါ အမှုအား ပထမသတင်းပေးတိုင်ချက်အမှတ် (၄/၂၀၁၃)၊ ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ (၃၇၆ /၅၁၁)ဖြင့် ကျောင်းစုစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း
သိရှိရပါသည်။
အဆိုပါ အမှုအား ပထမသတင်းပေးတိုင်ချက်အမှတ် (၄/၂၀၁၃)၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၇၆
0 comments:
Post a Comment