Pages

Sunday, January 6, 2013

PCO အချို့တွင် သတ်မှတ်နှုန်းထားနှင့် လက်တွေ့ကောက်ခံသော နှုန်းထား ကွာခြားမှုရှိနေ


PCO အချို့တွင် သတ်မှတ်နှုန်းထားနှင့် လက်တွေ့ကောက်ခံသော နှုန်းထား ကွာခြားမှုရှိနေ 

Sunday, 06 January 2013 11:42

အများပြည်သူသုံး တယ်လီဖုန်း ၀န်ဆောင်မှု စင်တာဖြစ်သော PCO အချို့တွင် တရားဝင် သတ်မှတ်ထားသော နှုန်းထားနှင့် လက်တွေ့ကောက်ခံ နေသော နှုန်းထားမှာ ကွာဟမှု ရှိနေသောကြောင့် သုံးစွဲသူအချို့ စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း စုံစမ်းသိရှိရသည်။

PCO များတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တရားဝင် သတ်မှတ်ထားသော နှုန်းထားမှာ မြို့တွင်း ခေါ်ဆိုခအတွက် တစ်မိနစ်လျှင် ၁၅ ကျပ်နှင့် ၀န်ဆောင်ခမှာ ၂ မိနစ်လျှင် ၅ ကျပ်၊ နယ်ဝေးခေါ်ဆိုခအတွက် တစ်မိနစ်လျှင်၂၅ ကျပ်နှင့် ၀န်ဆောင်ခမှာ ၃ မိနစ်လျှင် ၅ ကျပ်ဖြစ်ကြောင်း သိရသည်။

“PCO တွေအတွက် ယူရမယ့် နှုန်းထားတွေကို သတ်မှတ်ပေးပြီးသား ဖြစ်ပါတယ်။ သတ်မှတ်နှုန်း ထားထက် ပိုယူတဲ့အတွက် အရေးယူ တာတွေလည်း ရှိခဲ့ပါတယ်။ အရင်တုန်းကတော့ ပိုက်ဆံအကြွေကိစ္စ အတွက်လည်း ဆက်သွယ်ရေးအနေနဲ့ စီစဉ်ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ မစီစဉ်ပေး ဖြစ်တော့ပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

“ပုံမှန်ကတော့ မြို့တွင်းခေါ်ဆိုခကို တစ်မိနစ်ကျပ် ၃၀ ယူပြီးတော့ နယ်ဝေးခေါ်ဆိုခကို တစ်မိနစ်ကျပ် ၅၀ ယူပါတယ်။ တချို့လည်း တစ်မိနစ်ကို ကျပ် ၇၀၊ ကျပ် ၁၀၀ ယူကြတာတွေ ရှိနိုင်ပါတယ်။ ကျွန်မတို့က နေ့စားဝန်ထမ်း အနေနဲ့ လုပ်ရတာ ဖြစ်ပါတယ်။ တစ်လကို တစ်ခါ နေရာပြောင်းရပါတယ်။ အရင်ကနဲ့ ယှဉ်ရင်တော့ အခုနောက်ပိုင်းမှာ ဖုန်းလာဆက်တဲ့သူ နည်းသွားပါတယ်” ဟု PCO ၀န်ထမ်းတစ်ဦးက ပြောပြခဲ့သည်။

“PCO မှာ ဖုန်းပြောတာ တစ်မိနစ်ကိုကျပ် ၇၀ ပေးလိုက်ရတယ်။ အပြင်ဖုန်းဆိုင်တွေမှာတော့ ဒီနှုန်းထားနဲ့ ယူနေတာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် အများပြည်သူသုံး PCO အနေနဲ့ သတ်မှတ်ပေးထားတဲ့ နှုန်းထားရှိပြီးတော့ ပိုယူတာမျိုးက မဖြစ်သင့်ပါဘူး။ ကိုယ့်ဖုန်းနဲ့ကိုယ် ဆက်တာတောင် တစ်မိနစ်ကျပ် ၅၀ ဆို တာက တော်တော် များနေပါပြီ။ ကြိုးဖုန်းတွေက တစ်မိနစ်ကို ကျပ် ၁၅၊ ကျပ် ၂၅ ပဲရှိတာကို ဒီလိုမျိုး နှုန်းထားနဲ့ မယူသင့်ပါဘူး။ အပြင်ဖုန်းတွေကတော့ မူရင်းဈေးကိုက တစ်မိနစ် ကျပ် ၅၀ ရှိနေတော့ ကျပ် ၇၀ ယူတာမျိုးက ဖြစ်နိုင်ပါသေးတယ်။ PCO ၀န်ထမ်းတွေကိုလည်း အဆင်ပြေအောင် စီစဉ်ပေးထားသင့်တယ်” ဟု PCO တွင် ဖုန်းဆက်ခဲ့သူ တစ်ဦးက ကြုံတွေ့ရပုံကို ပြောပြခဲ့သည်။
 
