Pages

Sunday, January 6, 2013

မြင်းမူမြို့ မြို့ရှောင်လမ်း ရေကျော်တွင် ယာဉ်တစ်စီးတိမ်းမှောက်

မြင်းမူမြို့ မြို့ရှောင်လမ်း ရေကျော်တွင် ယာဉ်တစ်စီးတိမ်းမှောက်
...............................................................................
မြင်းမူ ဇန်နဝါရီ ၅
ယမန်နေ့ နံနက် ၄ နာရီခွဲက မြင်းမူမြို့ မြို့ရှောင်လမ်း ရေကျော်တွင် ယာဉ်တစ်စီး တိမ်းမှောက်ကြောင်း သတင်းအရ
ယာဉ်ထိန်း ရဲတပ်ကြပ်ကြီးနှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ နံနက် ၃ နာရီ ၄၅ မိနစ်ခန့်က မြင်းမူမြို့ မြို့ရှောင်လမ်း ရေကျော် အနောက်ဘက် ကားလမ်း  မိုင်တိုင် အမှတ် (ဝ/၅) နှင့် (ဝ/၇) အကြားတွင် မန္တလေးဘက်မှ မောင်အောင်လျှံသော်  ၂၂ နှစ် (ဘ) ဦးမျိုးအောင် (ယာဉ်မောင်း) ၅၈ လမ်း အောင်ဆန်းလမ်းနှင့် မနော်ဟရီ လမ်းကြား ချမ်းမြသာစည် မြို့နယ် မန္တလေးမြို့ နေသူ မောင်းနှင်သည့်  နီဆန်းယူရီ အပြာရောင် ဆယ်ဘီး ယာဉ်အမှတ် ၂ဂ/----- သည် အခင်းဖြစ်နေရာ အရောက်တွင်  ဘရိတ်ပေါက်ပြီး လမ်းဘယ်ဘက် ဆွဲဆင်းသွားကာ တိမ်းမှောက်ခဲ့ကြောင်း ယာဉ်ပေါ်ပါ  ဦးဇော်မင်း ၂၉ နှစ်  (ဘ) ဦးသိန်းဝင်း (ကျပန်း) ထောက်ကြံ့ကွင်းရွာ သာပေါင်းမြို့နယ် ဧရာဝတီတိုင်း ဒေသကြီးမှာ ညာနံဘေး ရောင်ကိုင်း ပွန်းပဲ့ ဒဏ်ရာဖြင့်  သေဆုံး သွားခဲ့ကြောင်း သိရသည်။ ထို့အတူ အောင်ကျော်မင်း ၁၉ နှစ် (ဘ) ဦးစိန်ထွန်း (ယာဉ်နောက် လိုက်) မြို့ကြီးရွာ ဦးထောင် ကျေးရွာအုပ်စု တောင်ငူမြို့နယ် နေသူမှာ ခေါင်းနောက် စေ့ပေါက် (မစိုးရိမ်ရ)၊ သန်းထွန်းအောင် ၃၇ နှစ် (ဘ) ဦးစိန်သန်း တောင်သူ ထောက်ကြံ့ကွင်းရွာ သာပေါင်းမြို့နယ် နေသူမှာ ဒဏ်ရာရရှိပြီး  ချစ်ဖြိုးဟိန်း ၁၈ နှစ် (ဘ) ဦးအောင်မောင်း  (ယာဉ်နောက်လိုက်)  ပုဇွန်မြောင် စံပြရွာ  ညောင်လေးပင် မြို့နယ် နေသူမှာ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း စစ်ဆေးတွေ့ ရှိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍  ယာဉ်မောင်း မောင်အောင်လျှံသော်အား မြင်းမူ ရဲစခန်းမှ (ပ)၄/၂ဝ၁၃  ပြစ်မှု  ပုဒ်မ ၃ဝ၄-က၊ ၃၃၇ အရ အမှုဖွင့်ထားကြောင်း သိရသည်။http://www.myawady.net.mm

ယမန်နေ့ နံနက် ၄နာရီခွဲက မြင်းမူမြို့ မြို့ရှောင်လမ်း ရေကျော်တွင်ယာဉ်တစ်စီးတိမ်းမှောက်ကြောင်းသတင်း
အရယာဉ်ထိန်း ရဲတပ်ကြပ်ကြီးနှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ နံနက် ၃ နာရီ ၄၅မိနစ်ခန့်
က မြင်းမူမြို့ မြို့ရှောင်လမ်း ရေကျော် အနောက်ဘက်ကားလမ်းမိုင်တိုင်အမှတ် (ဝ/၅) နှင့် (ဝ/၇)အကြားတွင်
မန္တလေးဘက်မှ မောင်အောင်လျှံသော်၂၂ နှစ်(ဘ)ဦးမျိုးအောင်(ယာဉ်မောင်း)၅၈ လမ်း အောင်ဆန်းလမ်း
နှင့်မနော်ဟရီလမ်းကြားချမ်းမြသာစည် မြို့နယ် မန္တလေးမြို့ နေသူ မောင်းနှင်သည့်နီဆန်းယူရီအပြာရောင်
ဆယ်ဘီး ယာဉ်အမှတ် ၂ဂ/----- သည် အခင်းဖြစ်နေရာ အရောက်တွင် ဘရိတ်ပေါက်ပြီး လမ်းဘယ်ဘက် ဆွဲဆင်းသွားကာ တိမ်းမှောက်ခဲ့ကြောင်း ယာဉ်ပေါ်ပါ ဦးဇော်မင်း ၂၉ နှစ်(ဘ)ဦးသိန်းဝင်း(ကျပန်း) ထောက်
ကြံ့ကွင်းရွာ သာပေါင်းမြို့နယ် ဧရာဝတီတိုင်း ဒေသကြီးမှာညာနံဘေး ရောင်ကိုင်းပွန်းပဲ့ ဒဏ်ရာဖြင့် သေဆုံး 
သွားခဲ့ကြောင်း သိရသည်။ 
 
ထို့အတူ အောင်ကျော်မင်း ၁၉ နှစ် (ဘ) ဦးစိန်ထွန်း (ယာဉ်နောက် လိုက်) မြို့ကြီးရွာ ဦးထောင် ကျေးရွာအုပ်
စု တောင်ငူမြို့နယ် နေသူမှာ ခေါင်းနောက် စေ့ပေါက်(မစိုးရိမ်ရ)၊သန်းထွန်းအောင်၃၇ နှစ် (ဘ) ဦးစိန်သန်း
တောင်သူ ထောက်ကြံ့ကွင်းရွာသာပေါင်းမြို့နယ် နေသူမှာဒဏ်ရာရရှိပြီး ချစ်ဖြိုးဟိန်း ၁၈ နှစ် (ဘ) ဦးအောင်
မောင်း (ယာဉ်နောက်လိုက်) ပုဇွန်မြောင် စံပြရွာ ညောင်လေးပင် မြို့နယ် နေသူမှာ ထိခိုက် ဒဏ်ရာရရှိမှု မရှိ
ကြောင်း စစ်ဆေးတွေ့ ရှိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ယာဉ်မောင်း မောင်အောင်လျှံသော်အား မြင်းမူရဲစခန်းမှ(ပ)၄/၂ဝ၁၃ ပြစ်မှုပုဒ်မ 
၃ဝ၄-က၊ ၃၃၇ အရ အမှုဖွင့်ထားကြောင်း သိရသည်။
 
မြ၀တီ

0 comments:

Post a Comment