Pages

Sunday, January 6, 2013

ရတနာပုံ တယ်လီပို့ ကုမ္ပဏီ ဥက္ကဋ္ဌသစ် ရွေးချယ်

ရတနာပုံ တယ်လီပို့ ကုမ္ပဏီ၏ဥက္ကဋ္ဌ သစ်ရွေးချယ်ရာတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်မော်ကို ရွေးချယ်ခဲ့ကြောင်း ဆက်သွယ်ရေး၊ သတင်း အချက်အလက် နှင့် နည်းပညာ ဝန်ကြီးဌာန ဝက်ဘ်ဆိုက် တွင် ယနေ့ သတင်းထုတ်ပြန် သည်။
ရတနာပုံ တယ်လီပို့ ကုမ္ပဏီကို မကြာခင်တွင် အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲ ဖွဲ့စည်းတော့ မည် ဖြစ်သောကြောင့် ပြည်ထောင်စု ဝန်ကြီး၏ ညွှန်ကြားချက်ဖြင့် မူဝါဒပိုင်း ဆိုင်ရာ များတွင် အပြောင်း အလဲများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း အဆိုပါ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းအပြင် ဒုဥက္ကဋ္ဌ အဖြစ် အေဝမ်းဆောက်လုပ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးရန်ဝင်းကို ရွေးချယ် ခဲ့ကြောင်း လည်း ဖော်ပြထားသည်။

အဆိုပါ ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဆက်သွယ်ရေး ဝန်ကြီး၊ ဒု ဥက္ကဋ္ဌ ဖြစ်သူ ဆက်သွယ်ရေး ဒု - ဝန်ကြီး၊ ဒါရိုက်တာ အဖွဲ့ဝင် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး သုံးဦး တို့သည် လက်ရှိ တာဝန်ယူထားသော ရာထူးများတွင် ဆက်လက် ဆောင်ရွက် လုပ်ကိုင်တော့မည် မဟုတ်ကြောင်း သတင်း ထုတ်ပြန်သည်။


The Voice Weekly

0 comments:

Post a Comment