တာမွေမြို့နယ်အတွင်းရှိ အများပြည်သူသုံး PCO တစ်ခုကို တွေ့ရစဉ်

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
တာမွေမြို့နယ်အတွင်းရှိ အများပြည်သူသုံး PCO တစ်ခုကို တွေ့ရစဉ်
အများပြည်သူသုံး တယ်လီဖုန်း ၀န်ဆောင်မှု စင်တာဖြစ်သော PCO အချို့တွင်တရားဝင်သတ်မှတ်ထားသော
နှုန်းထားနှင့် လက်တွေ့ကောက်ခံ နေသော နှုန်းထားမှာ ကွာဟမှု ရှိနေသောကြောင့် သုံးစွဲသူအချို့ စိတ်
အနှောင့်အယှက် ဖြစ်ရကြောင်း စုံစမ်းသိရှိရသည်။ PCO များတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တရားဝင်သတ်မှတ်ထားသော နှုန်းထားမှာ မြို့တွင်း ခေါ်ဆို
ခအတွက် တစ်မိနစ်လျှင် ၁၅ ကျပ်နှင့် ၀န်ဆောင်ခမှာ ၂ မိနစ်လျှင် ၅ ကျပ်၊ နယ်ဝေးခေါ်ဆိုခအတွက် တစ်
မိနစ်လျှင်၂၅ ကျပ်နှင့် ၀န်ဆောင်ခမှာ ၃ မိနစ်လျှင် ၅ ကျပ်ဖြစ်ကြောင်း သိရသည်။

“PCO တွေအတွက် ယူရမယ့် နှုန်းထားတွေကို သတ်မှတ်ပေးပြီးသား ဖြစ်ပါတယ်။ သတ်မှတ်နှုန်း ထားထက် ပိုယူတဲ့အတွက် အရေးယူ တာတွေလည်း ရှိခဲ့ပါတယ်။အရင်တုန်းကတော့ပိုက်ဆံအကြွေကိစ္စ အတွက်လည်း
 ဆက်သွယ်ရေးအနေနဲ့ စီစဉ်ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ မစီစဉ်ပေး ဖြစ်တော့ပါဘူး” ဟု မြန်မာ့ဆက်
သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

“ပုံမှန်ကတော့ မြို့တွင်းခေါ်ဆိုခကို တစ်မိနစ်ကျပ် ၃၀ ယူပြီးတော့ နယ်ဝေးခေါ်ဆိုခကို တစ်မိနစ်ကျပ် ၅၀ ယူပါတယ်။ တချို့လည်း တစ်မိနစ်ကို ကျပ် ၇၀၊ ကျပ် ၁၀၀ ယူကြတာတွေ ရှိနိုင်ပါတယ်။ကျွန်မတို့က
နေ့စား
ဝန်ထမ်း အနေနဲ့ လုပ်ရတာ ဖြစ်ပါတယ်။ တစ်လကို တစ်ခါ နေရာပြောင်းရပါတယ်။ အရင်ကနဲ့ ယှဉ်ရင်
တာ့ အခုနောက်ပိုင်းမှာဖုန်းလာဆက်တဲ့သူ နည်းသွားပါတယ်” ဟု PCO ၀န်ထမ်းတစ်ဦးက ပြောပြခဲ့သည်။

“PCO မှာ ဖုန်းပြောတာ တစ်မိနစ်ကိုကျပ် ၇၀ ပေးလိုက်ရတယ်။ အပြင်ဖုန်းဆိုင်တွေမှာတော့ ဒီနှုန်းထားနဲ့ ယူနေတာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့်အများပြည်သူသုံး PCO အနေနဲ့ သတ်မှတ်ပေးထားတဲ့ နှုန်း
ထားရှိပြီး
တာ့ ပိုယူတာမျိုးက မဖြစ်သင့်ပါဘူး။ ကိုယ့်ဖုန်းနဲ့ကိုယ် ဆက်တာတောင် တစ်မိနစ်ကျပ် ၅၀ ဆို တာက
 တော်တော် များနေပါပြီ။ ကြိုးဖုန်းတွေက တစ်မိနစ်ကို ကျပ် ၁၅၊ ကျပ် ၂၅ ပဲရှိတာကို ဒီလိုမျိုး နှုန်းထားနဲ့ မယူသင့်ပါဘူး။ အပြင်ဖုန်းတွေကတော့ မူရင်းဈေးကိုက တစ်မိနစ် ကျပ် ၅၀ ရှိနေတော့ ကျပ် ၇၀ ယူတာ
မျိုးက ဖြစ်နိုင်ပါသေးတယ်။ PCO ၀န်ထမ်းတွေကိုလည်း အဆင်ပြေအောင် စီစဉ်ပေးထားသင့်တယ်” ဟု PCO တွင် ဖုန်းဆက်ခဲ့သူ တစ်ဦးက ကြုံတွေ့ရပုံကို ပြောပြခဲ့သည်။

 
Eleven Media Group

0 comments:

Post a Comment